NEWS

အလုပ်အကိုင်ရှားပါးတာကြောင့် လုပ်သားအခွင့်အရေးချိုးဖောက်ခံရမှုတွေကြားမှာလုပ်ကိုင်နေကြရ

CoverLogo
1.4K Views

စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်း စက်ရုံအလုပ်ရုံ လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်အတွင်းမှာ အလုပ်သမားအခွင့်အရေး ဆုံးရှုံးကာ ချိုးဖောက်ခံရတာတွေရှိပေမယ် စားဝတ်နေရေး ကြောင့် မျိုသိပ်ကြိတ်မှိတ်ကာ လုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။

ပြည်တွင်းမှာ ကုန်ဈေးနှုန်းကြီးမြင့်တာ အခြေခံလစာငွေနည်းပါးတာ အလုပ်အကိုင်ရှားပါးတာတွေကြောင့် လုပ်ငန်းခွင်အတွင်းမှာ ဥပဒေပါ ခံစားခွင့်တွေဖြစ်တဲ့ ခွင့်ခံစားခွင့်တွေ မရရှိတာ အပါအဝင် စံချိန်အဆမတန်တိုးတောင်းတာတွေပါ ပြုလုပ်လာကြတာဖြစ်တယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ၊၁၃ရပ်ကွက် မဥ္ဇူလမ်း ကွင်းအမှတ်(၅၂စီးပွားဇုန်) ရှိ Hakers Enterprise Myanmar အထည်ချုပ် စက်ရုံမှာလဲ အလုပ်သမားတွေရဲ့ ဥပဒေပါခွင့်တွေကို ခွင့်လိုချင်ပါက Super၊ Leader တွေကမပေးဘူးလို့သိရပါတယ်။

" Super၊ Leaderတွေက အလုပ်သမား တွေရဲ့ ဥပဒေပါခွင့်တွေကိုသူတို့ရဲ့လုပ်ပိုင်ခွင့်လို့သက်မှတ်နေကြတာ အလုပ်သမားတွေကခွင့်တိုင်ရင် လိုင်းစာရေးမတွေကို ခွင့်တိုင်မပေးနဲ့လို့ပဲအမိန့်ပေးနေတာ ၊အထည်ဆိုလဲ အလုပ်သမားတစ်ယောက်လုပ်နိုင်စွမ်းထက်ပိုတောင်းတယ် ထမင်းတောင်ထွက်မစားရတဲ့သူတွေရှိတယ် ခုလိုချိန်မှာ အလုပ်ပြုတ်မှာဆိုးလို့သာ ကြိတ်လုပ်နေရတာ ၊ မလုပ်နိုင်လို့ထွက်သွားတဲ့သူတွေလဲရှိတယ်။ Superတွေကလဲ လိုင်းသားအချင်းချင်းခွဲခြားဆက်ဆံတယ် ရန်တိုက်ပေးတယ်"လို့ အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးကပြောပါတယ်။

အဆိုပါစက်ရုံသည် တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး
REGATTA တံဆိပ်ကိုချုပ်လုပ်နေတာဖြစ်ပါတယ်။

တရုတ်နိုင်ငံမှ ကုန်ကြမ်းဝင်ရောက်မှု ကြန့်ကြာမှုကြောင့် စနေနေ့တွေကို တစ်ပတ်ဆင်း တစ်ပတ်ပိတ်ဖြင့်ခေါ်ယူနေကြောင်းသိရပါတယ် ။ "အလုပ်ဆင်းရတဲ့စနေအပတ်ကိုလဲ ၂၄၀၀ ပဲပေးတယ် သဘောတူလက်ခံကြောင်း အလုပ်သမား တွေအနဲ့ လက်မှတ်မထိုးချင်​ဘူးအလုပ်ပြုတ်မှာကြောင့် လက်မှတ်ထိုးခဲ့ရတယ်လို့" အလုပ်သမားတစ်ဦးကပြောပါတယ်။

NC
#MyanmarLabourNews


Related posts

Cover
Precol Myanmar စက်ရုံ မန်နေဂျာ ကျင့်ဝတ်မညီမှု အမျိုးသမီးအလုပ်သမားများ ထိခိုက်နေ
Mar 02, 2026
Cover
Chuan Qi အထည်ချုပ် စုပေါင်းတောင်ဆိုမှု ပြုလုပ်
Mar 02, 2026
Cover
Tough Way Garment အချိန်ပို တပတ် ၂၀ နာရီကျော် ခိုင်းစေပြီး၊ တနင်္ဂနွေ နားရက် အလုပ်ဆင်းခိုင်း
Mar 02, 2026
Cover
Nay Shwe Win အထည်ချုပ် အချိန်ပိုအလွန်အကျွံခေါ်
Mar 02, 2026
Cover
Delo Myanmar garment စက်ရုံ စူပါများ လစာအစွန်းထွက် ဖြတ်ယူနေ
Feb 27, 2026
Cover
Shein Lee အထည်ချုပ် အချိန်ပိုမဆင်းလို့ ဆဲဆို
Feb 27, 2026
Cover
G & F Myanmar ခွင့်ယူလို့ လိုင်းစူပါက ဆူပူ၊ ကိုယ်ထိလက်ရောက် ကျူးလွန်
Feb 27, 2026
Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး တောင်းဆိုမှု ညှိနှိုင်း ပြီးဆုံး
Feb 27, 2026