NEWS

အော်ဒါကြေး ပြောင်းလဲသတ်မှတ်မှုကြောင့် ၂ ရက်ကြာအလုပ်မဆင်းဘဲ ဆန္ဒပြခဲ့တဲ့ grab food rider များ လုပ်ငန်းခွင်ပြန်ဝင်မည်

CoverLogo
2.2K Views

အစားအသောက်ပို့ဆောင်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ grab မှာ အစားအသောက်ပို့ဆောင်ပေးနေတဲ့ rider တွေကို အော်ဒါကြေးပြောင်းလဲသတ်မှတ်လိုက်တာကြောင့် ဝင်ငွေကျဆင်းခဲ့လို့ လတ်တလောမှာတော့ အလုပ်မဆင်းဘဲ ဆန္ဒပြနေတဲ့ ၂ ရက်မြောက်နေ့မှာတော့ လက်လျှော့လိုက်ပြီလို့ ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ အလုပ်သမားတစ်ဦးကပြောပါတယ်။

"ဒီနေ့အလုပ်ဆင်းတဲ့ သူတွေ ပြန်ဆင်းကြတယ်ဗျာ စားဝတ်နေရေး အဆင်မပြေတဲ့လူများတာကိုး ကျန်သေးတဲ့သူတွေ ကျန်သေးပေမယ့် ရုံးဘက်က ငကန်းသွားရင် ငစွေ လာမယ့် အကွက်တွေ ခင်းဖို့လုပ်နေတာတော့ သိတယ်" လို့ grab rider တစ်ဦးက ပြောပါတယ်။

ပြောင်းလဲသတ်မှတ်လိုက်တဲ့ နှုန်းထားအရ အော်ဒါတစ်ကြောင်းပို့ဆောင်ခ အဖြစ် ပုံသေ 0km  မှ  1km အထိ ၆၀၀ ကျပ် ဖြစ်ပြီး  1 km  မှ  2km အတွင်း ၆၀၀ မှ ၉၀၀ ကျပ် ၊ 3 km  မှ  4km  အထိ ၁၂၀၀ ကျပ်မှ ၁၇၀၀ ကျပ်၊ အမြင့်ဆုံး 20 km နှင့်အထက် ကို ၇၆၀၀ ကျပ်သတ်မှတ်လိုက်တာကို မူလအတိုင်းပြန်ပေးဖို့ ဆန္ဒပြခဲ့ကြတာပါ။

အခု စားသုံးသူတွေက  FoodPanda   ကို  boycott လုပ်တော့ grab ကမှာကြတယ် အဲ့အတွက်ကြောင့် လူအသစ်တွေခေါ်ဖို့တောင်လုပ်နေပြီ လက်လျှော့လိုက်ပါတော့မယ်  ကျွန်တော်မဆင်းလဲ တခြားသူတွေဆင်းကြမှာ "လို့ grab rider တစ်ဦးက Myanmar Labour News ကိုပြောပါတယ်။

 


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026