NEWS

အာဏာသိမ်းမှု့အောက် မြန်မာနိုင်ငံ COVID-19 ကပ်ရောဂါတတိယလှိုင်းကာလအလုပ်သမားများ၏ဘဝအစီရင်ခံစာထုတ်ပြန်။

CoverLogo
1.4K Views

အာဏာသိမ်းမှု့အောက်မြန်မာနိုင်ငံ COVID-19 ကပ်ရောဂါတတိယလှိုင်းကာလအလုပ်သမားများ၏ဘဝအစီရင်ခံစာကို လွတ်မြောက်ရေးနှင့်အလုပ်သမားအရေးဆောင်ရွက်လှုပ်ရှားသူများအဖွဲ့(Freedom and Labor Action Group)က ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါအစီရင်ခံစာထဲမှာအာဏာသိမ်းမှု့ဖြစ်ပြီးနောက်ပိုင်းအကာအကွယ်ပေးမှု့မဲ့နေတဲ့အလုပ်သမားတွေရဲ့အခြေအနေအကြောင်းအရာတွေကိုဖော်ပြထားတယ်လို့သိရပါတယ်။

"လက်ရှိအခြေအနေမှာအလုပ်ရှင်တွေဖက်ကအလုပ်သမားတွေနဲ့ချုပ်ဆိုထားတဲ့ စာချုပ်တွေကိုဖောက်ဖျက်ပြီးလုပ်နေတာတွေရှိတယ် ပြီးတော့အလုပ်သမားတွေရဲ့အခက်အခဲတွေကိုဖြေရှင်းဆောင်ရွက်ပေးမှု့မရှိတာတွေရှိနေတယ် အလုပ်သမားတွေကတော့လက်တွေ့မှာပဲ တောင်းဆိုတိုက်ပွဲဝင်နေကြရတာပဲ ဥပဒေအရလဲဘာအကာအကွယ်ပေးမှု့မှမရှိတော့ဘူး ဒါတွေဟာစစ်အာဏာသိမ်းမှု့ကြောင့်ဖြစ်ရတာပဲ"လို့အစီရင်ခံစာထုတ်ပြန်တဲ့ FLAG အဖွဲ့မှတာဝန်ရှိသူတဦးကပြောပါတယ်။

အထက်ပါအစီရင်ခံစာဟာ ရန်ကုန်တိုင်းအတွင်းကစက်မှု့ဇုန်တွေနဲ့ ပုသိမ်စက်မှု့ဇုန်ကအလုပ်သမားပေါင်း ၃၃၀ ခန့်ကိုမေးမြန်းရေးသားထုတ်ပြန်ခဲ့တာဖြစ်ပြီးမြန်မာ့အလုပ်သမားတွေရဲ့အခြေအနေကိုကမ္ဘာ့အဖွဲ့အစည်းတွေသိရှိဖို့ရည်ရွယ်ထုတ်ပြန်တာဖြစ်တယ်လို့သိရပါတယ်။

 


Related posts

Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026