NEWS

အော်ဒါကြေး ပြောင်းလဲသတ်မှတ်မှုကြောင့် ၂ ရက်ကြာအလုပ်မဆင်းဘဲ ဆန္ဒပြခဲ့တဲ့ grab food rider များ လုပ်ငန်းခွင်ပြန်ဝင်မည်

CoverLogo
1.6K Views

အစားအသောက်ပို့ဆောင်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ grab မှာ အစားအသောက်ပို့ဆောင်ပေးနေတဲ့ rider တွေကို အော်ဒါကြေးပြောင်းလဲသတ်မှတ်လိုက်တာကြောင့် ဝင်ငွေကျဆင်းခဲ့လို့ လတ်တလောမှာတော့ အလုပ်မဆင်းဘဲ ဆန္ဒပြနေတဲ့ ၂ ရက်မြောက်နေ့မှာတော့ လက်လျှော့လိုက်ပြီလို့ ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ အလုပ်သမားတစ်ဦးကပြောပါတယ်။

"ဒီနေ့အလုပ်ဆင်းတဲ့ သူတွေ ပြန်ဆင်းကြတယ်ဗျာ စားဝတ်နေရေး အဆင်မပြေတဲ့လူများတာကိုး ကျန်သေးတဲ့သူတွေ ကျန်သေးပေမယ့် ရုံးဘက်က ငကန်းသွားရင် ငစွေ လာမယ့် အကွက်တွေ ခင်းဖို့လုပ်နေတာတော့ သိတယ်" လို့ grab rider တစ်ဦးက ပြောပါတယ်။

ပြောင်းလဲသတ်မှတ်လိုက်တဲ့ နှုန်းထားအရ အော်ဒါတစ်ကြောင်းပို့ဆောင်ခ အဖြစ် ပုံသေ 0km  မှ  1km အထိ ၆၀၀ ကျပ် ဖြစ်ပြီး  1 km  မှ  2km အတွင်း ၆၀၀ မှ ၉၀၀ ကျပ် ၊ 3 km  မှ  4km  အထိ ၁၂၀၀ ကျပ်မှ ၁၇၀၀ ကျပ်၊ အမြင့်ဆုံး 20 km နှင့်အထက် ကို ၇၆၀၀ ကျပ်သတ်မှတ်လိုက်တာကို မူလအတိုင်းပြန်ပေးဖို့ ဆန္ဒပြခဲ့ကြတာပါ။

အခု စားသုံးသူတွေက  FoodPanda   ကို  boycott လုပ်တော့ grab ကမှာကြတယ် အဲ့အတွက်ကြောင့် လူအသစ်တွေခေါ်ဖို့တောင်လုပ်နေပြီ လက်လျှော့လိုက်ပါတော့မယ်  ကျွန်တော်မဆင်းလဲ တခြားသူတွေဆင်းကြမှာ "လို့ grab rider တစ်ဦးက Myanmar Labour News ကိုပြောပါတယ်။

 


Related posts

Cover
Wan Xin Myanmar Company Limited ကိုယ်ဝန်ဆောင်အလုပ်သမားတွေကို အလုပ်ထုတ်
Aug 13, 2025
Cover
မီလားဂါးဒင်းဖိနပ်စက်ရုံမှာ လုပ်ခတိုးပေးရေးတောင်းဆိုမှုပြုလုပ်
Aug 13, 2025
Cover
လုပ်အားခေါင်းပုံဖြတ်ပြီး ဆဲဆိုခိုင်းစေခံနေရ
Aug 13, 2025
Cover
ယာဉ်မောင်းတွေ ပစ်ထားခဲ့တဲ့ မြန်မာ ၅၀ ကျော် အဖမ်းခံရ
Aug 12, 2025
Cover
Tianjin Fashion Milestone စက်ရုံမှူး အထည် ဆုကြေးမပေးဘဲ ခြိမ်းခြောက်ခိုင်းစေ
Aug 11, 2025
Cover
Myanmar S.Flamingo Garment ကြီးကြပ်ရေးမှူးများ ငွေကြေးတောင်းယူနေ
Aug 11, 2025
Cover
New Plus အထည်ချုပ် ဆုကြေး ခွဲခြားပေး
Aug 11, 2025
Cover
တရုတ်နိုင်ငံ Longchuan Depin Clothing အထည်ချုပ်စက်ရုံ အလုပ်ချိန် စော လုပ်ခိုင်းပြီး အချိန်ပိုခ မပေး
Aug 11, 2025