NEWS

အလုပ်သမား အရေးဆောင်ရွက်သူအမျိုးသမီးကို လူမှုကွန်ယက်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုခဲ့တဲ့ စက်ရုံမန်နေဂျာကို အရေးယူပေးစေလိုဟုဆို

CoverLogo
540 Views
 
အလုပ်သမားသမဂ္ဂခေါင်းဆောင်ဟောင်းကို သမဂ္ဂမဖွဲ့လို့ အလုပ်ကနေ အတင်းအကျပ် ထုတ်ပယ်ခဲ့တဲ့ Dishang Fashion ( Myanmar) စက်ရုံအကြောင်း လူ့မှု့ကွန်ယက်မှတဆင့် သတင်းဖော်ပြခဲ့ရာမှာ အဆိုပါသတင်းမှာ မှတ်ချက်ဝင်ရောက်ရေးသားခဲ့တဲ့ အလုပ်သမားအရေးဆောင်ရွက်သူအမျိုးသမီးကို အဆိုပါ စက်ရုံမန်နေဂျာ ( ဟုစုံစမ်းသိရှိရသူ) က ပုဂ္ဂိုလ်ရေးရာ ထိပါးစော်ကားတဲ့ စကားလုံးတွေနဲ့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
အဆိုပါ အမျိုးသမီးအနေနဲ့ နာမည်ကြီးအမှတ်တံဆိပ် ONLY ချုပ်စက်ရုံမှာ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်ကို ချိုးဖောက်တာဟာ ရှက်စရာကောင်းကြောင်း ဝင်ရောက်မှတ်ချက်ပြုခဲ့တာပါ။
ထပ်မံပြီး "အာဏာသိမ်းပြီးနောက်စက်ရုံက သမဂ္ဂတွေကို သေဆုံးသွားသည့်မန်နေဂျာမှ သမဂ္ဂဖြိုးခွင်းမှု ဘယ်လိုလုပ်ခဲ့တယ်၊ ဖိအားပေးခဲ့တယ်ဆိုတာ အစအဆုံးသိပါတယ်။ လက်ရှိ မန်နေဂျာ၊ HR တွေက သမဂ္ဂဖွဲ့ဖို့နဲ့ စက်ရုံးမှူးက ဒီလူတွေကိုမလိုချင်လို့ တောင်းသလောက်ပေးမယ်ဆိုပြီး HR ကို ပြောခိုင်းတယ်။ ချုပ်နေတဲ့ တံဆိပ်ကိုမှ အားမနာ။ HR တွေ၊မန်နေဂျာတွေလည်း ခေတ်မပျက်ခင်တုန်းကလည်း ကျင့်ဝတ်မရှိဘူး။ခေတ်ပျက်တော့ ဘယ်သူသေသေ ငတေမာရင်ပြီးရင် လုပ်စားနေကြတယ်။ HR ဆိုတာ ကိုယ့်တာဝန်ဝတ်တရားကဘာလဲ သေချာသိအောင်အရင်လုပ်ကြအုန်း။ငတ်တိုင်း ခွေးတိုးပေါက်ကဝင်ပြီး HR လုပ်စားမနေကြနဲ။ WCC တွေလည်းထပ်ပြောအုန်းမယ်။ ကိုရဲ့ စံတန်းဖိုးကိုယ်နားမလည်။ အလုပ်သမားကိုယ်စားပြု ကိုယ်စားလှယ်ဆိုတာ အလုပ်ရှင်က စည်းကမ်းထိန်းသိမ်းရေးလိုလို ၊ ကြီးကြပ်ရေးလိုလိုလုပ်ဖို့မဟုတ်ဘူး။ လုပ်ငန်းခွင်အတွင်း အလုပ်သမားအခြေနေ၊အလုပ်ရှင်းအခြေအနေကို ထိန်းညှိပေးဖို့၊ နင်တို့လည်းနော် ကိုယ့်ကို ဘာဖြစ်လို့ဖြစ်နေမှန်းမသိ။ အလုပ်ရှင် လက်ကိုင်းတုတ်လုပ်နေတယ်ဟုတ်လား။ နင်တို့ကိုမပြောချင်းပေမဲ့ နင်တို့လုပ်ရက်တွေ ဆင်ချင်ကြ။ ရှက်တက်ကြ။ကိုယ်ဆောင်းထားတဲ့ဦးထုပ်က ဘာလဲဆိုတာ" ဆိုပြီး မှတ်ချက်ထပ်မံရေးသားခဲ့ပါတယ်။
ဒါပေမယ့် အဲ့ဒီစက်ရုံက မန်နေဂျာဟု စုံစမ်းသိရသူ Sattkyar Walar Oak Soe အကောင့်မှ မှတ်ချက် အမြောက်အများနဲ့ ပြန်လည်တုန့်ပြန်ခဲ့သလို အဆိုပါ အမျိုးသမီး သမဂ္ဂခေါင်းဆောင်ရဲ့ လူမှုကွန်ယက် မက်ဆင်ဂျာတွင် ရိုင်းစိုင်းသည့် စကားရပ်များ ပြောဆိုခဲ့တာဖြစ်လို့ မဖြစ်သင့်ဘူးလို့ အလုပ်သမားအခွင့်အရေးဆောင်ရွက်သူအချို့ကမှတ်ချက်ပြုပါတယ်။
"စက်ရုံမန်နေဂျာက အလုပ်သမားအရေးကူညီနေတဲ့ အမျိုးသမီးခေါင်းဆောင် တယောက်ကို လူမှုကွန်ယက်မှာ မိုက်မိုက်ရိုင်းရိုင်းစော်ကားပြောဆိုယုံတင်မကဘူး ပါစင်နယ်ထိပါ လိုက်ပြီးတော့ လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ စကားတွေပြောတာ လက်ခံနိုင်စရာမရှိဘူး ဒီစက်ရုံဆိုရင် စက်ရုံထဲမှာ အမျိုးသမီးလုပ်သား ရာနဲ့ချီပြီးလုပ်ကိုင်နေတဲ့အထည်ချုပ်စက်ရုံဖြစ်တယ်။ ဒီလိုအထည်ချုပ်စက်ရုံမှာ ဒီလို ရိုင်းစိုင်းတဲ့HR မန်နေဂျာတယောက်က လိင်ပိုင်းဆိုင်ရာ စော်ကား ပြောဆိုမှုရေးသားမှုတွေ အမျိုးသမီး ပေါ်လုပ်တယ်။ ဒီစက်ရုံမှာ HR မန်နေဂျာအဖြစ် တာဝန်ယူဆောင်ရွက်နေတာဖြစ်တဲ့အတွက် ဒီလိုHR မန်နေဂျာမျိုးရှိတဲ့စက်ရုံမှာ အမျိုးသမီးတွေရဲ့ လုံခြုံမှုဘယ်လောက်ရှိမလဲ၊ လိင်ပိုင်းဆိုင်ရာစော်ကားမှု ဘယ်လောက်ထိရှိလာနိုင်မလဲဆိုတာထည့်သွင်းစဉ်းစားဖို့လိုတယ်။ Brands တွေကလည်း ဒီချိန်မှာ အလုပ်သမားအခွင့်အရေး၊လူ့အခွင့်အရေးတွေနဲ့ပတ်သက်ပြီး ကာကွယ်ပေးနိုင်ခြင်းမရှိပါဘူး။ ILO ပြဌာန်းချက် 190 ကို စက်ရုံက တာဝန်ရှိသူတွေက လိုက်နာမှုမရှိဘူး၊အမျိုးသမီးများအပေါ် လေးစားမှုမရှိဘူးဆိုတာကို ပြလိုက်တာဖြစ်တယ်။လက်ရှိ စက်ရုံအလုပ်ရုံတွေမှာ စက်ရုံတာဝန်ရှိတယ်ဆိုတဲ့ သူတွေ၊ အော်စူပါ၊စူပါတွေက လုပ်ငန်းခွင်ထဲမှာ နေ့စဉ်နဲ့အမျှ ဆဲဆိုပြီးခိုင်းစေတာတွေရှိတယ်။ ဒီလို အမျိူသမီး တွေအပေါ် အကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ထိပါးပြောဆို‌ေနကြတာဖြစ်တယ်။ စက်ရုံအလုပ်သမား တွေအပေါ် ဆဲဆိုခြင်း၊ လိင်ပိုင်ဆိုင်ရာထိပါးမှုရှိ‌‌ နေတာကိုလည်း စက်ရုံပိုင်ရှင်တွေ ဒီအချက်ကို ထည့်တွေးသင့်တယ်၊ ဒါသည် ILO ပြဌာန်းချက်များကို ချိုးဖောက်နေကြတာဖြစ်တယ်"လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် မှ အလုပ်သမားအရေးဆောင်ရွက်သူတစ်ဦးကပြောပါတယ်။
အခုလို လုပ်ငန်းရာထူးအပေါ် စောင့်ထိန်းမှုမရှိဘဲ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှု ကျူးလွန်ခဲ့တဲ့သူကို တစုံတရာအရေးမှုပြုလုပ်စေလိုတယ်လို့ ယင်းက ဆက်လက် ပြောဆိုပါတယ်။

Related posts

Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး ဆောင်းဆိုမှု ခြိမ်းခြောက်ခံနေရ
Feb 25, 2026
Cover
Golden Propitious (Myanmar) အထည်ချုပ် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်နေရ
Feb 24, 2026
Cover
Hanfex Garment အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း၊ မဆင်းလို့ အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026
Cover
WHN Garment ခွင့်ယူပါက ဂရိတ်ချ၊ ရက်မှန်ကြေး ဖြတ်၊ သရဲပူးသည်ဟုဆိုကာ ဝမ်တိန်ထိုးရ
Feb 23, 2026
Cover
SANYAN OUTDOOR Co,. Ltd မှ လုပ်သားများ လုပ်ခလစာတိုးမြှင့်ရေးဆိုင်ရာ တောင်းဆိုမှုစတင်ပြုလုပ်နေ
Feb 23, 2026
Cover
Jie Sen Garment (Myanmar) စက်ရုံ အလုပ်သမား ၄၀ အား အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar LNY CAPS (1) စက်ရုံ ပုတ်ပြတ်လုပ်သားများအား အချိန်ပို ၆၁ နာရီ အဓမ္မခိုင်းစေနေ
Feb 23, 2026