မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့အထွေထွေ အတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်ကို အမြန်ဆုံးလွှတ်ပေးဖို့ မြန်မာစစ်အာဏာပိုင်တွေကို တိုက်တွန်းတယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်ရေးရာအဖွဲ့ ILO (ဘန်ကောက်)ရုံးက ဇူလိုင်လ (၇) ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဦးသက်နှင်းအောင်ကို ၂၀၂၁ ခုနှစ် ဇွန်လမှာ မြန်မာစစ်အာဏာပိုင်က ဖမ်းဆီးခဲ့တာဖြစ်ပြီး (၂၀၂၃) ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှာ ပြန်လည်လွတ်မြောက်ခဲ့ပေမယ့် စစ်အာဏာပိုင်တွေက ဒုတိယအကြိမ် ထပ်မံဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ILO (ဘန်ကောက်)ရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ဦးသက်နှင်းအောင် ပြန်လည်ဖမ်းဆီးခံရပြီးနောက် တည်ရှိရာနေရာကို မသိရှိရသလို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ရဲ့ ဖွဲ့စည်းပုံတစိတ်တပိုင်းဖြစ်တဲ့ မြန်မာနိုင်ငံစက်မှု၊ လက်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင် ပြန်လည်ဖမ်းဆီးခံရတဲ့အပေါ် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့က လွန်စွာစိုးရိမ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဟာ အိုင်အယ်လ်အို အဖွဲ့၀င်နိုင်ငံအဖြစ် အတည်ပြုလက်မှတ်ရေးထိုးထားတဲ့ ပြဋ္ဌာန်းချက် အမှတ် - ၈၇ (၁၉၄၈ ခုနှစ်)၊ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခြင်းနဲ့ စည်းရုံးခွင့်ကို အကာကွယ်ပေးခြင်း ဆိုင်ရာပြဋ္ဌာန်းချက်ကို လိုက်နာပါမယ်လို့ ကတိက၀တ်ပြုထားတဲ့အတိုင်း ဒေသအာဏာပိုင်တွေက ထိန်းသိမ်းကြ ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
#MyanmarLabourNews
Photo-ဦးသက်နှင်းအောင်