NEWS

အလုပ်အကိုင်အခွင့်လမ်း ၁၅၀၀ နီးပါးခန့်အပ်နိုင်မယ့်လုပ်ငန်းများ ဇူလိုင်လတွင်းခွင့်ပြုထားဟုဆို

CoverLogo
337 Views

ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း (၁၅၀၀)နီးပါး ရရှိနိုင်မယ့် လုပ်ငန်းတွေကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဇူလိုင်လတွင်း ခွင့်ပြုထားတယ်လို့  နိုင်ငံပိုင် ကြေးမုံ သတင်းစာမှာ ဖော်ပြထားပါတယ်။


သတင်းစာပါ ဖော်ပြချက်မှာတော့ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းအတွက် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခု၊ စက်မှုကဏ္ဍမှာ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသုံးခုကို အတည်ပြု ထားတယ်လို့ ပါရှိပါတယ်။ 


အလုပ်အကိုင်ရရှိနိုင်မယ့် လုပ်ငန်းအမျိုးအစားတွေကတော့ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်း၊ CMP စနစ်နဲ့ wearing apparel အမျိုးမျိုး ချုပ်လုပ်တဲ့လုပ်ငန်း၊ CMP စနစ်တဲ့ အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်တဲ့လုပ်ငန်း အမျိုးအစားတွေလို့ သိရပါတယ်။


လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီးကို တိုင်းနဲ့ပြည်နယ် အသီးသီးက ပြည်တွင်းရွှေ့ပြောင်းသူတွေ အများအပြား ရောက်ရှိနေပြီး အလုပ်အကိုင် လိုအပ်ချက်လည်း မြင့်မားနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ လုပ်ငန်းအများစုမှာ အလုပ်ခန့်အပ်နိုင်မှု အခြေအနေဟာ နည်းနေတယ်လို့ အလုပ်ရှာဖွေသူတွေဆီက သိရပါတယ်။


“အခုကတော့ အလုပ်ရှာရတာ ပြန်ခက်နေတယ်။ အလုပ်လိုချင်တဲ့သူက များနေတယ်။ ကျွန်မတို့လို အခုမှ ရန်ကုန်ရောက်တဲ့သူတွေကျ ရှာရတာ ပိုခက်တယ်။ အလုပ်အကိုင်တွေ ပေါလာဖို့ပဲ ဆုတောင်းတယ်” လို့ ရခိုင်ဒေသက ရွှေ့ပြောင်းလာသူတစ်ဦးက ပြောပါတယ်။


စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လုပ်ငန်းအများစုဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး အလုပ်အကိုင်သစ်တွေ ခေါ်ယူနိုင်စွမ်း ကျဆင်းနေပါတယ်။ ပြည်သူစစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးချိန်ကသာ လုပ်ငန်းခွင်တွေမှာ လုပ်သားလိုအပ်ချက် များပြားခဲ့ပေမယ့် လက်ရှိမှာတော့ လူသစ်ခေါ်ယူနှုန်း ပြန်လည်ကျဆင်းလာပါတယ်။


Related posts

Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026
Cover
Handa 2 စက်ရုံ အလုပ်သမားများ တောင်းဆိုမှုပြုလုပ်၊ ဦးဆောင်သူ ၂၁ ဦးအား အလုပ်ထုတ် ထား
Mar 11, 2026
Cover
အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား Nay Shwe Win စက်ရုံ အလုပ်ထုတ်
Mar 10, 2026
Cover
Myanmar Yangon Richang Apparel စက်ရုံလုပ်သားများ နားရက်မရှိ လုပ်ကိုင်နေရ
Mar 10, 2026
Cover
Myanmar Handsome အထည်ချုပ် EC စာချုပ် ပေးမထားလို့ အလုပ်သမားအခွင့်အရေးများ နစ်နာနေရ
Mar 09, 2026
Cover
Hope One Co.,Ltd အထည်ချုပ်စက်ရုံ ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်ခိုင်း
Mar 09, 2026
Cover
Sky Fashion Myanmar အထည်ချုပ် လုပ်သက်တစ်နှစ်နီးပါး လုပ်သားများအား အသက်မပြည့်လို့ဆိုပြီး နေ့စားလုပ်သားအဖြစ် ပြောင်းခိုင်း
Mar 09, 2026
Cover
လှိုင်သာယာ အနော်ရထာ စက်မှုဇုန် ရှိ ဆန်စက်အတွင်း ဆန်အိပ်ပုံပြိုကျရာမှ အလုပ်သမား ၂ဦးသေဆုံး
Mar 07, 2026