NEWS

အလုပ်သမားဥပဒေပါရပိုင်ခွင့်များသိရှိရေး ဦးစီးဌာနမှ ကွင်းဆင်းအသိပညာပေးဆွေးနွေးနေဟု ဆိုသော်လည်း အမှန်တကယ် ချိုးဖောက်ခံရမှုများကို ဖြေရှင်းမပေး

CoverLogo
268 Views

အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနက အလုပ်သမားဥပဒေပါ ရပိုင်ခွင့်တွေ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို သင်ထောက်ကူပြုမော်တော်ယာဉ် အသုံးပြုကာ က အသိပညာပေးဆွေးနွေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာမှာ အောက်တိုဘာလ (၂၇) ရက်က ဖော်ပြပါတယ်။ 

ဒါပေမယ့် လက်တွေ့မှာတော့ မြို့နယ်အသီးသီးက စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်သမားဥပဒေ ပါအခွင့်အရေး ချိုးဖောက်တာတွေ အများအပြားရှိနေပြီး တိုင်ကြားမှုတွေ ပြုလုပ်ပေမယ့်လည်း သက်ဆိုင်ရာ ဦးစီးဌာနတွေကလည်း ဒီအခြေအနေတွေ ကို လျစ်လှူရှုနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“တစ်ခုခုဆို သူတို့လုပ်ပိုင်ခွင့်ရှိတယ်။ ဥပဒေအတိုင်း ဆုံးဖြတ်ပေါ့။ အခုကျ မဟုတ်ဘူး။ အလုပ်ရှင်ဘက်က ပါတယ်။ ညှိမရဘူး။ မကျေနပ်ရင် တရားစွဲပါပေါ့ဆိုတာမျိုး လုပ်တယ်။ တရားစွဲဖို့ဆိုတာ အလုပ်သမား တစ်ယောက်အတွက် လွယ်ကူတာမှ မဟုတ်တာ။ နောက်တစ်ခုက တိုင်စာပို့ရင်လည်း သွားတိုင်တဲ့သူက ပြန်မရောက်သေးဘူး။ စက်ရုံဘက်က သိနေပြီ။ အခြေအနေက အဲဒီလောက်ကို ဖြစ်နေတာ”လို့ အလုပ်သမား သမဂ္ဂအဖွဲ့ဝင်ဟောင်းတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ အလုပ်သမားတွေဟာ အခွင့်အရေး ချိုးဖောက်ခံရတာတွေကို သက်ဆိုင်ရာ ဦးစီးဌာတွေကို တိုင်ကြား ပေမယ့် စစ်ဆေးရေးမလာခင် အလုပ်ရှင်က ကြိုသိနေသလို လိမ်လည်ဖြေရှင်းဖို့ ကြိုတင်သင်ကြားတာတွေပါ လုပ်ဆောင်နေပါတယ်။

“တိုင်လို့လာစစ်မယ်ဆို အလုပ်ရှင်စီစဉ်ပေးတဲ့ အလုပ်သမားပဲ တွေ့တယ်။ အလုပ်ရှင်က သူတို့လူကို ကြိုသင် တယ်။ အကုန်အဆင်ပြေပါတယ် ဖြေခိုင်းတယ်။ တကယ်ဆို ချိုးဖောက်မှုတွေ လုပ်နေတာ သူတို့မသိဘဲ မနေပါ ဘူး။ သူတို့ကိုယ်တိုင်က အလုပ်သမာအခွင့်အရေးဆိုတာကို ဂရုမစိုက်တော့တာ”လို့ လှိုင်သာယာစက်မှုဇုန်မှာ လုပ်ကိုင်နေတဲ့ အထည်ချုပ် အလုပ်သမ တစ်ဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ  အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေဟာ အလုပ်ရှင်အလိုကျ လုပ်ဆောင်တာတွေ များနေပါတယ်။ ဒါ့အပြင် ပြဌာန်းထားတဲ့ ဥပဒေအတိုင်း ဖြေရှင်းပေးတာ မရှိဘဲ ခေါင်းရှောင် တာ၊ အလုပ်သမားတွေကို အပြစ်တင်တာတွေပဲ လုပ်ဆောင်နေတယ်လို့ နစ်နာသူတွေက ပြောဆိုချက်တွေလည်း ရှိနေပါတယ်။

အလုပ်သမားဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနဟာ လုပ်ငန်းခွင်ထိခိုက်မှု စုံစမ်းစစ်ဆေးခြင်း၊  လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီဖွဲ့စည်းခြင်း၊  လုပ်ငန်းခွင် ပတ်ဝန်းကျင် အခြေအနေ တိုင်းတာအကဲဖြတ်ခြင်း၊ သင်ထောက်ကူပြု မော်တော်ယာဉ်ဖြင့် အသိပညာပေးခြင်းစတာတွေလုပ်ဆောင်လျှက်ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

လက်ရှိအခြေအနေမှာတော့ စက်ရုံ အလုပ်ရုံတွေမှာ အချိန်ပိုတွေကို သတ်မှတ်ချက်ထက်ကျော်လွန်ပြီး အဓမ္မခေါ်ယူတာ၊ ဥပဒေမဲ့ အလုပ်ထုတ်တာ၊ ခွင့်ခံစားခွင့်တွေ မပေးတာ ၊ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေပြုလုပ်တာ ၊ လုပ်အားခ ခေါင်းပုံဖြတ်တာ တွေနဲ့ အလုပ်သမားတွေရဲ့ ကျန်းမာရေး ထိခိုက်ပြီး လူမှုဘဝ ပျက်ပြားအောင် နည်းအမျိုးမျိုးနဲ့  လုပ်ဆောင်နေပေမယ့် မြို့နယ်တွင်းက အလုပ်သမားဦးစီးဌာနတွေကတော့ တာဝန်ယူ ဖြေရှင်းပေးတာ မရှိသလောက် ဖြစ်နေတာပါ။


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026