NEWS

အလုပ်သမားဦးစီးဌာနမှ စစ်ကောင်စီနှင့် ဖမ်းဆီးခိုင်းဟု SM Myanmar Garment ပိုင်ရှင် ပြောဆို

CoverLogo
150 Views
 
အလုပ်သမာရေးရာ ဆက်ဆံရေးဦးစီးဌာနက တာဝန်ရှိသူတွေက စစ်ကောင်စီနှင့် ဖမ်းဆီးခိုင်းတယ်ဆိုပြီး SM Myanmar Garment ပိုင်ရှင် ပြောဆိုတယ်လို့ လုပ်ခလစာတိုးမြှင့်ပေးရေးတောင်းဆိုမှု ပြုလုပ်နေတဲ့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံ သူဌေးမ Ms Gu Changyu နဲ့ HR မန်နေဂျာ ဒေါ်ကြည်ကြည်ဟန်တို အလုပ်သမားတွေဆီ ရောက်လာ တယ်။ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနက နင်တို့ကို စစ်ကောင်စီခေါ်ပြီး ဖမ်းခိုင်းလိုက်လို့ ပြောလိုက် တယ်လို့ သူတို့က ပြောတာ။ လာပြီး ခြိမ်းခြောက်တာ။ ” လို့ ပြောပါတယ်။
 
တောင်းဆိုမှုကို ဦးဆောင်သူ အလုပ်သမားတွေက လက်ရှိအခြေအနေတွေနဲ့ အခက်အခဲတွေကို လှိုင်သာယာ အနောက်ပိုင်း အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနကို ဖုန်းဆက် အသိပေးပြီးနောက် စက်ရုံပိုင်ရှင်နဲ့ HR မန်နေဂျာတို့က အခုလို လာရောက်ပြောကြားခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
SM Myanmar Garment Co.,Ltd အထည်ချုပ်စက်ရုံ အလုပ်သမားတွေက လုပ်ခလစာ တိုးမြှင့်ပေးဖို့ အပါအဝင် အချက် ၄ ချက်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်မှာ စတင် တောင်းဆိုခဲ့တာလို့ မြန်မာနိုင်ငံ အထွေထွေ အလုပ်သမား သမဂ္ဂများ အဖွဲချုပ် - FGWM ဆီက သိရပါတယ်။
 
“အလုပ်သမားတွေက စားဝတ်နေရေး ကျပ်တည်းလွန်းလို့ ဥပဒေအရ ရပိုင်ခွင့်ကို အေးဆေးတောင်းနေတာပါ။ ဖမ်းဖို့လို မလိုတော့ လက်ရှိ အခြေအနေတွေကို လာကြည့်လို့ရပါတယ်။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
လက်ရှိ ကုန်ဈေးနှုန်း၊ အဆောင်လစာတွေက အဆမတန်မြင့်တက်နေပြီး ပေးချေနေတဲ့ လုပ်ခလစာနဲ့က အဆင်မပြေ ဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် ကျွမ်းကျင်ကြေးကို အလုပ်သမား အနည်းငယ်ကိုသာ စက်ရုံဘက်က အမြင့်ဆုံးပေးထားပြီး ခွဲခြားဆက်ဆံနေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“ အခု စက်ရုံဘက် ကပေးထားတဲ့ လစာနဲ့ ဘယ်လိုမှ မလောက်ဘူး။ ဒေးကြေးလည်း မတူဘူး။ စက်လိုင်းထဲမှာ ဒေးကြေး ဂရိတ် A+ ကို ၁၁၀၀၀ ပေးတယ်။ ဒါပေမယ့် အဲ့လိုရတာ လိုင်းတစ်လိုင်းမှာ ၄ယောက်ပဲ ရှိတယ်။ ကျန်တဲ့ အလုပ်သမားတွေက ၁၀၅၀၀ ၊ ၁၀၀၀၀ အဲ့လို ဂရိတ်အလိုက် လျော့သွားတယ်။ အနိမ့်ဆုံး ၈၈၀၀ ပဲရတယ်။ တခြားဌာနက အလုပ်သမားလဲ ၈၈၀၀ ပဲ ပေးတယ်။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
ဒီလို့ အခြေအနေတွေကြောင့် ဒေးကြေး ၁၂,၀၀၀ ကို တန်းတူပေးဖို့ ၊ အချိန်ပို (OT) ကြေး တစ်နာရီ ၂,၀၀၀ သတ်မှတ်ဖို့ ၊ ရက်မှန်ကြေးကျပ် ၅၀,၀၀၀ ကျပ် ပေးဖို့နဲ့ အများပြည်သူအလုပ်ပိတ်ရက်နှင့် တနင်္ဂနွေနေ့တွေမှာ အချိန်ပိုကြေးကို ဥပဒေအတိုင်း ဒေးကြေး နှစ်ဆ ပေးဖို့ကို တောင်းဆိုကြတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
SM Myanmar Garment Co.,Ltd ပိုင် အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြိုနယ်၊ ရွှေသံလွင်စက်မှုဇုန်၊ မင်းဧရာလမ်းမှာ ရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိရပါတယ်။ အလုပ်သမား ၄၅၀ ဝန်းကျင် လုပ်ကိုင်နေပြီး Sinsay , AMISU စတဲ့ တံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026