NEWS

အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူကိုသက်နှင်းအောင်ကိုမတရားအသင်းဆက်သွယ်မှု့ပုဒ်မအပါအဝင်ပုဒ်မ ၄ ခုနဲ့ စစ်တပ်ကတရားစွဲဆိုထား

CoverLogo
1.1K Views

နိုဝင်ဘာ ၆။

စစ်ကောင်စီမှဇွန်လ၁၄ရက်နဲ့၁၅ရက်နေ့မှာဝင်ရောက်စီးနင်းစဥ်တိမ်းရှောင်နေရာမှဖမ်းဆီးခံခဲ့ရတဲ့ တောင်ဒဂုံမြို့နယ်ရှိမြန်မာနိုင်ငံစက်မှု့လက်မှု့နဲ့ဝန်ဆောင်မှု့လုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးချုပ်ကိုသက်နှင်းအောင်ကိုစစ်ကောင်စီကမတရားအသင်းဆက်သွယ်မှု့ဆိုင်ရာပုဒ်မ၁၇(၁)အပါအဝင်ပုဒ်မ၅၀၅-က၊၁၂၄၊၁၂၂တို့နဲ့ဆရားစွဲဆိုပြီးအင်စိန်ထောင်တွင်းမှာထားရှိထားတယ်လို့ Myanmar Labour News ကိုသတင်းပေးပို့လာတဲ့အလုပ်အသမားအသိုင်းအဝိုင်းထံမှသိရပါတယ်။

"အင်းစိန်သပြေဆောင်အမှတ်(၂)မှာရှိတယ်သူ့ကိုပုဒ်မလေးခုနဲ့တရားစွဲထားတယ်လို့"အင်းစိန်ထောင်တွင်းမှာနေထိုင်စဥ်ကိုသက်နှင်းအောင်နဲ့တွေ့ဆုံခဲ့ရတဲ့အလုပ်သမားရေးတက်ကြွလှုပ်ရှားသူတဦးကMLNကိုပြောပါတယ်။

ကိုသက်နှင်းအောင်ကိုစစ်ကောင်စီဖက်မှတောင်ဒဂုံမြို့နယ်မျာတရားစွဲဆိုထားရာမှစစ်ဖက်တရားရုံကိုဆက်လက်ပို့ဆောင်မှာဖြစ်တယ်လို့သတင်းကြားသိနေရပြီးယခုအချိန်အထိစစ်ကောင်စီဖက်မှမည်သည့်ပုဒ်မနဲ့တရားစွဲထားသည်ကိုရှင်းရှင်းလင်းလင်းထုတ်ဖော်ပြောကြားထားတာမျိုးမရှိ​သေးဘူးလို့MICSကတာဝန်ရှိသူတွေရဲ့ပြောကြားချက်အရသိရပါတယ်။

ဒါ့အပြင်ကိုသက်နှင်းအောင်ဟာလူမှု့ကွန်ယက်မှာသူရဲ့ဆန္ဒကိုထုတ်ဖော်ပြောကြားတာကလွဲရင်စစ်ကောင်စီဖက်ကစွပ်စွဲနေသလိုEAOအဖွဲ့ဝင်တဦးမဟုတ်တဲ့အပြင်မည်သည့်အကြမ်းဖက်လုပ်ရက်ကိုမှကျူးလွန်ထားတာမျိုးမရှိဘူးလို့လဲMICSကအခိုင်အမာပြောကြားပါတယ်။

#MyanmarLabourNews
#MICS


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026