NEWS

အလုပ်အချိန် အလွန်အကျွံဖိအားပေးခိုင်းစေပြီး အခွင့်အရေးချိုးဖောက်

CoverLogo
556 Views
 
လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းက်မှုဇုန် မီးသတ် အဝိုင်းအနီး ၊ ဆရာရှမ်းလမ်းမှာဖွင့်လှစ်ထားတဲ့ Xin Shun Fashion Myanmar CO,Ltd အထည်ချုပ်စက်ရုံမှာ အလုပ်ချိန်အပို အလွန်အကျွံဖိိအားပေးဆင်းခိုင်းနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့အဆိုပါစက်ရုံမှာ အလုပ်သမား ၁၀၀ ဝန်းကျင်နဲ့ လည်ပတ်နေပြီး စက်ရုံသက်တမ်း ၃ လခန့်သာရှိသေးတယ်လို့ ဆိုပါတယ်။
 
"စက်ရုံမှာ အချိန်ပိုကို အောနိုက်၊ အောလင်း ညတိုင်းဆင်းနေရတယ် လိမ်ပြီးဆင်းခိုင်းတာလည်းရှိသေးတယ် ဥပမာ ဒီနေ့အောလင်း ( ညလုံးပေါက်) ဆင်းထားတဲ့အလုပ်သမားကို နောက်နေ့ ညနေ ၄ နာရီပြန်လွှတ်မယ်ပြောပြီး ညဘက် အချိန်ပိုဆက်ဆင်းခိုင်းတာမျိုးတွေလုပ်တယ်"လို့ အလုပ်သမားကပြောပါတယ်။
 
အလုပ်ချိန်အနေနဲ့ နံနက် ၇ နာရီ ၃၀ မှ ည ၇ နာရီ ထိ အပြင် ထပ်ဆောင်းအချိန်ပို ည ၁၁ နာရီ ဆင်းရတာလို့ ပြောပါတယ်။
 
သာမန််အလုပ်ချိန်၊ အချိန်ပိုအပြင် အောနိုက်ဆင်းရတာကို တနင်္လာနေ့ကနေ သောကြာနေ့အထိဆင်းရသလို စနေ၊ တနင်္ဂနွေနေ့တွေမှာပါ အချိန်ပိုမဖြစ်မနေ ဖိအားပေးဆင်းခိုင်းတာကြောင့် အနားမရဘူးလို့ အလုပ်သမားက ဆိုထားပါတယ်။
 
"အလုပ်ရှင်ဘက်က ခေါ်တဲ့ အချိန်ပို အောလင်းတွေ အောနိုက်တွေမဆင်းရင် အငြိုးအတေးထားခံရတယ် ခွဲခြားဆက်ဆံခံရတယ် အချိန်ပိုမဆင်းရင် နောက်နေ့အလုပ်မလာနဲ့လို့ တရုတ်ကပြောတယ် စက်ရုံက ဖွင့်တာ ၃ လလောက်ပဲရှိသေးတယ်"လို့ အလုပ်သမားကပြောပါတယ်။
 
"တခါတလေ အချိန်ပိုမဆင်းဘဲ အလုပ်ချိန်ပြီးလို့ အိမ်ပြန်ရင် ဖယ်ရီကားမပေးဘူး အချိန်ပိုဆင်းတဲ့ သူတွေလည်း အောနိုက်ဆင်းပြီးရင် ပြန်လို့ မရတော့ စက်ရုံထဲမှာပဲ ကြုံသလိုအိပ်ရတော့ ဖုန်းတွေလဲ ခဏခဏပျောက်တယ် အလုပ်ရှင်ကို တိုင်တော့ ညဘက်အိပ်ရင် ဖုန်းကို လက်နဲ့ ကိုင်ပြီးမအိပ်လို့ ဆိုပြီး တာဝန်ယူဖြေရှင်းပေးတာမရှိဘူး"လို့ အလုပ်သမားကပြောပါတယ်။
 
အလုပ်ကမ်းလှမ်းချိန်မှာ ပြောဆိုထားတဲ့ ဂရိတ်ကြေး အတိုင်းမပေးဘဲ လုပ်ခလစာပေးချေချိန်မှာ လျှော့ချပေးချေတယ်လို့ လည်း ဆိုထားပါတယ်။ပုတ်ပြတ်ပေးမယ်လို့ ပြောထားတဲ့အလုပ်သမားတွေကိုလည်း လုပ်ခပေးချေချိန်မှ ဒေးကြေးနဲ့ ပေးချေတာမျိုးတွေလည်း လုပ်ဆောင်တာရှိတယ်လို့ ပြောပါတယ်။
 
"အထည်စံချိန်အလွန်အကျွံတောင်းပါတယ်။ စက်လိုင်းတလိုင်းကို အလုပ်သမား ၃၀ ရှိ ပြီး တနာရီကို လိုင်းပေါက်အထည် ၃၀ တောင်းပါတယ်။တောင်းတဲ့ စံချိန်မရရင် အချိန်ပိုဆင်းခိုင်းပြီး ပြည့်အောင်ချုပ်ပေးရတယ်။ အခုလို အချိန်ပိုတွေ မတရားဆင်းရပြီး နေ့ရော ညရော အပြင်နောက်နေ့တွေလည်း ဆက်တိုက် လုပ်ရတာဆိုတော့ အလုပ်သမားကခံနိုင်ရည်မရှိတော့ဘူး အလုပ်ထွက်ကြတာလည်းများတယ်။ စက်လိုင်းထဲမှာ စက်ချုပ်သမားမပြည့်တော့ စံချိန်ပြဿနာလည်းရှိနေတယ်"လို့ အလုပ်သမားကဆက်ပြောပါတယ်။
 
လုပ်ငန်းခွင်ထဲမှာ လုပ်ကိုင်နေတဲ့အလုပ်သမားတွေအနေနဲ့ အခုလို လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေ ကျူးလွန်ခံနေရတဲ့အတွက်မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမား များအဖွဲ့ချုပ် (IWFM) ထံ တင်ပြအကူအညီတောင်းခံထားတယ်လို့ သိရပါတယ်။
 
အလုပ်သမားများတောင်းဆိုချက်အနေနဲ့
၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများချုပ်လုပ်နိုင်သော အထည်စံချိန်ကိုသာတောင်းခံရန်။
၂။ အလုပ်ရှင်ဘက်မှ လုပ်ငန်းခွင်ထဲတွင် အပူအအေးမျှတအောင် စီမံဆောင်ရွက်ပေးရန်။
၃။ နိုင်ငံခြားသား တရုတ်များက အလုပ်သမားများကို အချိန်ပိုအိုတီမဆင်းလျင် နောက်နေ့အလုပ်မလာနဲ့ဟု ခြိမ်းခြောက်ပြောဆိုခြင်းမပြုလုပ်ရန်။
၄။ အလုပ်ရှင်ဘက်မှ အချိန်ပိုအိုတီများက အောလင်း၊ အောနိုက် တနင်္ဂနွေပိတ်ရက်ပါမနားရဘဲ အချိန်ပိုအိုတီ ဆင်းခိုင်းခြင်းမပြုလုပ်ရန်နှင့် အချိန်ပိုအိုတီမဆင်းလျင် ဖိအားပေးပြီးဆင်းခိုင်းခြင်းမပြုလုပ်ရန်။
၅။ အလုပ်ရှင်ဘက်မှ အချိန်ပိုအိုတီဆင်းခိုင်းသည့်အတွက် အလုပ်သမားကိုယ်ပိုင်ဖုန်းများ လုပ်ငန်းခွင်ထဲ တွင်ပျောက်လျင် အလုပ်ရှင်ဘက်မှ တာဝန်ယူဖြေရှင်းပေးရန် စတဲ့အချက်တွေကို
Xin Shun Fashion Myanmar CO,Ltd အလုပ်သမားတွေတောင်းဆိုလိုတယ်လို့ ပြောပါတယ်။

Related posts

Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026