NEWS

အလုပ်သမား ၁၀၀ ဝန်းကျင်နဲ့ လည်ပတ်နေတဲ့ HONE KONG ကြာဆံစက်ရုံမှာ အလုပ်သမား ၅၀ ကို အကြောင်းပြချက်မပေးဘဲ အလုပ်နားခိုင်း

CoverLogo
1.1K Views

ရန်ကုန် လှိုင်သာယာမြို့နယ် စက်မှုဇုန် ၁ မင်းသိဒ္ဓိကျော်စွာလမ်းမှာ ဖွင့်လှစ်ထားတဲ့ မြန်မာလူမျိုးပိုင်  HONE KONG  ကြာဆံစက်ရုံမှာ အလုပ်သမား ၁၀၀ ဝန်းကျင်နဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ပြီး အလုပ်သမား ၅၀ ဦးကို မည်သည့်အကြောင်းပြချက်မှမပေးဘဲ ဒေးကြေး ထက်ဝက်ပေးမယ်လို့ဆိုကာ အလုပ်ရပ်နားစေပြီး အိမ်ပြန်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

"ဇန်နဝါရီ ၁၈ ရက်နေ့ကပါ အလုပ်သမား ထက်ဝက်ကိုပေါ့နော် ဘာအကြောင်းပြချက်မှလဲ မပြောဘူး အစည်းအဝေးခေါ်ပြီးပြောတာ ဒေးကြေးထက်ဝက်ပေးမယ်ဆိုပြီး အိမ်ပြန်ခိုင်းတာ အခုဆို တပတ်ကျော်ပြီ ဘာမှလည်း မသိရတော့ဘူး အလုပ်ပြုတ်သလိုကြီးဖြစ်နေတာ"လို့ ရပ်နားခံရတဲ့ အလုပ်သမားက  Myanmar Labour News ကိုပြောပါတယ်။

အလုပ်ရှင်ဘက်က ပြောဆိုခဲ့တဲ့ ဒေးကြေးတစ်ဝက်ပေးမယ်ဆိုရာ မှာ ဘယ်နေ့ဘယ်အချိန် ဘာအကြောင်းကြောင့်ဆိုတာမျိုး အလုပ်သမားတွေကို ပွင့်ပွင့်လင်းလင်းပြောဆိုတာမရှိသလို စာရွက်စာတမ်းအထောက်အထားမရှိဘဲ အလုပ်သမားတွေနဲ့လဲ ညှိနှိုင်းဆောင်ရွက် ထားတာမျိုးလဲမရှိဘဲ အလုပ်သမား ၅၀ ကို အလုပ်ရပ်နားခိုင်းခဲ့တာလို့ သိရပါတယ်။

" အခု အနားခံရတဲ့ အလုပ်သမာတွေထဲမှာ လုပ်သက် ၇ နှစ် ၆ နှစ်တွေတောင်ပါတယ်။အနည်းဆုံးတောင် လုပ်သက် ၃ နှစ်ရှိပြီ။ ဘာအကြောင်းပြချက်မှ မပြောဘဲ အလုပ်မလာခိုင်းတာက ကျွန်တော်တို့ကို အလုပ်ထုတ်လိုက်တာလားလို့ သံသယရှိနေကြပါတယ်"လို့ စိုးရိမ်ပူပန်နေတဲ့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

ကြာဆံစက်ရုံလုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်နေစဉ်မှာပဲ အိမ်ပြန်နားခိုင်းတာ တပတ်ကျော်လာခဲ့ပြီ လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ လုပ်ကိုင်စဉ်ကလည်း လူမှုဖူလုံရေး ကြေး လစဉ် ၂၅၀၀ ကျပ်ထည့်ဝင်ရပေမယ့် ဖူလုံရေးကတ်မရတာ ခွင့်ရက်တွေခံစားခွင့်မရတာ တွေကြုံတွေ့ခံစားနေရပြီး အဆင်မပြေမှုတွေကို သွားရောက်ပြောဆိုရာမှာလည်း အလုပ်ထုတ်ခံရတာတွေရှိလို့ တိုင်ကြားရဲတာမရှိဘူးလို့လည်း အလုပ်သမားတွေထံကသိရပါတယ်။

"ကျွန်တော်တို့ကို အလုပ်ထုတ်လိုက်တာလားဆိုတာသိချင်ပါတယ်။ အခုချိန်မှာ အလိုချင်ဆုံးကအလုပ်ပါပဲ ။ တဖက်သက်ကြီးဆုံးဖြတ်ပြီးတော့ ဒေးကြေး တစ်ဝက်ဆိုတာလည်း အဆင်မပြေပါဘူး"လို့ အမည်မဖော်လိုတဲ့ အလုပ်သမားတစ်ဦးက ပြောဆိုပါတယ်။

#MyanmarLabourNews
 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026