NEWS

အိုတီကြေးမပေး၍ တောင်းဆိုသည့် အလုပ်သမား ၃၀ ကျော် ဖူဂျီဆပ်ပြာစက်ရုံအတွင်းက နှင်ထုတ်ခံရ

CoverLogo
1.5K Views

ရန်ကုန်တိုင်း ရွှေပြည်သာစက်မှုဇုန် ကနောင်မင်းသားကြီးလမ်းသွယ် ၁ မှာဖွင့်လှစ်ထားတဲ့ FUJI ဆပ်ပြာစက်ရုံက အလုပ်သမား ၃၀ ကျော် အချိန်ပို(အိုတီ) ကြေး နှစ်နဲ့ချီ မရတာကြောင့် တောင်းဆိုခဲ့ရာ လုပ်ငန်းခွင်ကနေ စက်ရုံအုပ်ချုပ်ရေးဝန်ထမ်းက နှင်ထုတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

စက်ရုံက တခြားဌာနတွေမှာ အပတ်စဉ် စနေနေ့ နေ့လယ် ၁၂ ကနေ စပြီး အိုတီကြေး ရရှိပေမယ့် ဆပ်ပြာ ဗူးခွံထုတ်လုပ်ဌာနက  အလုပ်သမားတွေက ခွဲခြားဆက်ဆံခံရပြီး စနေနေ့တိုင်း အိုတီကြေး မရပဲ အလုပ် လုပ်ပေး ရနေရာတာ နှစ်ချီရှိနေတာကြောင့် စက်တင်ဘာလ ၂၁ ရက်က စက်ရုံမှူး ဆီ တင်ပြ ထောင်းဆို ခဲ့တယ်လို့ သိရပါတယ်။

“ဒီ FUJI ဆပ်ပြာစက်ရုံထဲမှာ ဌာနတွေက အများကြီး၊ အဲဒီထဲမှာ ကျနော်တို့ ရဲ့ ဗူးခွံထုတ်လုပ်တဲ့ ဌာန တစ်ခုတည်း ပဲ စနေနေ့ ၁၂ နာရီနောက်ပိုင်း အိုတီကြေးမရတာ” လို့ နှင်ထုတ်ခံရတဲ့ အလုပ်သမားတစ်ဦး ကပြောပါတယ်။

အဲဒီလိုတောင်းဆိုခဲ့ပေမယ့် စနေနေ့ နေ့လယ် ၁၂ နာရီ နောက်ပိုင်း အလုပ်ချိန် ၄ နာရီအတွက် အိုတီကြေးမပေးဘဲ ၁ နာရီအတွက်ပဲ ပေးမယ်ဆိုပြီး စက်ရုံဘက်က အကြောင်း ပြန်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် အလုပ်သမား တွေဘက်က တောင်းဆိုမှု အပြည့်အဝ မရတာကြောင့် ၃ ရက်စောင့်ဆိုင်းခဲ့ပြီး အကြောင်းမပြန်တာကြောင့် စက်ရုံအတွင်း လုပ်ငန်းခွင် မဝင်ဘဲ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တာလို့ အိုတီကြေး တောင်းဆိုခဲ့ အလုပ်သမား တွေက ပြောပါတယ်။

“ ကျနော်တို့က အိုကြေးပေးဖို့ပဲ တောင်းဆိုတာ၊ သူတို့စောင့်ခိုင်းတဲ့ ၃ ရက်ကျော်လို့  စက်ရုံထဲဝင်တယ်၊ လုပ်ငန်းခွင်မှာ အလုပ်မလုပ်ဘဲ တောင်းဆိုခဲ့တာပါ” လို့ ရှင်းပြပါတယ်။

လုပ်ငန်းခွင်အတွင်း တောင်းဆိုမှုတွေပြုလုပ်ခဲ့သူတွေကတော့ လုပ်ငန်းခွင် ခေါင်းဆောင် ၂ ဦးအပါအဝင် အလုပ်သမား ၃၀ ကျော် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၃ ရက်မှာ စက်ရုံအတွင်း တောင်းဆိုမှု တွေပြုလုပ်နေစဉ် စက်ရုံအုပ်ချုပ်ရေးဝန်ထမ်း တစ်ယောက် ရောက်လာပြီး စက်ရုံအတွင်းက နှင်ထုတ်ခဲ့လို့  အလုပ်သမားတွေက စက်ရုံ အပြင်ဘက်ကို ထွက်ခဲ့ကြတာလို့  ပြောပါတယ်။

“ဌာန အုပ်ချုပ်ရေးဝန်ထမ်း တစ်ဦး လာတယ် ၊ မင်းတို့ အလုပ်မလုပ်ဘူးဆို စက်ရုံထဲက ထွက်လို့ ပြောတယ်” ဆိုပြီး လုပ်သက် ၃ နှစ်ကျော်ရှိ အလုပ်သမားတစ်ဦးက ပြောပါတယ်။

အဆိုပါ ဖူဂျီဆပ်ပြာလုပ်ငန်းက တရုတ်- မြန်မာဖက်စပ် လုပ်ကိုင်နေတာဖြစ်ပြီး အလုပ်သမား ၄၀၀ ဝန်းကျင်နဲ့လည်ပတ်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။

FUJI ဆပ်ပြာစက်ရုံ ဗူးခွံထုတ်လုပ်ရေးဌာနက အလုပ်သမားတွေကို တခြားဌာနက အလုပ်သမားနည်းတူ အိုကြေး မပေးတဲ့ အပြင် ကားခ ၉၀၀ ကျပ်ကိုလည်း လုပ်ခလစာ ၄၈၀၀ ကျပ်တိုးပေးပြီးကတည်း မရတော့ဘူးလို့လည်း ပြော ပါတယ်။

ဒါ့အပြင် ကျွမ်းကျင်ကြေးကို အခြားဌာနတွေက ကျပ် ၈၀၀၀၀ ဝန်းကျင်ရရှိနေပေမယ့် ဗူးခွံဌာန ကတာ့ ၁၅၀၀၀ ဝန်းကျင်သာ ရရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

လုပ်သက် နှစ်ကြေး ပေးရမယ့် ကာလကို ကျော်လွန်နေပြီ ဖြစ်ပေမယ့် မရရှိသေးဘူးလို့ ပြောပါတယ်။ ဗူးခွံထုတ်လုပ်ရေးဌာနမှာ အလုပ်သမား ၁၀၀ ကျော်ရှိပြီး အဲ့ဒီ အလုပ်သမားတွေထဲက လုပ်သက်ရင့် အလုပ်သမားတွေက အခုလို ခွဲခြားဆက်ဆံခံ နေရတာကြောင့် တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တာ လို့  Myanmar Labour News ကို ပြောဆို ပါတယ်။

“ ကျနော်တို ဆန္ဒပြတာလည်း မဟုတ်ဘူး၊ တောင်းဆိုထားတာ ဆိုတော့ ရမယ်လို့ မျှော်လင့်ထားပါတယ်” လို့ အလုပ်သမားတစ်ဦး ပြောပါတယ်။

FUJI ဆပ်ပြာစက်ရုံက ဆပ်ပြာ ခရမ်၊ ဆပ်ပြာရည် စတဲ့ အမျိုးအစားတွေထုတ်လုပ်ပြီး ရွှေသဇင်ကုမ္ပဏီပိုင် စက်ရုံ ဖြစ်ပါတယ်။

MyanmarLaoburNews
 


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026