NEWS

အသက် ၁၈ မှ ၃၅ နှစ် အတွင်းရှိ အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့် ကို ဇန်နဝါရီ ၃၀ ရက်အထိ အလုပ်သမားဝန်ကြီးဌာနမှာ စာချုပ်ချုပ်ထားသူများကို စေလွှတ်ခွင့်ပြန်ပေး

CoverLogo
671 Views
 
အသက် ၁၈နှစ်မှ ၃၅နှစ် အတွင်းရှိ အမျိုးသား များ ပြည်ပထွက် အလုပ်လုပ်ရန် အတွက် အလုပ်သမားဝန်ကြီးဌာန မှာ စာချုပ်ချုပ်ထားသူတွေကို စေလွှတ်ခွင့်ပြန်ပေးတယ်လို့ လိုင်စင်ရအေဂျင်စီတွေထံက သိရပါတယ်။
အမျိုးသားများ ပြည်ပ ထွက် အလုပ်လုပ်ခွင့် ကို ယခင် အသက်၂၃နှစ်မှ ၃၁နှစ်အထိ ကန့်သက်ထားရာမှ ဇန်နဝါရီ ၃၀ရက်နေ့မှာ အသက်၁၈နှစ်မှ၃၅နှစ်အထိ ကန့်သက်လိုက်ပြီး စေလွှတ်လုပ်ငန်းစဉ်များကို ယာယီရပ်လိုက်တဲ့ အတွက် လိုင်စင်ရအေဂျင်စီတွေ မှ စာချုပ်ချုပ်ထားသူများ ကို စေလွှတ် ခွင့်ပြုပေးဖို့ အလုပ်သမားဝန်ကြီးဌာနကို တောင်းဆိုလိုက်တယ်လို့သိရပါတယ်။
""မနေ့က အကြောင်းကြားမှု မရှိဘဲ ပိတ်လိုက်တော့ အေဂျင်စီတွေလည်း အတော်လေး ပြဿနာနာတတ်ကုန်တာပေါ့ ဒါကြောင့် စာချုပ်ချုပ်ထားပြီးတဲ့သူတွေကို စေလွှတ်ခွင့်ပေးဖို့ ဝန်ကြီးဌာန ကို တောင်းဆိုတဲ့အခါ ဇန်နဝါရီ ၃၀ရက် အထိ အလုပ်သမားအရာရှိရှေ့မှာ စာချုပ် ချုပ်ထားပြီး သူတွေကို စေလွှတ်လုပ်ငန်းစဉ်နဲ့ OWIC ကတ် ပြုလုပ်ခွင့်ပေးတယ်လို့ ဒီနေ့ ပြန်ပြောတယ်""လို့လိုင်စင်ရအေဂျင်စီ မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အခုလို ဇန်နဝါရီ ၃၀ရက်အထိ စာချုပ်ချုပ်ထားတဲ့ အသက်၁၈မှ၃၅နှစ်ရှိ အမျိုးသား လုပ်သားတွေကို စေလွှတ်ခွင့်ပြုပေမယ့် စစ်မှုထမ်းရန်ဆင့်ခေါ်ခြင်း အတည်ပြုခံ ထားရသူတွေ ဖြစ်ပါက လေဆိပ်မှ ထွက်ခွာခွင့်ပြုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
""အခု ၃၀ရက်အထိ စာချုပ်ချုပ်ထားသူတွေ စေလွှတ်ခွင့် ပြန်ရပေမယ့် စိတ်မအေးရသေးဘူး လေဆိပ် ကို ပို့ထားတဲ့ စစ်မှုထမ်းစာရင်းထဲ မှာပါနေရင် ထွက်လို့ရမှာ မဟုတ်ဘူး အဲ့ခါကျရင် အလုပ်သမားကော အေဂျင်စီကော နစ်နာမှုတွေရှိလာမှာ တကယ်က ဝန်ကြီးဌာန က အကုန်ပိတ်ပလိုက်တာ အေဂျင်စီ တွေက တောင်းဆိုလို့သာ ၃၀ရက်နေ့အထိ စာချုပ်ချုပ်ပြီးသားတွေ ကို ပြန်ဖွင့်ပေးတာ လေဆိပ်မှာ ပြသာနာဖြစ်ရင် ကိုယ်ဖြစ်ကိုယ်ခံသဘောမျိုးနဲ့ ပြန်ဖွင့်ပေးလိုက်တာ""အေဂျင်စီအသိုင်းဝန်းနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
လက်ရှိမှာ အသက်၁၈နှစ်မှ ၃၅နှစ်အထိ အမျိုးသား များ ပြည်ပထွက်အလုပ်လုပ်ခွင့်ကို ပြီးခဲ့တဲ့ဇန်နဝါရီ၃၀ရက် အထိ အလုပ်သမားဝန်ကြီးဌာန အရာရှိ ရှေ့မှာစာချုပ်ချုပ်ထားသူများကိုသာ ပြန်လည် ခွင့်ပြုတာဖြစ်ပြီး ကျန်တဲ့ အသက်၁၈မှ၃၅နှစ်အထိ အမျိုးသား များကို ပြည်ပထွက် အလုပ်လုပ်ခွင့် ယာယီပိတ်ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။
အမျိုးသမီး လုပ်သားများ ကိုတော့ အသက်ကန့်သက်ချက် မထားသေးသလို ပြည်ပကို သွားရောက် အလုပ်လုပ်ခွင့်ပုံမှန် အတိုင်း စေလွှတ်ခွင့်ပြုထားသေးတယ်လို့ သိရပါတယ်။

Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026