NEWS

အိုတီကြေးရှင်းမပေးဘဲ ခိုင်းစေနေလို့ Myanmar Bestex Garment အထည်ချုပ်စက်ရုံမှအလုပ်သမားများအခက်တွေ့နေဟုဆို

CoverLogo
1.9K Views

တစ်နေ့ကို ၈ နာရီအလုပ်ချိန်သာရှိပေမယ့် အလုပ်ရှင်ဖက်ကစံချိန်မပြည့်ဟု ဆိုကာအိုတီကြေးမပေးဘဲ အလုပ်သမားတွေကိုအဓမ္မအလုပ်ချိန်တွေတိုးပြီးစေခိုင်းနေတဲ့အတွက် Myanmar Bestex Garment အထည်ချုပ်စက်ရုံကအလုပ်သမားတွေအခက်ကြုံနေကြရတယ်လို့ဆိုပါတယ်။

အဆိုပါစက်ရုံဟာတရုတ်လူမျိုးပိုင်စက်ရုံတခုဖြစ်ပြီး ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊ စက်မှု့ဇုန်အမှတ်(၄)မင်းဧရာလမ်းထဲမှာလုပ်ကိုင်နေတဲ့စက်ရုံတခုဖြစ်တယ်လို့လဲသိရပါတယ်။

"အလုပ်ချိန်က၈နာရီသတ်မှတ်ထားတာအဲ့အချိန်အတွင်းသူတို့ပေးတဲ့စံချိန်မပြည့်ရင်အချိန်ပိုဆင်းရတယ် အိုတီကြေးကျတော့မပေးဘူး ညအချိန်မတော်အထိဆင်းရတာ အလကားကိုဆင်းပေးနေရတာ"လို့အဆိုပါစက်ရုံမှနစ်နာသူအလုပ်သမားတဦးကဆိုပါတယ်။

Myanmar Bestex Garment အထည်ချုပ်စက်ရုံမှာအလုပ်သမားအခွင့်အရေးချိုးဖောက်မှု့များစွာရှိနေပေမယ့်အလုပ်သမားတွေဖက်ကတိုင်ကြားညှိနှိုင်းဖို့ အလုပ်သမားသမဂ္ဂမရှိဘူးလို့လည်း သိရပါတယ်။

"လုပ်ငန်းခွင်ထဲမှာဥပဒေနဲ့အညီ ခွင့်ရက်ခံစားခွင့်လဲမရှိဘူး အောစူပါတွေကလဲတနေ့တနေ့ကိုတော်တော်ညစ်ညစ်ညမ်းညမ်းဆဲတာမခံနိုင်အောင်ပဲ"လို့အမည်မဖော်လိုတဲ့အလုပ်သမားတဦးကဆက်ပြောပါတယ်။

အဲ့ဒီ့လိုစက်ရုံဖက်ကအလုပ်သမားအခွင့်အရေးကိုဥပဒေမဲ့ချိုးဖောက်နေတာတွေဟာသကြ်န်ပိတ်ရက်အတွင်းအခြေခံလစာပေးဖို့ဖြစ်တယ်လို့အောစူပါတွေဖက်ကအကြောင်းပြပေမယ့်အလုပ်သမားတွေဖက်ကတော့မယုံကြည်ကြပါဘူး။

အလုပ်သမားတွေဖက်ကတော့အခုလိုအလုပ်သမားအခွင့်အရေးဥပဒေမဲ့ချိူးဖောက်နေတာတွေရပ်တန့်ပေးဖို့လိုလားနေကြပါတယ်။

Myanmar Bestex Garment အထည်ချုပ်စက်ရုံဟာအလုပ်သမား၈၀၀ခန့်နဲ့လုပ်ငန်းလည်ပတ်နေတဲစက်ရုံတခုဖြစ်ပြီး MOHITO အမှတ်တံဆိပ်အထည်များထုတ်လုပ်နေတဲ့လုပ်ငန်းတခုဖြစ်တယ်လို့သိရပါတယ်။

 


Related posts

Cover
Myanmar Huasheng Golden Fashion အလုပ်သမား ၂၀၀ နီးပါးအား အလုပ်ထုတ်
Nov 15, 2025
Cover
Lita Myanmar အထည်ချုပ် စနေနေ့အတွက်ဆိုပြီး အချိန်ပိုနာရီမှ ဖြတ်ယူ
Nov 15, 2025
Cover
Win Land အထည်ချုပ်စက်ရုံအလုပ်သမားများ အလုပ်ချိန် ၇ နာရီ တဆက်တည်း လုပ်ကိုင်နေရ
Nov 15, 2025
Cover
Shuangxi Myanmar Garment စက်ရုံ အလုပ်သမားတဦး နှစ်ပွိုင့် ချုပ်ခိုင်းပြီး စံချိန်တောင်း
Nov 15, 2025
Cover
လုပ်ငန်းခွင်ဆိုင်ရာ ဥပဒေချိုးဖောက်မှုများဖြေရှင်းပေးဖို့ အလုပ်သမားတွေလိုလားနေ
Nov 13, 2025
Cover
Long Pine Co.,Ltd အထည်ချုပ် ခွင့်ရက် မပေးဘဲ အလုပ်ထုတ်
Nov 12, 2025
Cover
FUANLAI Laos စက်ရုံလျော်ကြေးတောင်းဆိုမှု မြန်မာသံရုံး ဖြေရှင်း မပေး
Nov 10, 2025
Cover
Everlao အထည်ချုပ်စက်ရုံ မြန်မာအလုပ်သမားများအား ခွဲခြားဆက်ဆံနေ
Nov 10, 2025