NEWS

အိုတီကြေးရှင်းမပေးဘဲ ခိုင်းစေနေလို့ Myanmar Bestex Garment အထည်ချုပ်စက်ရုံမှအလုပ်သမားများအခက်တွေ့နေဟုဆို

CoverLogo
2.2K Views

တစ်နေ့ကို ၈ နာရီအလုပ်ချိန်သာရှိပေမယ့် အလုပ်ရှင်ဖက်ကစံချိန်မပြည့်ဟု ဆိုကာအိုတီကြေးမပေးဘဲ အလုပ်သမားတွေကိုအဓမ္မအလုပ်ချိန်တွေတိုးပြီးစေခိုင်းနေတဲ့အတွက် Myanmar Bestex Garment အထည်ချုပ်စက်ရုံကအလုပ်သမားတွေအခက်ကြုံနေကြရတယ်လို့ဆိုပါတယ်။

အဆိုပါစက်ရုံဟာတရုတ်လူမျိုးပိုင်စက်ရုံတခုဖြစ်ပြီး ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊ စက်မှု့ဇုန်အမှတ်(၄)မင်းဧရာလမ်းထဲမှာလုပ်ကိုင်နေတဲ့စက်ရုံတခုဖြစ်တယ်လို့လဲသိရပါတယ်။

"အလုပ်ချိန်က၈နာရီသတ်မှတ်ထားတာအဲ့အချိန်အတွင်းသူတို့ပေးတဲ့စံချိန်မပြည့်ရင်အချိန်ပိုဆင်းရတယ် အိုတီကြေးကျတော့မပေးဘူး ညအချိန်မတော်အထိဆင်းရတာ အလကားကိုဆင်းပေးနေရတာ"လို့အဆိုပါစက်ရုံမှနစ်နာသူအလုပ်သမားတဦးကဆိုပါတယ်။

Myanmar Bestex Garment အထည်ချုပ်စက်ရုံမှာအလုပ်သမားအခွင့်အရေးချိုးဖောက်မှု့များစွာရှိနေပေမယ့်အလုပ်သမားတွေဖက်ကတိုင်ကြားညှိနှိုင်းဖို့ အလုပ်သမားသမဂ္ဂမရှိဘူးလို့လည်း သိရပါတယ်။

"လုပ်ငန်းခွင်ထဲမှာဥပဒေနဲ့အညီ ခွင့်ရက်ခံစားခွင့်လဲမရှိဘူး အောစူပါတွေကလဲတနေ့တနေ့ကိုတော်တော်ညစ်ညစ်ညမ်းညမ်းဆဲတာမခံနိုင်အောင်ပဲ"လို့အမည်မဖော်လိုတဲ့အလုပ်သမားတဦးကဆက်ပြောပါတယ်။

အဲ့ဒီ့လိုစက်ရုံဖက်ကအလုပ်သမားအခွင့်အရေးကိုဥပဒေမဲ့ချိုးဖောက်နေတာတွေဟာသကြ်န်ပိတ်ရက်အတွင်းအခြေခံလစာပေးဖို့ဖြစ်တယ်လို့အောစူပါတွေဖက်ကအကြောင်းပြပေမယ့်အလုပ်သမားတွေဖက်ကတော့မယုံကြည်ကြပါဘူး။

အလုပ်သမားတွေဖက်ကတော့အခုလိုအလုပ်သမားအခွင့်အရေးဥပဒေမဲ့ချိူးဖောက်နေတာတွေရပ်တန့်ပေးဖို့လိုလားနေကြပါတယ်။

Myanmar Bestex Garment အထည်ချုပ်စက်ရုံဟာအလုပ်သမား၈၀၀ခန့်နဲ့လုပ်ငန်းလည်ပတ်နေတဲစက်ရုံတခုဖြစ်ပြီး MOHITO အမှတ်တံဆိပ်အထည်များထုတ်လုပ်နေတဲ့လုပ်ငန်းတခုဖြစ်တယ်လို့သိရပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026