ရွှေပြည်သာမြို့နယ်က အလုပ်သမား ၁၃၀၀ ခန့်နဲ့လည်ပတ်နေတဲ့ GTIG အထည်ချုပ်စက်ရုံဟာ စက်ရုံပိတ်သိမ်းမယ်လို့ဆိုထားပေမဲ့ သက်ဆိုင်ရာဌာနမှာ စက်ရုံပိတ် ခွင့်ပြုချက်တောင်းခံတင်ပြထားတာမရှိသေးဘူးလို့ အဲဒီစက်ရုံအလုပ်သမားအရေးကူညီနေသူထံမှ သိရပါတယ်။
" ကျွန်တော်တို့စုံစမ်းရသလောက်တော့ ခွင့်ပြုချက်တင်တာမရှိသေးဘူး။ ကျွန်တော်တို့သမဂ္ဂတွေကလည်း သူတို့ရဲ့ဥပဒေနဲ့အညီပေးတဲ့နစ်နာကြေးတွေကို စက်ရုံပိတ်ခွင့်ပြုချက်ရပြီဆိုမှလက်ခံနိုင်မယ်ပြောထားပါတယ်'"လို့ ဆိုပါတယ်။
စက်ရုံတွေအနေနဲ့ ပိတ်သိမ်းလိုပါက သက်ဆိုင်ရာ အလုပ်သမားရုံးသို့ ခွင့်ပြုချက်တင်ပြပြီး ခွင့်ပြုချက်ရမှသာ အလုပ်ပိတ်နစ်နာကြေးဥပဒေနှင့်အညီဖြေရှင်းဆောင်ရွက်ပြီးမှ ပိတ်ခွင့်ရမှာဖြစ်ပေမဲ့ GTIGစက်ရုံကတော့ ခွင့်ပြုချက်မတင်ထားဘဲ ဖေဖော်ဝါရီလ ၂၈ ရက်မှာ စက်ရုံပိတ်မယ့်အကြောင်း အလုပ်သမားတွေကို အသိပေးထားတယ်လို့ဆိုပါတယ်။
ဝါးတရာစက်မှူဇုန်မှာ ဖွင့်လှစ်ထားတဲ့ အဆိုပါGTIG အထည်ချုပ်စက်ရုံဟာ လုပ်ငန်းခွင်အငြင်းပွားမှုမကြာခဏဖြစ်ပေါ်နေတဲ့ စက်ရုံဖြစ်ပြီး အဲဒီစက်ရုံမှာ ဖြစ်ပေါ်နေတဲ့အလုပ်သမားအခွင့်အရေးချိုးဖောက်မှုအပေါ် တိုင်ကြားမှုတွေပြုလုပ်ခဲ့ရာ Brand ကုမ္ပဏီဘက်ကလာရောက်စစ်ဆေးပြီး အလုပ်ရှင်ရဲ့မှားယွင်းမှုတွေ့ရှိရလို့ အလုပ်ရှင် အလုပ်သမားပြေလည်မှုရရှိတဲ့ အထိ ညှိနှိုင်းပြေလည်မှုရရှိခဲ့ပြီးနောက် ယခုလိုပိတ်သိမ်းမယ်ဆိုတဲ့ကြေညာချက်ထွက်လာတာဖြစ်တယ်လို့ သ်ိရပါတယ်။
စက်ရုံဟာ ၂၀၁၇ တွင် စတင်ဖွင့်လှစ်ကာအလုပ်သမား ၁၃၀၀ နီးပါးခန့်ဖြင့် လည်ပတ်နေတာဖြစ်ပြီး ကော်ထိုက် ၅ ရုံတွဲမှာ ကော်ထိုက်၄ လို့လူသိများသလို အလုပ်သမားအခွင့်အရေးချိုးဖောက်မှူများ မကြာခဏဖြစ်ပွားတဲ့စက်ရုံလည်းဖြစ်တယ်လို့ သိရပါတယ်။
#YS
#MyanmarLabourNews