NEWS

အွန်လိုင်း​ဘဏ်အကောင့်တွေ အကြောင်းမဲ့အပိတ်ခံနေရတာကြောင့် လုပ်ငန်းအတွက် အသုံးပြုသူတစ်ချို့ စိုးရိမ်​နေရ

CoverLogo
736 Views

အွန်လိုင်းငွေပေးချေမှု အတွက် အသုံးများတဲ့ ငွေကြေးဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ k pay  အကောင့်တွေကို ကမ္ဘောဇဘဏ်လီမိတက်က အကြောင်းမဲ့ ပိတ်တာတွေ လုပ်ဆောင်နေတာကြောင့်  မဖြစ်မနေ အသုံးပြုရသူတွေမှာ စိုးရိမ်မှုတွေ ရှိနေတယ်လို့ တစ်နိုင်တစ်ပိုင် လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

လက်ရှိမှာ လူမှုကွန်ရက် စာမျက်နှာထက်မှာ ကမ္ဘောဇဘဏ်လီမိတက်က အကြောင်းမဲ့ အ​ကောင့်ပိတ်တာတွေကြောင့် ရေဘေးအတွက် အလှူငွေလက်ခံနေတဲ့ k pay အကောင့်သုံးစွဲသူတွေ အခက်အခဲတွေ ဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

“အမက တစ်ခါလွှဲရင် ဆယ်ဂဏန်းလောက်တော့ k pay သုံးပြီး ငွေလွှဲတာ၊ ထုတ်တာတွေ လုပ်ရတယ်။ အမသုံးတဲ့ ပမာဏာက နည်းတယ်ဆိုပေမယ့် အကောင့်အပိတ်ခံရတာတွေ ကြားရတော့ စိတ်ပူတယ်။  အခုက k pay အကောင့်တွေအပိတ်ခံရတာက အရမ်းကို လက်လွတ်စပယ် နိုင်လွန်းတယ်လို့ ခံစားရတယ်။ အမတို့လို လုပ်ငန်းအသေးစားလေးတွေဆို သူယာယီပတ်တဲ့ကာလမှာတင် ငွေမလည်ဘဲ အရင်းပြုတ်မှာပေါ့။ ဒီကာလမှာ ရှိတာလေးတောင် မလျှော့သွားဖို့ အတင်းရုန်းကန်နေရတာလေ ငါ့အကောင့်များဖြစ်သွားရင်လို့ တွေးပြီး ဆက်သုံးဖို့ကို စိတ်ပူလာတယ်”လို့  တစ်နိုင်တစ်ပိုင် လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

ပြည်တွင်းမှာ အာဏာသိမ်းပြီး နောက်ပိုင်းမှာ ကမ္ဘောဇဘဏ်လီမိတက်ဟာ အသုံးပြုသူတွေရဲ့ အကောင့်တွေကို ငွေကြေးခဝါချမှု လုပ်ဆောင်တယ်ဆိုပြီး အကြောင်းမဲ့ ပိတ်ပစ်တာ၊ ငွေကြေး သုံးစွဲမှု မလုပ်ဘဲ ဖြတ်တောက်တာ၊ တော်လှန်ရေးအတွက်ငွေကြေး အထောက်အပံ့ပေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အကောင့်ပိတ်တာ စတာတွေကို ဆိုးဆိုးရွားရွား လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

အဲ့ဒီလို account freeze လုပ်တာ​တွေ​ကြောင့် စင်တာကိုပြန်လည်ဆက်သွယ်ပြီး ၂ လခန့်အကြာမှာ  ​ငွေသားနည်းပါးသူ​အချို့ ပြန်လည်ရရှိ​တာမျိုး​တွေရှိ​ပေမယ့် ​ငွေသားပမာဏများပြားလှတဲ့ သူ​တွေပြန်လည်းရတာမျိုး မရှိဘဲ တဖတ်သတ် ပိတ်ဆို့သွားတာ​​တွေ ဖြစ်​ပေါ်​နေတာလို့ အသုံးပြုသူ​တွေက​ပြောပါတယ်။

“အမတို့ကတော့ အကောင့်ပိတ်တာတွေ၊ အကောင့်ထဲက ငွေအလွယ်ထုတ်မရတာတွေ၊ ပုံမှန်အခြေ အနေ မဟုတ်ဘူး။ သတင်းတွေ ထွက်လာရင် ကုမ္ပဏီက တိုက်ရိုက်ငွေလာကောက်တယ်။ ပုံမှန်ဆိုရင်တော့ k pay သုံးပြီး ငွေလွှဲရတယ်။ ဒါပေမယ့် ဒီလိုခဏခဏ ဖြစ်နေရင်တော့ သိပ်အဆင်ပြေမယ် မထင်ဘူး”လို့ အ​​သေးစား စီးပွား​ရေး လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

ပြည်တွင်းမှာ နေထိုင်သူအများစုဟာ ကမ္ဘောဇဘဏ်ကို အသုံးပြုမှုများတာဖြစ်ပြီး ဘဏ်ဝန်ထမ်းကလည်း k pay ကို လူတိုင်းတွင်တွင် ကျယ်ကျယ်သုံးစွဲဖို့ လူစည်ကားရာ နေရာတိုင်းမှာ မားကတ်တင်း ဆင်းနေကြပါတယ်။ လက်ရှိမှာတော့ k pay ဟာ အ​​ကောင့်​တွေပိတ်ပြီး တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့အတွက် သုံးစွဲသူ  ပြည်သူတွေကြားမှာ ဝေဖန်အခံရဆုံး ပုဂ္ဂလိက ငွေကြေးဝန်ဆောင်မှုတစ်ခု ဖြစ်နေပါတယ်။

KBZ ကိုယ်တိုင်က​တော့ မသမာသူတို့ရဲ့အွန်လိုင်းငွေကြေးလိမ်လည်တာ​တွေကို  ရှောင်ရှားနိုင်ဖို့ "Debit/Credit ကတ် နံပါတ်၊ လျှို့ဝှက် PIN နံပါတ် နှင့်၊ နှင့် ကျောဘက်ရှိ CVC ကုတ်နံပါတ်များကိုမည်သူ့ကိုမျှ အသိမပေးပါနဲ့ ကမ္ဘောဇဘဏ်ဝန်ထမ်းတွေက Customer များရဲ့  mBanking Username, password နှင့် လျှို့ဝှက် PIN နံပါတ်များကို မည်သည့်အကြောင်းရင်းနဲ့မှ မတောင်းဆိုပါ" လို့ ​ပြောထားပါတယ်။ 

 


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026