NEWS

အော်ဒါမရတဲ့အကြောင်းပြချက်နဲ့ အလုပ်သမား ၂၀၀ ကျော် ဥပဒေမဲ့အလုပ်ထုတ်ခံရ၊ ကျန်အလုပ်သမားများကိုလည်း သဘောဆန္ဒမပါဘဲ လုပ်သက်ခွင့်ယူခိုင်းဟုဆို

CoverLogo
1.7K Views

လုပ်ငန်းခွင်အတွင်းမှာ အော်ဒါမရလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ အလုပ်သမား ၂၀၀ ကျော်ကို ​လျော်ကြေးတစုံတရာမပေးချေဘဲ ဥပဒေမဲ့အလုပ်ထုတ်ခဲ့ပြီးနောက် ကျန်ရှိအလုပ်သမားတွေကိုလည်း မေးမြန်းတာမျိုးမရှိဘဲ လုပ်သက်ခွင့်ဆိုကာ စက်ရုံ ၄ ရက်ပိတ်ခဲ့ပြီး ရက်စားပြန်ဆင်းခိုင်းတာတွေရှိနေတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။


မကွေးတိုင်း‌ဒေသကြီး ပခုက္ကူမြို့နယ် ပန်တိုင်းခြုံကျေးရွားအနီးဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် Myanmar Efforts Garment အထည်ချုပ်စက်ရုံမှာ  hunkemoller, mister.lady စတဲ့ အမှတ်တံဆိပ်တွေချုပ်လုပ်တာဖြစ်ပြီး အလုပ်သမား ၁၀၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ကာ အထက်ပါ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ကိုးလပိုင်း ၁၄ ရက်နေ့က စူပါတွေကိုမီတင်ခေါ်ပြီး တော့ အလုပ်သမားတွေကို ပြောတယ်။ အော်ဒါ မရှိလို့ အလုပ် ၄ ရက်ပိတ်မယ် တစ်ရက်က ပုံမှန် တနင်္ဂနွေနေ့  ကျန်သုံးရက်က အလုပ်သမား ခံစားခွင့်ရှိသော  လုပ်သက်ခွင့် ရက်ထဲက  ပိတ်မယ်ဆိုပြီးပြောတယ် ပြီးတော့ ကိုးလပိုင်း ၃ ရက်နေ့က စနေ၊ တနင်္ဂနွေ ပိတ်ပေးတယ် ပြီးရင် ကိုးလပိုင်း ၁၀ ရက် စနေတနင်္ဂနွေ ပိတ်ခဲ့တဲ့ ရက်တွေအတွက် စနေနေ့ အစားပြန်ဆင်းပေးရမယ်ဆိုပြီး လုပ်တယ်” လို့ အလုပ်သမားတစ်ဦးကပြောပါတယ်။

ဆက်လက်ပြီးတော့လည်း စက်တင်ဘာ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့ထိ လုပ်သက်ခွင့်ဆိုကာ စက်ရုံပိတ်ခဲ့ပြီး ရက်စားပြန်ဆင်းခိုင်းတာတွေ နဲ့ နောက်ထပ် အော်ဒါမရပါက လည်း ထပ်ပိတ်အုံးမယ်လို့ အလုပ်သမားတွေကို အသိပေးထားတယ်လို့ ဆိုပါတယ်။

“နောက်ထပ်လည်း အော်ဒါမရရင် ထပ်ပိတ်အုံးမယ် လုပ်သက်ခွင့်တွေထဲထည့်မယ်ဆိုတော့ အလုပ်သမားတွေနစ်နာတာပေါ့ ရှင် အော်ဒါမရတာက အလုပ်ရှင်ရဲ့ ကိစ္စ အလုပ်ရှင်ရဲ့ လိုအပ်ချက်လေ အော်ဒါမရလို့ အလုပ်ပိတ်မယ်ဆိုလည်း အလုပ်သမားကို ညှိနှိုင်းဆွေးနွေးလို့ရတယ် သဘောထားညှိယူပြီးပိတ်ရမှာလေ အခုကျတော့ ဘာသဘောတူညီမှုမှ မယူဘဲ အလုပ်သမားတွေရဲ့ လုပ်သက်ခွင့်ကို အလွဲသုံးစား လုပ်သလိုဖြစ်နေတယ် အလုပ်သမားတွေအတွက် နစ်နာတယ်”လို့ အဆိုပါ လုပ်ငန်းခွင်မှ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ၆ လပိုင်း ၅ ရက်နေ့က လစာ ထုပ်ပေးရန် KBZ ဘဏ်ကထုတ်လာတဲ့ ပိုက်ဆံ သိန်း ၂၅၀၀ လမ်းတွင် အလုခံရပြီး နောက်ပိုင်း အလုပ်သမား‌များကို အလှည့်ကျ အလုပ်ကနေ KBZ ဘဏ်ထိသွား‌ရောက်ပြီး လစာထုတ်ခိုင်းတာ အလုပ်သမားများ လစာဖျက်ခံရခြင်း၊ အန္တာရယ်များသည့် အတွက် ဆိုင်ကယ်နဲ့ သွားရခြင်း၊ ဆိုင်ကယ်ဆီခ နှင့် ပိုက်ဆံဖြတ်ခံရခြင်း၊ Kpay ရှိတဲ့သူများမှာလည်း ပိုက်ဆံ တစ်သိန်းကို တစ်ထောင်‌ ပေးထုပ်ရခြင်း အလုပ်သမားများက လစာထုတ်ချိန်တွင် အဆင်ပြေပြေမရှိဘဲ  အခက်ခဲ့များ တွေ့ကြုံ နေရတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်နေ့မှာ လုပ်သက် ၁ လကနေ ၁ နှစ်ကျော် အထိရှိအလုပ်သမား ၂၀၀ ကျော်ကိုအော်ဒါမရှိဘူးအကြောင်းပြချက်နဲ့ နစ်နာကြေးတစုံတရာပေးခြင်းမရှိတာကြောင့် ရသင့်တဲ့နစ်နာကြေးတွေရလိုတယ်လို့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကပြောဆိုပါတယ်။
လုပ်ငန်းခွင်အတွင်း အော်ဒါမရတဲ့ ကိစ္စနဲ့ စက်ရုံပိတ်တဲ့ ကိစ္စရပ်တွေမှာလည်း အလုပ်သမားများရဲ့ သဘောဆန္ဒကို ရယူပြီးမှ ဆေးနွေးညှိနှိုင်းရန်လိုလားနေတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

 

MyanmarLabourNews

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026