NEWS

အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ Wonderful Apparel Co.Ltd စက်ရုံအလုပ်သမားတွေပြော

CoverLogo
1.3K Views

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုန် ဟန်စတီးပါဝါလမ်း မှာဖွင့်လှစ်ထားတဲ့ Wonderful Apparel Co.Ltd အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးခံစားခွင့်မရရှိဘဲ ချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင်အတွင်း စံချိန်ကိုတိုးမြှင့်သတ်မှတ်ထားပြီး စံချိန်မပြည့်ပါက အချိန်ပိုဆင်းကာ ချုပ်လုပ်ပေးရတာကြောင့် အိုတီကြေးမရှင်းပေးဘဲ ခိုင်းစေတာ ခွင့် ခံစားခွင့်များမရရှိတာ နဲ့ တရုတ်နိုင်ငံသားက တိုက်ရိုက်အုပ်ချုပ်ခွင့်မရှိဘဲ အလုပ်သမားတွေကို တိုက်ရိုက်အုပ်ချုပ် နေတာတွေပြုလုပ်လျှက်ရှိနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ဦးရေ ၄၅၀ ကျော်နဲ့ လည်ပတ်နေတာဖြစ်ပြီး Pimkie၊ SOHO၊ KIABI  စတဲ့အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါ အထည်ချုပ်လုပ်ငန်းခွင်မှာ ခေါင်းစွပ် အနွေးထည် တွေ ချုပ်လုပ်နေတာဖြစ်ပြီး ပုံမှန်အလုပ်ချိန်မှာ နံနက် ၈ နာရီမှ ည ၇ နာရီ ၃၀ မိနစ်ထိ ဖြစ်ပြီး  ည ၁၂ နာရီ ထိ၊ ဒါမှမဟုတ် ညလုံးပေါက် ဆင်းရတာတွေရှိပြီး အိုတီကြေးမရရှိဘဲ အလကားဆင်းပေးနေရတာလို့ အလုပ်သမားကပြောပါတယ်။ 

အထည်စံချိန်များကို အလုပ်သမားမချုပ်လုပ်နိုင်တဲ့ ပမာဏ သတ်မှတ်တောင်းခံပြီး တရက်ထက်တစ်ရက် ပိုမိုတိုးတောင်းတာ စက်သမားတစ်ဦးလျှင် ပွိုင့် ၂ ပွိုင့် ချုပ်ရတာ စံချိန်ကို တစ်နာရီလျှင် ၁၀၀ နှုန်းသတ်မှတ်ထားတာတွေကြောင့် ရေမသောက်ပဲ စက္ကန့်မလပ် ချုပ်လုပ်သော်လည်း စံချိန်မပြည့်တာကြောင့် တောင်းဆိုထားတဲ့ ပမာဏ ပြည့်မီဖို့ အချိန်ပိုဆင်းကာ ချုပ်လုပ်ပေးရတာဖြစ်တယ်လို့ အလုပ်သမားကပြောပါတယ်။ 

"အိမ်သာမသွား ရေမသောက်ဘဲ သူတို့တောင်းတဲ့ စံချိန်ရအောင်ချုပ်တာတောင် စံချိန်ကမပြည့်ဘူး အဲ့လိုဆိုရင် ညဘက်အချိန်ပိုဆင်းပြီး ချုပ်ပေးရတယ် အချိန်ပိုကြေးမပေးပါဘူး မဆင်းဘူးဆိုရင် အောစူပါတွေ စူပါတွေက ဖိအားပေးတာ ခွဲခြားဆက်ဆံတာတွေလုပ်တယ်" လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေကို အကြပ်ကိုင် ဖိအားပေးခိုင်းစေတဲ့ ကြီးကြပ်ရေးအလုပ်သမားတွေကို အလုပ်ရှင်ဘက်က အခွင့်အရေးများ ပေးခြင်း   လစာကောင်းမွန်ခြင်း တို့ ကြောင့် အလုပ်သမားတွေကို ပိုမိုဖိနှိပ် ခိုင်းစေနေတာလို့လည်း အလုပ်သမားကပြောဆိုပါတယ်။ 

နိုင်ငံခြားသား တရုတ်အမျိုးသမီးမှ တိုက်ရိုက်အုပ်ချုပ်ပြီး ခြေထောက်ဖြင့် ကန်ကြောက်ပြောဆိုခိုင်းစေတာ တွေလည်း ပြုလုပ်တယ်လို့ ဆိုပါတယ်။ 

လုပ်ငန်းခွင်အတွင်းမှာ နေ့စားအလုပ်သမားတွေ ကို ဒေးကြေး ၃၆၀၀ ကျပ် အိုတီကြေး ၉၀၀ ကျပ်ဖြင့် ခိုင်းစေပြီး လုပ်သက် ၃ လ မပြည့်ခင် အလုပ်ထုတ်ပစ်တာတွေ ပြုလုပ်လျှက်ရှိတာကြောင့် နေ့စားသမားတွေအတွက် အခက်အခဲတွေ ကြုံနေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။ 

အဲ့ဒီအထည်ချုပ်လုပ်ငန်းခွင်အတွင်းမှာ အောလင်း အောနိုက် ( ညလုံးပေါက် ) ဆင်းရတာ တနင်္ဂနွေနေ့တွေမှာ ပိတ်ရက်မရှိဘဲ ဆင်းနေရတာ အချိန်ပိုဆင်းရန်ငြင်းဆန်ပါက နောက်ရက်များတွင် အလုပ်လာရန်မလို ဟု အကြပ်ကိုင် တာကြောင့် ငြင်းဆန်လို့ မရဘဲ ဆင်းပေးနေရတာဖြစ်တယ်လို့ ဆိုပါတယ်။

နေ့စဉ်ရက်ဆက် လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်နေရတာကြောင့် အလုပ်သမားတွေအနေနဲ့ အိပ်ရေးပျက်တာ ကျန်းမာရေးထိခိုက်တာတွေရှိနေပြီး ခွင့်ခံစားခွင့်များလည်း မရရှိဘူးလို့ ဆိုပါတယ်။

"နေထိုင်မကောင်းလို့ ခွင့်တိုင်ရင် အပြောအဆိုခံရတယ် အဲ့နေ့ နားလိုက်ရင် ခွင့်မဲ့ သတ်မှတ်တယ် ဒေးကြေး ၄၈၀၀ နဲ့ ရက်မှန်ကြေး  ၂၀၀၀၀ စုစုပေါင်း ၂၄၈၀၀ ကျပ် ဖြတ်တောက်ခံရတယ် ဒါကြောင့် နေ့မကောင်းရင်တောင် မပျက်ရဲဘူး " လို့ အမည်မဖော်လိုတဲ့ အလုပ်သမားကပြောပါတယ်။ 

အလုပ်သမားတွေအနေနဲ့ ယခုကဲ့သို့ လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေးချိုးဖောက်မှုများကို ခံစားကြုံတွေ့နေရပြီး လုပ်ငန်းခွင်ဆိုင်ရာ ပြသနာတွေကို ဖြေရှင်းပေးစေလိုတယ်လို့ ဆိုပါတယ်။ 

အလုပ်သမားတွေကို ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များ ပေးရန် အလုပ်သမားတွေ ချုပ်လုပ်နိုင်တဲ့ စံချိန်သာတောင်းခံရန် ဆဲဆိုခြင်းမပြုလုပ်ရန် အိုတီဆင်းရပါက လုပ်အားခ ရှင်းပေးရန် ခွဲခြားဆက်ဆံတာတွေမလုပ်ရန် နိုင်ငံခြားသားမှ တိုက်ရိုက်အုပ်ချုပ်ခြင်းမပြုလုပ်ရန် အောလင်းအောနိုက်များခေါ်ပါက အလုပ်သမားတွေရဲ့ သဘောဆန္ဒကို မေးမြန်း ရန် စတာတွေကို ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။ 

#MyanmarLabourNews


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026