NEWS

အလုပ်သမားအား ကိုယ်ထိလက်ရောက် ကျူးလွန်ပြီး အလုပ်ထုတ်မှု အရေးယူဖို့ပျက်ကွက်နေ

CoverLogo
463 Views

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် အမှတ် (- )၊မြတောင်ဝန်ကြီးဦးမှိုလမ်း၊ စက်မှုဇုန် (၃)ရှိ  Golden Colour Fashion (Myanmar) ကုမ္ပဏီက သမဂ္ဂအဖွဲ့ဝင်အလုပ်သမားကို ကိုယ်ထ်ိလက်ရောက်  ရိုက်နှက်ပြီးအလုပ်မှထုတ်ပယ်မှုကို ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အရေးယူဖို့ ပျက်ကွက်နေတယ်လို့ STUM က ထုတ်ပြန်ပါတယ်။ 

 

အဆိုပါစက်ရုံပိုင်ရှင်ဆိုသူ တရုတ် အမျိုးသမီးက အလုပ်သမား အမျိုးသမီးအား ရုံးခန်းအတွင်းမှ ဆွဲထုတ်ခဲ့သည့်အပေါ် အရေးယူပေးပါရန် အင်းစိန်မြို့နယ် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနသို့ တိုင်ကြားခဲ့ရာ ညှိနှိုင်းမှုသုံးကြိမ်ပြုလုပ်ခဲ့ပေမဲ့  လုပ်ငန်းရှင်ဘက်မှ အကြိမ်ကြိမ်ငြင်းဆိုတာတွေ နစ်နာသူအားခြိမ်းခြောက်တာတွေကိုသာပြုလုပ်ခဲ့ပြီး ပြေလည်မှုမရတဲ့အတွက် နစ်နာသူအလုပ်သမားက တရားဥပေဒအရ ဆက်လက်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတာယ်။  

 

"စာအရ အလုပ်သမားအဖွဲ့အစည်း ဥပေဒ နဲ့အညီ ဆက်လက်လုပ်ဆောင်ပါရန် ညွှန်ကြားချက် ထုတ်ထာားတယ်။  အလုပ်သမားအဖွဲ့အစည်း ဥပဒေ

အရ အလုပ်ရှင် မှ ဥပဒေ ချိုးဖောက်ခဲ့ပါက အလည ဦးစီး မှတရားစွဲ ဆိုရမဲ့ပုဒ်မပါတယ်။ ကာယကံရှင် အလုပ်သမား တရားစွဲရမဲ့ပုဒ်မ မပါဘူ။ထုတ်ပေးသည့်စာ အရ ပိုင်ရှင် ကို ကျူးလွန်တဲ့ သက်သေခံတွေနဲ့အတူ ILO ကို ဆက်လက်တိုင်ကြားလို့ ညွှန်ကြားချက် ထုတ်တဲ့သဘော သက်ရောက်နေတာယ်" လို့  STUM  ကဆိုထားပါတယ်။ 

 

အလုပ်သမားက ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းနဲ့ အလုပ်မှထုတ်ပယ်ခြင်းတွေကြောင့် အလုပ်သမားဥပဒေ ချိုးဖောက်လို့ တည်ဆဲဥပဒေများနဲ့အရေးယူပေးဖို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ တိုင်ကြားခဲ့ရာ ဦးစီးဌာနက အလုပ်သမားနဲ့အလုပ်ရှင်ခေါ်ယူညှိနှိုင်းမှုသာ ပြုလုပ်ပြီးမပြေလည်မှုမရခဲ့ဘူးလို့သိရပါတယ်။ 

 

အဲဒီလိုမပြေလည်ပေမဲ့ အလုပ်သမားဦးစီးဌာနက အလုပ်ရှင်အပေါ် အရေးယူခြင်းမရှိခဲ့ဘဲ ၂၀၁၁ခုနှစ် အလုပ်သမားအဖွဲ့အစည်းဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်ဖို့ကိုသာ စာထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ 


Related posts

Cover
လုပ်ခလစာမပေးဘဲ အလုပ်ကနေထုတ်ပယ်လို့ အလုပ်သမားတွေအခက်တွေ့နေရ
Aug 25, 2025
Cover
Sunrise အထည်ချုပ်စက်ရုံ နေ့စဉ် အချိန်ပိုတွေအပြင် နားရက်မရှိ လုပ်ကိုင်နေရ
Aug 24, 2025
Cover
LAT WAR (3) အထည်ချုပ် အချိန်ပို အလွန်အကျွံခေါ်၊ စစ်ဆေးရေးအဖွဲ့ ရုံးခန်းဝင်ပြီး ပြန်
Aug 23, 2025
Cover
Teng Hui Myanmar Knitting သိုးမွှေးထည်စက်ရုံ အလုပ်သမားများ အလုပ်ပျက်ဆိုပြီး အထုတ်ခံရ
Aug 23, 2025
Cover
SHWE MYINN ရေလျှော်စက်ရုံ အချိန်ပို ညလုံးပေါက် လုပ်ကိုင်ခိုင်း
Aug 22, 2025
Cover
Chi Mei အထည်ချုပ် အချိန်ပို အတင်းအကျပ် ခိုင်းစေ
Aug 22, 2025