NEWS

အလုပ်သမားအား ကိုယ်ထိလက်ရောက် ကျူးလွန်ပြီး အလုပ်ထုတ်မှု အရေးယူဖို့ပျက်ကွက်နေ

CoverLogo
857 Views

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် အမှတ် (- )၊မြတောင်ဝန်ကြီးဦးမှိုလမ်း၊ စက်မှုဇုန် (၃)ရှိ  Golden Colour Fashion (Myanmar) ကုမ္ပဏီက သမဂ္ဂအဖွဲ့ဝင်အလုပ်သမားကို ကိုယ်ထ်ိလက်ရောက်  ရိုက်နှက်ပြီးအလုပ်မှထုတ်ပယ်မှုကို ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အရေးယူဖို့ ပျက်ကွက်နေတယ်လို့ STUM က ထုတ်ပြန်ပါတယ်။ 

 

အဆိုပါစက်ရုံပိုင်ရှင်ဆိုသူ တရုတ် အမျိုးသမီးက အလုပ်သမား အမျိုးသမီးအား ရုံးခန်းအတွင်းမှ ဆွဲထုတ်ခဲ့သည့်အပေါ် အရေးယူပေးပါရန် အင်းစိန်မြို့နယ် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနသို့ တိုင်ကြားခဲ့ရာ ညှိနှိုင်းမှုသုံးကြိမ်ပြုလုပ်ခဲ့ပေမဲ့  လုပ်ငန်းရှင်ဘက်မှ အကြိမ်ကြိမ်ငြင်းဆိုတာတွေ နစ်နာသူအားခြိမ်းခြောက်တာတွေကိုသာပြုလုပ်ခဲ့ပြီး ပြေလည်မှုမရတဲ့အတွက် နစ်နာသူအလုပ်သမားက တရားဥပေဒအရ ဆက်လက်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတာယ်။  

 

"စာအရ အလုပ်သမားအဖွဲ့အစည်း ဥပေဒ နဲ့အညီ ဆက်လက်လုပ်ဆောင်ပါရန် ညွှန်ကြားချက် ထုတ်ထာားတယ်။  အလုပ်သမားအဖွဲ့အစည်း ဥပဒေ

အရ အလုပ်ရှင် မှ ဥပဒေ ချိုးဖောက်ခဲ့ပါက အလည ဦးစီး မှတရားစွဲ ဆိုရမဲ့ပုဒ်မပါတယ်။ ကာယကံရှင် အလုပ်သမား တရားစွဲရမဲ့ပုဒ်မ မပါဘူ။ထုတ်ပေးသည့်စာ အရ ပိုင်ရှင် ကို ကျူးလွန်တဲ့ သက်သေခံတွေနဲ့အတူ ILO ကို ဆက်လက်တိုင်ကြားလို့ ညွှန်ကြားချက် ထုတ်တဲ့သဘော သက်ရောက်နေတာယ်" လို့  STUM  ကဆိုထားပါတယ်။ 

 

အလုပ်သမားက ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းနဲ့ အလုပ်မှထုတ်ပယ်ခြင်းတွေကြောင့် အလုပ်သမားဥပဒေ ချိုးဖောက်လို့ တည်ဆဲဥပဒေများနဲ့အရေးယူပေးဖို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ တိုင်ကြားခဲ့ရာ ဦးစီးဌာနက အလုပ်သမားနဲ့အလုပ်ရှင်ခေါ်ယူညှိနှိုင်းမှုသာ ပြုလုပ်ပြီးမပြေလည်မှုမရခဲ့ဘူးလို့သိရပါတယ်။ 

 

အဲဒီလိုမပြေလည်ပေမဲ့ အလုပ်သမားဦးစီးဌာနက အလုပ်ရှင်အပေါ် အရေးယူခြင်းမရှိခဲ့ဘဲ ၂၀၁၁ခုနှစ် အလုပ်သမားအဖွဲ့အစည်းဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်ဖို့ကိုသာ စာထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ 


Related posts

Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026