NEWS

အလုပ်သမားအရေး ဆောင်ရွက်သူ ဦးသက်နှင်းအောင်ကို အမြန်ဆုံးလွှတ်ပေးရန် ILO တိုက်တွန်း

CoverLogo
562 Views

မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့အထွေထွေ အတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်ကို အမြန်ဆုံးလွှတ်ပေးဖို့ မြန်မာစစ်အာဏာပိုင်တွေကို တိုက်တွန်းတယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်ရေးရာအဖွဲ့ ILO (ဘန်ကောက်)ရုံးက ဇူလိုင်လ (၇) ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

 

ဦးသက်နှင်းအောင်ကို ၂၀၂၁ ခုနှစ် ဇွန်လမှာ မြန်မာစစ်အာဏာပိုင်က ဖမ်းဆီးခဲ့တာဖြစ်ပြီး (၂၀၂၃) ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှာ ပြန်လည်လွတ်မြောက်ခဲ့ပေမယ့် စစ်အာဏာပိုင်တွေက ဒုတိယအကြိမ် ထပ်မံဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

 

ILO (ဘန်ကောက်)ရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ဦးသက်နှင်းအောင် ပြန်လည်ဖမ်းဆီးခံရပြီးနောက် တည်ရှိရာနေရာကို မသိရှိရသလို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ရဲ့ ဖွဲ့စည်းပုံတစိတ်တပိုင်းဖြစ်တဲ့ မြန်မာနိုင်ငံစက်မှု၊ လက်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင် ပြန်လည်ဖမ်းဆီးခံရတဲ့အပေါ် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့က လွန်စွာစိုးရိမ်တယ်လို့ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် မြန်မာနိုင်ငံဟာ အိုင်အယ်လ်အို အဖွဲ့၀င်နိုင်ငံအဖြစ် အတည်ပြုလက်မှတ်ရေးထိုးထားတဲ့ ပြဋ္ဌာန်းချက် အမှတ် - ၈၇ (၁၉၄၈ ခုနှစ်)၊ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခြင်းနဲ့ စည်းရုံးခွင့်ကို အကာကွယ်ပေးခြင်း ဆိုင်ရာပြဋ္ဌာန်းချက်ကို လိုက်နာပါမယ်လို့ ကတိက၀တ်ပြုထားတဲ့အတိုင်း ‌‌ဒေသအာဏာပိုင်တွေက ထိန်းသိမ်းကြ ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

 

#MyanmarLabourNews 

Photo-ဦးသက်နှင်းအောင်


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026