NEWS

အော်ဒါကြေးပြောင်းလဲသတ်မှတ်လို့အခက်တွေ့နေတဲ့ ရန်ကုန် grab food rider တွေ အလုပ်မဆင်းဘဲ ဆန္ဒပြ

CoverLogo
3.4K Views

အစားအသောက်ပို့ဆောင်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ grab မှာ အစားအသောက်ပို့ဆောင်ပေးနေတဲ့ rider တွေကို အော်ဒါကြေးပြောင်းလဲသတ်မှတ်လိုက်တာကြောင့် ဝင်ငွေကျဆင်းခဲ့လို့ လတ်တလောမှာတော့ အလုပ်မဆင်းဘဲ ဆန္ဒပြနေတယ်လို့ အဆိုပါဝန်ထမ်းတစ်ဦးက ပြောပါတယ်။

 

"အရင်က အနိမ့်ဆုံး တစ်ကြောင်း ၈၀၀ ရပေမဲ့ အခုဟာက လုံးဝအဆင်မပြေတော့လို့ပါ။ ကျွန်တော် grab က တစ်နေ့ကို အများဆုံးပို့ရမှာ ၁၀ ကြောင်းလောက်ဘဲရှိတာအခုဟာက တစ်ရက်ဝင်ငွေ ၁သောင်းတောင် မပြည့်တော့ဘူး တစ်နေ့ လုံး နေပူထဲလုပ်ရတာတောင်၊ ကျွန်တော်တို့ အများ 3km လောက်ဘဲပို့ရတော့ တစ်ကြောင်းကို ၁၂၀၀ လောက်ဘဲရတော့တယ်။3 km ကျော်ရင်လည်း km ကခိုးသေးတယ် ပိုပေးရမှာဆိုလို့ ၃ လပိုင်း ၁၅ ရက်နေ့မှာ ဝင်ငွေ ပြောင်းမဲ့ကိစ္စကို ၃ လပိုင်း ၁၄ ရက်နေ့ ည ၁၁ နာရီလောက်မှ chat box ကနေ့အကြောင်းကြားတယ်၊ ကျွန်တော်တို့ လည်း အခု အလုပ်မဆင်းဘဲ ဆန္ဒပြနေကြရတယ်" လို့ grab rider တစ်ဦးက ပြောပါတယ်။


ပြောင်းလဲသတ်မှတ်လိုက်တဲ့ နှုန်းထားအရ အော်ဒါတစ်ကြောင်းပို့ဆောင်ခ အဖြစ် ပုံသေ 0km မှ 1km အထိ ၆၀၀ ကျပ် ဖြစ်ပြီး 1 km မှ 2km အတွင်း ၆၀၀ မှ ၉၀၀ ကျပ် ၊ 3 km မှ 4km အထိ ၁၂၀၀ ကျပ်မှ ၁၇၀၀ ကျပ်၊ အမြင့်ဆုံး 20 km နှင့်အထက် ကို ၇၆၀၀ ကျပ်သတ်မှတ်လိုက်တာလို့ သိရပါတယ်။


လုပ်ငန်းခွင်ဆိုင်ရာ မကျေလည်မှုတွေ နဲ့ အော်ဒါကြေး ပြောင်းလဲ သတ်မှတ်မှုတွေနဲ့ပတ်သတ်ပြီး တိုင်ကြားချင်ပေမယ့် ဘယ်သူကို သွားတိုင်းလို့ တိုင်းရမှန်းမသိဖြစ်နေတယ်လို့ လည်း ဆိုပါတယ်။


လက်ရှိမှာတော့ အလုပ်မဆင်းဘဲ ဆန္ဒဖော်ထုတ်နေတဲ့ grab rider ၃၀၀ ဝန်းကျင်လောက်ရှိနေပြီး the central ဇုန် ၊ wai zayan Tar ဇုန် ၊ သင်္ဃန်းကျွန်းဇုန်၊ လှည်းတန်းဇုန်နဲ့ အခြားဇုန်အလိုက်ဝန်ထမ်းတွေပါဝင်တယ်လို့ သိရပါတယ်။


"အဓိက တောင်းဆိုချင်တဲ့ အချက်လေး တွေကတော့ကျွန်တော်တို့ကို မူလ အခေါက်ကြေးတိုင် ပြန်ပေးဖို့ပါ ရေသန့်တစ်ဗူးတောင် ၆၀၀ ဖြစ်နေတဲ့ အချိန်မှာတစ်ခေါက်မှ ၆၀၀ ရတာတော့ ကျွန်တော် တို့အတွက်အဆင်မပြေဘူးခင်ဗျ ကျွန်တော်တို့က တစ်ရက်မှ ၁၀ ခေါက်ရဖို့ ဆုတောင်းနေရတဲ့အချိန်မှာ တစ်ခေါက် ၆၀၀ ဆိုတော့ တစ်ရက် ၁သောင်းရဖို့ မသေချာတော့ပါဘူး။လို့ grab rider တစ်ဦးက Myanmar Labour News ကို ပြောပါတယ်။


 

 


 


 


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026