NEWS

အလုပ်သမား သဘောဆန္ဒမပါဘဲ ရက်အစားထိုးခြင်းအား အတင်းအကျပ်ပြုလုပ်

CoverLogo
1K Views

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ၊၁၃ရပ်ကွက် မဥ္ဇူလမ်း ကွင်းအမှတ်(၅၂စီးပွားဇုန်) ရှိ Hakers Enterprise Myanmar အထည်ချုပ် စက်ရုံမှာ

အလုပ်သမားသဘောဆန္ဒမပါဘဲ တနလာ်နေ့အစား တနဂ်နွေနေ့ အား ရက်အစားဆင်းရမယ်လို့ ဆိုပါတယ်။

 

" တနဂ်နွေ OTခေါ်ရင် နှစ်ဆပေးရမယ် ခုက နှစ်ဆမပေးချင်ဘဲ တနလာ်နေ့အစားဆိုပြီး လုပ်တယ် ၊ တနဂ်နွေပိတ်ပြီး တနလာ်ပြန်ဆင်း အင်္ဂါနေ့ ပြန်ပိတ် ဆိုတော့လဲ မလုပ်ချင်ဘူး တနဂ်နွေ ၂ဆလဲမပေးချင်ဘူး စက်ရုံဘက်က အလုပ်သမားတွေနဲ့ ညှိ့ညှိ့နှိုင်းနှိုင်းမလုပ်ဘူး အတင်းအကြပ်လက်မှတ်ထိုးခိုင်းနေလို့မကျေနပ်တာ"လို့ အလုပ်သမားတစ်ဦးက ပြောဆိုပါတယ်။

 

အများပြည်သူရုံးပိတ်ရက်တွေနဲ့ အခါကြီးပိတ်ရက်တွေမှာ အလုပ်ဆင်းရပါက အလုပ်သမားဥပဒေအရ ဒေးကြေးကို ပုံမှန်ထက် ၂ ဆ နှုန်းနဲ့ပေးချေရမှာဖြစ်ပေမဲ့ ပေးချေစရာမလိုအောင် ရက်အစားထိုးဆင်းခိုင်းတဲ့နည်းနဲ့ဖြေရှင်းတာဖြစ်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

 

 

" စက်ရုံက တနလာ် ၊ အင်္ဂါ(ဝါဆိုလပြည့်နေ့)ပိတ်ပေးမယ် တနလာ်နေ့အစား တနဂ်နွေနေ့ကို ရက်အစားဆင်းပေးရမယ်ဆိုပြီး လိုင်းကြီးကြပ်ရေးမှူး Super Leader တွေက အတင်းအကြပ်လက်မှတ်ထိုးခိုင်းတယ် ၊ သဘောမတူဘူး လက်မခံဘူးဆိုပြီး လက်မှတ်မထိုးပေးတဲ့သူတွေကိုလဲ HR ကခေါ်ဆူတယ်၊ ညီမတို့အလုပ်သမားတွေက တနဂ်နွေ တနလာ် အင်္ဂါ ပိတ်ပေး စနေနေ့ကို နေ့ဝက်အစားပြန်ဆင်းပေးမယ်ဆိုတာကို လက်မခံဘူး"လို့အဆိုပါ စက်ရုံမှ ဝန်ထမ်းတစ်ဦးကပြောဆိုပါတယ်။

 

အဆိုပါစက်ရုံသည် တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး

REGATTA တံဆိပ်ကိုချုပ်လုပ်နေတာဖြစ်ပါတယ်။

 

#MyanmarLabourNews 

 


Related posts

Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026