NEWS

အလုပ်သမား ၅၀၀ ဦးထံမှ ငွေကျပ်သိန်းတစ်သောင်းကျော် လိမ်လည်ထားတယ်ဆိုတဲ့ JMK အေဂျင်စီကို စတင်စစ်ဆေး

CoverLogo
732 Views

ထိုင်းနိုင်ငံသို့  ပို့ဆောင်ပေးမယ်ဆိုကာ  အလုပ်သမား ၅၀၀ ဦးထံမှ  ကျပ်သိန်းပေါင်း တစ်သောင်းကျော် လိမ်လည်ထားတယ်ဆိုတဲ့  JMK အေဂျင်စီကို ဒီကနေ့ဇွန်၅ရက်နေ့မှာ စတင်စစ်ဆေးနေတယ်လို့   သိရပါတယ်။

"ဒီကနေ့မှစစစ်တာ။ ဘာမှမကြားရ မသိရသေးဘူး" လို့ အေဂျင်စီ အသိုင်းအဝိုင်းမှ သိရပါတယ်။

အဆိုပါ JMK အေဂျင်စီအနေနဲ့ အလုပ်သမားတွေကို ထိုင်းနိုင်ငံ၊ ဖစ်ဘူရီမြို့၊ သုံးဘီးဆိုင်ကယ်စက်ရုံနဲ့ သံပန်းတံခါး အလုပ်တွေမှာ အလုပ်ရရှိ လုပ်ကိုင်ရမယ်ဆိုကာ အလုပ်သမား ၅၀၀ ဦးထံမှ  ကျပ်သိန်း တစ်သောင်းကျော်အထိ  လိမ်လည်ထားတာလို့ သတင်းတွေထွက်ပေါ်လာတာ​ကြောင့် ကရင်ပြည်နယ်အလုပ်သမားဦးစီးဌာနက ခေါ်ယူစစ်ဆေးတယ်လို့ သိရပါတယ်။

အဆိုပါအလုပ်သမားတွေဟာ  ထိုင်းကို ပို့ပေးမယ်ဆိုတာ စာချုပ်ချုပ်ထားပေမဲ့ ချုပ်ဆိုပြီး  ၇ လခန့်ကြာသည့်အထိ ထိုင်းနိုင်ငံသို့ပို့ဆောင်ပေးခြင်းမရှိသလို ကောက်ယူထားတဲ့ငွေကြေးပြန်လည်မပေးအပ်တဲ့အပြင် ပတ်စ်ပို့တွေ သိမ်းဆည်းထားတယ်လို့အလုပ်သမားတွေက ဆိုထားပါတယ်။

အဲဒီလိုသတင်းတွေထွက်ပေါ်လာတာကြောင့် ကရင်ပြည်နယ် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနကနေ စစ်ဆေးမှုပြုလုပ်ဖို့ဇွန်၁ရက်နေ့က ဆင့်ခေါ်ခဲ့တာဖြစ်ပြီး  ယနေ့ ဇွန်လ ၅ ရက်နေ့ နံနက် ၁၁ နာရီကတွေ့ဆုံစစ်ဆေးခဲ့တာဖြစ်ကာ ယင်းသို့တွေ့ဆုံစစ်ဆေးမှုနဲ့ပတ်သက်ပြီး လတ်တလောမှာတော့တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမျိုးတော့ မရှိသေးသလို ပြည်ပကိုအလုပ်သမားစေလွှတ်နေတဲ့အေဂျင်စီအသိုင်းအဝိုင်းမှာလည်း တစ်စုံတစ်ရာသိရှိရခြင်းမရှိသေးဘူးလို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026