NEWS

အလုပ်သွင်းပေးဖို့ပိုက်ဆံတောင်းသည့် အေဂျင်စီများနှင့်ပွဲစားများကိုအရေးယူမည်

CoverLogo
487 Views

ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီး Trinuch Thienthong က အခကြေငွေတောင်းခံသော အလုပ်ခန့်ထားရေးအေဂျင်စီမျာကို တင်းကျပ်စွာစုံစမ်းစစ်ဆေးရန် အလုပ်အကိုင်ဌာနကို အမိန့်ပေးထားပြီး ဥပဒေချိုးဖောက်မှုများတွေ့ရှိပါက ဥပဒေအရတင်းကျပ်စွာအရေးယူသွားမည်ဖြ​စ်ကြောင်းပြောပါတယ်။

 
နိုင်ငံခြားသားလုပ်သား မှတ်ပုံတင်ခြင်းနှင့်ပတ်သက်သည့် ပြဿနာများရှိခြင်း သို့မဟုတ် ငွေညှစ်ခံရခြင်းများကို ကြုံတွေ့နေရသည့်အလုပ်သမားများသည် အလုပ်သမားဝန်ကြီးဌာန၏ hotline 1506၊ 2 ကိုနှိပ်၍ အလုပ်သမားဌာနသို့ တိုင်ကြားနိုင်ကြောင်း ဝန်ကြီးကပြောပါတယ်။

 
နိုင်ငံခြားသားအလုပ်သမားများမှတ်ပုံတင်ခြင်းကို ပုဂ္ဂလိကသို့လွှဲပြောင်းလိုက်သော Outsource စနစ်စနစ်နှင့်ပတ်သက်သည့် ပြဿနာများကိုလည်း လျစ်လျူရှုခြင်းမရှိဘဲ၊ အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် ပြင်ပကုမ္ပဏီများမှ နိုင်ငံခြားသား အလုပ်သမားမှတ်ပုံတင်ခြင်းစနစ်အသုံးပြုမှုနှင့်ပတ်သက်၍ ထောက်ပြသော စိုးရိမ်မှုအားလုံးကို အသိအမှတ်ပြုပြီး ပြသနာတွေကိုအရှိန်မြှင့်ပြီးအမြန်ဖြေရှင်းနေတယ်လို့ပြောပါတယ်။ 


Outsource စနစ်သုံးရသည့်ရည်ရွယ်ချက်မှာ လာဘ်ပေးလာဘ်ယူမှုနှင့် လူကုန်ကူးမှုနှင့် ဆက်စပ်နိုင်သည့် အရာရှိများ၏ စာရွက်စာတမ်းများကို ဝင်ရောက်ကြည့်ရှုခွင့်ကို လျှော့ချရန်ဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနမှ အရာရှိများအား ၎င်းတို့၏တာဝန်များကို ရိုးသားဖြောင့်မတ်စွာ ထမ်းဆောင်ရန် ညွှန်ကြားထားကာ လာဘ်ပေးလာဘ်ယူမှုတစ်စုံတစ်ရာ တွေ့ရှိပါက တရားစွဲဆိုခံရမည်ဖြစ်ကြောင်းပြောပါတယ်။ 


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026