NEWS

အလုပ်သမား သုံး ဦးကိုဓါးထောက်ကြိုးတုပ်ကာအထည်ချုပ် စက်ရုံအတွင်းမှ ATM စက်ကိုဖောက်ထွင်းပြီးပိုက်ဆံများခိုးယူသွား

CoverLogo
4.3K Views

ရန်ကုန်တိုင်းဒေသကြီး  လှိုင်သာယာမြို့နယ် ၊ စက်မှုဇုန် ၂ အတွင်းက SIOEN Myanmar အထည်ချုပ်စက်ရုံမှာ အလုပ်သမား သုံး ဦးကိုဓါးထောက်ကြိုးတုပ်ကာအထည်ချုပ် စက်ရုံအတွင်းမှ ATM စက်ကိုဖောက်ထွင်းပြီးပိုက်ဆံများခိုးယူမှု စက်တင်ဘာ၃ရက်က ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ဖြစ်စဉ်မှာ "စက်တင်ဘာ၃ရက်နေ့ မနက် ၃ နာရီဝန်းကျင်လောက်မှာခန့်မှန်းခြေလူ ၆ ယောက်ခန့်ကစက်ရုံရဲ့တံခါးကိုဖွင့် ခိုင်းခဲ့ပါတယ်။ စက်ရုံရဲ့လုံခြုံရေးတွေကဖွင့်မပေးတဲ့အတွက်အုတ်တံတိုင်းနံရံပေါ်မှကျော်တက်ပြီးအထဲကိုဝင်ခဲ့ပါတယ်။အထဲရောက်တဲ့အခါမှာ CCTV တွေကိုဖြုတ်ပြီး လုံခြုံရေး ၃ ဦး ကားသမား ၂ ဦး ကို ဓား နဲ့ထောက်ကြိုးနဲ့တုပ်ပြီး ATM စက်ကိုဖောက်ထွင်းပြီးအထဲကငွေများကိုယူဆောင်သွားတယ်လို့ အလုပ်သမားများကဆိုတယ်လို့" FGWM တာဝန်ရှိသူထံကသိရပါတယ်။

ခိုးယူသွားမှုမှာ ငွေကြေးဘယ်လောက်ပါသွားတယ်ဆိုတာကတော့ အတိအကျမသိရှိရေသးပါဘူး။

ဖြစ်ပွားပြီး မနက် ၇ ကျော်ဝန်းကျင်လောက်မှာတော့  စစ်သားနဲ့ရဲတပ်ဖွဲ့ များရောက်လာပြီးစစ်ဆေးမှု့တွေပြုလုပ်နေတာကို တွေ့ရတယ်လို့  အလုပ်သမားတစ်ဦးက ဆိုပါတယ်။

လွန်ခဲ့သောတစ်လလောက်ခန့်က  အဆိုပါစက်ရုံမှာ  လစာဘယ်နေ့ထုတ်မှာလဲလို့  စက်ရုံကဖယ်ရီကားတွေဘယ်အချိန်ပြန်လွတ်လဲဆိုပြီး  ဆိုင်ကယ်နဲ့ လူလေးငါးယောက်က စက်ရုံရှေ့မှာမုန့်ရောင်းနေတဲ့ဈေးသည်တွေကိုမေးမြန်းမှု့တွေရှိခဲ့တယ်ဆိုပြီး  အလုပ်သမားများ မှပြောပြချက်အရ သိရပါတယ်။

MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026