NEWS

အလုပ်သမား အခွင့်အရေးဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီ ဖမ်းဆီးပြီးနောက် ၇ ဦးထပ်မံ ဖမ်းဆီးကာ ရုံးကိုသော့ခတ်သွား

CoverLogo
361 Views
 
အလုပ်သမားအခွင့်အရေးလှုပ်ရှား ဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီက ဇူလိုင် ၂၅ ရက်ည ၉ နာရီ ၃၀ ခန့်မှာ ရပ်ကွက် အုပ်ချုပ်ရေးမှူး နဲ့ အရပ်ဝတ် ၁၀ ဦးခန့်က ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပြန်လွှတ်ပေးခြင်းမရှိသလို သမီးဖြစ်သူအပါအဝင် နောက်ထပ် ၇ ဦးကို ဇူလိုင် ၂၈ ရက်ညမှာ ထပ်မံဖမ်းဆီးသွားတာပါ။
 
သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (မြန်မာ) STUM ဦးဆောင်သူ ဖြစ်တဲ့ ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီက ၂၀၂၁ ဧပြီ ၁၅ ရက်မှာလည်း ပုဒ်မ ၅၀၅ (က) နဲ့ ၆ လကြာ ဖမ်းဆီးထောင်ချခဲ့ပြီး အခုလို ထပ်မံဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။
 
အလုပ်သမားအခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးနဲ့ သမီးဖြစ်သူ အပါအဝင် စုစုပေါင်း ၈ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားသလို ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ နဝရက် လမ်းမှာရှိတဲ့ STUM ရုံးခန်းကိုလည်း သော့ခတ်သွားတယ်လို့ သိရပါတယ်။
 
ဖမ်းဆီးခံထားရတဲ့ ဒေါ်မျိုးမျိုးအေးဟာ ကျန်းမာရေးအရ ဆေးဝါးပုံမှန်သောက်သုံးဖို့လိုအပ်တဲ့ အခြေအနေမှာရှိနေတာကြောင့် စိုးရိမ်နေရတယ်လို့ သိရပါတယ်။
 
နောက်ထပ်ဖမ်းဆီးခံရသူ တွေထဲမှာ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၃ ဦး ပါဝင်ပြီး အားလုံးကို မည်သည့်နေရာကို ခေါ်ဆောင်သွားတယ်ဆိုတာ သိရှိရသေးခြင်းမရှိသလို အဆက်အသွယ်ရတာမရှိဘူးလို့ နီးစပ်သူတွေထံက သိရပါတယ်။

Related posts

Cover
Asian Just စက်ရုံ လုပ်ခလစာ နှစ်ကြိမ် ခွဲထုတ်ပေးမှု အလုပ်သမားများ အခက်ကြုံ
Oct 24, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး ကို အမှုများပြန်လည်ရုတ်သိမ်းကာ လွှတ်ပေးသော်လည်း ဆက်လက် တရားရင်ဆိုင်နေရ
Oct 24, 2025
Cover
Mayfair စက်ရုံအလုပ်သမားများ လုပ်အားခနှင့် အခွင့်အရေးများ ချိုးဖောက်ခံနေရ
Oct 24, 2025
Cover
CHI MEI အထည်ချုပ်စက်ရုံ လုပ်ငန်းရပ်ဆိုင်းရန်ပြင်ဆင်မှု အလုပ်သမားဥပဒေများအား ချိုးဖောက်
Oct 23, 2025
Cover
Myanmar Huasheng Kefu Fashion Co.,ltd အချိန်ပိုဖိအားဆင်းခိုင်းပြီး ဥပဒေမဲ့ အလုပ်ထုတ်
Oct 23, 2025
Cover
အပိုထောက်ပံ့ကြေး ၁၀၀၀ ကျပ် မရသည့် လုပ်သားများ တိုင်ကြားနိုင်ဟု စစ်ကော်မရှင်၊ အလုပ်သမားဝန်ကြီးဌာန ကြေညာ
Oct 21, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး၊ ကိုသက်နှင်းအောင် နှင့် မသက်ထားဆွေ တို့ အင်းစိန်ထောင် မှပြန်လည်လွတ်မြောက်
Oct 20, 2025
Cover
Sun Star အထည်ချုပ်စက်ရုံ တစ်လ အချိန်ပိုနာရီ ၂၀၀ ကျော်ပြီး လုပ်ခ အပြည့်မရ
Oct 20, 2025