NEWS

အလုပ်သမား ဥပဒေပြောင်ပြောင်တင်းတင်းချိုးဖောက်မှုတွေအပါအဝင် အလုပ်ပိတ်ရက်ခံစားခွင့်များပါ မရရှိတော့တဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့ စက်ရုံအလုပ်သမားတွေပြော

CoverLogo
2.5K Views

လုပ်ငန်းခွင်အတွင်း ဥပဒေပါ ခံစားခွင့်တွေဖြစ်တဲ့ ၁၉၅၁ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ဉပဒေပါ ခံစားခွင့်များ မရရှိတော့ဘူးလို့ စက်မှုဇုန်အလုပ်သမားတွေက ပြောပါတယ်။ 

ရန်ကုန်တိုင်း ၊ ‌ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်(၄) တွင်ဖွင့်လှစ်ထားသော Sunrise Myanmar fashion garment တရုတ်နိုင်ငံသားပိုင် စက်ရုံမှာ  အလုပ်သမား (၁၈၀၀)ခန့်ဖြင့်အလုပ်လုပ်ကိုင်လျှက်ရှိပြီး  လုပ်ငန်းခွင်တွင်ချိုးဖောက်မှုတွေ များစွာဖြစ်ပေါ်နေတယ်လို့ ယင်းစက်ရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေက ပြောပါတယ်။

အဆိုပါ စက်ရုံမှာ Youth SELECT, FUWATECH, WMB, OVS, Quality, H&M,RUDIMENTI,VOWW အစရှိတဲ့ကုန်အမှတ်တံဆိပ်တွေ ချုပ်လုပ်တာ ဖြစ်တယ်လို့ သိရပါတယ်၊

လုပ်ငန်းခွင်ထဲမှာ အလုပ်နှင့်မသက်ဆိုင်ပဲ ရိုင်းစိုင်းစွာ ပြောဆိုတာနဲ့ အရှက်ရအောင် ဆဲဆိုမှုတွေကြောင့် လုပ်ငန်းခွင်ထဲမှာ ကျဉ်းကျပ်စွာ လုပ်ကိုင်နေရပြီး အလုပ်သမားတွေချုပ်လုပ်နိုင်ခြင်းမရှိတဲ့ စံချိန်တွေ တိုးမြှင့်သတ်မှတ်ထားတာကြောင့် နေ့စဉ် လိုင်းစူပါ တွေရဲ့ ကြိမ်းမောင်းအော်ဟစ်မှုတွေ ခံနေရတယ်လို့ ဆိုပါတယ်။

အဆိုပါ စက်ရုံလုပ်ငန်းခွင်မှာ တရုတ်နိုင်ငံသားတွေက လုပ်ငန်းခွင်အတွင်းအလုပ်သမားများပေါ် တိုက်ရိုက် အုပ်ချုပ်နေပြီး အလုပ်ခိုင်းစေရာတွင်ဆဲဆိုကြိမ်းမောင်းခြင်းနှင့် ခြေထောက်ဖြင့်ခိုင်းစေခြင်းများ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်အတွင်း ရေပူရေအေး ပေးမထားတာ ၊ အရေးပေါ် ထွက်ပေါက် မရှိတာ ၊ ဆေးခန်း ရှိပေမယ့် ဆေးမရှိတာ အလုပ်သမားများ ထိခိုက်ဒဏ်ရာရပါက ပြင်ပ ဆေးခန်းကို မိမိစရိတ်ဖြင့်သာ သွားရောက် ကုသမှုခံယူနေရတာတွေ အပါအဝင် ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စီမံမှုတွေ လစ်ဟင်းနေတယ်လို့ ဆိုပါတယ်။

"အလုပ််တစ်ရက်ပျက်တာနဲ့ ဝမ်တိမ်ထိုးရတယ် နေ့စားတွေ အစမ်းခန့် ၃ လပြည့်လို့ အမြဲတန်းဝမ်ထန်းမခန့်ပါဘူး ။ နေ့စဥ်တနင်္လာ နေ့မှသောကြာနေ့ထိကို ဒေးကြေး(၄၈၀၀) ကျပ်နှင့် အချိန်ပို (၂)နာရီကြေးပေးပါတယ် ။ စနေနေ့တွင် OT (၄)နာ ရီဆင်းရပြီ OT ကြေးမရရှိဘူးလို့ အဆိုပါစက်ရုံမှာ လုပ်ကိုင်နေတဲ့ အမည်မဖော်လိုတဲ့ အလုပ်သမားတစ်ဦးက ပြောဆိုပါတယ်။

ဒါ့အပြင် ဉပဒေပါ သတ်မှတ်ချက်တွေထက်ကျော်လွန်တဲ့ ည ၁၂ နာရီထိ အချိန်ပိုခေါ်တာတွေ 
တနင်္ဂနွေနေ့မှာ  အလုပ်သမားများ၏ သဘောဆန္ဒမပါပဲအချိန်ပိုအားအတင်းကျပ်ခိုင်းစေတာတွေ ပြုလုပ်ပြီး အချိန်ပိုမဆင်းသည့်အလုပ်သမားများအား (၃)ရက် ဆက်တိုက် OTမပေးဘဲ အရေးယူခြင်းများပြုလုပ်တယ်လို့ ဆိုပါတယ်။

အကြောင်းမဲ့ အလုပ်ထုတ်တာတွေလည်းရှိပြီး အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်  EC အရ ကိုက်ညီမှုမရှိဘဲ ဉပဒေမဲ့ အလုပ်ထုတ်တာတွေ ပြုလုပ်နေတာကြောင့် လုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲတွေ ပြည့်နှက်နေတယ်လို့ ယင်းစက်ရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေက ဆိုပါတယ်။

 

 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026