နိုဝင်ဘာ ၆။
စစ်ကောင်စီမှဇွန်လ၁၄ရက်နဲ့၁၅ရက်နေ့မှာဝင်ရောက်စီးနင်းစဥ်တိမ်းရှောင်နေရာမှဖမ်းဆီးခံခဲ့ရတဲ့ တောင်ဒဂုံမြို့နယ်ရှိမြန်မာနိုင်ငံစက်မှု့လက်မှု့နဲ့ဝန်ဆောင်မှု့လုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးချုပ်ကိုသက်နှင်းအောင်ကိုစစ်ကောင်စီကမတရားအသင်းဆက်သွယ်မှု့ဆိုင်ရာပုဒ်မ၁၇(၁)အပါအဝင်ပုဒ်မ၅၀၅-က၊၁၂၄၊၁၂၂တို့နဲ့ဆရားစွဲဆိုပြီးအင်စိန်ထောင်တွင်းမှာထားရှိထားတယ်လို့ Myanmar Labour News ကိုသတင်းပေးပို့လာတဲ့အလုပ်အသမားအသိုင်းအဝိုင်းထံမှသိရပါတယ်။
"အင်းစိန်သပြေဆောင်အမှတ်(၂)မှာရှိတယ်သူ့ကိုပုဒ်မလေးခုနဲ့တရားစွဲထားတယ်လို့"အင်းစိန်ထောင်တွင်းမှာနေထိုင်စဥ်ကိုသက်နှင်းအောင်နဲ့တွေ့ဆုံခဲ့ရတဲ့အလုပ်သမားရေးတက်ကြွလှုပ်ရှားသူတဦးကMLNကိုပြောပါတယ်။
ကိုသက်နှင်းအောင်ကိုစစ်ကောင်စီဖက်မှတောင်ဒဂုံမြို့နယ်မျာတရားစွဲဆိုထားရာမှစစ်ဖက်တရားရုံကိုဆက်လက်ပို့ဆောင်မှာဖြစ်တယ်လို့သတင်းကြားသိနေရပြီးယခုအချိန်အထိစစ်ကောင်စီဖက်မှမည်သည့်ပုဒ်မနဲ့တရားစွဲထားသည်ကိုရှင်းရှင်းလင်းလင်းထုတ်ဖော်ပြောကြားထားတာမျိုးမရှိသေးဘူးလို့MICSကတာဝန်ရှိသူတွေရဲ့ပြောကြားချက်အရသိရပါတယ်။
ဒါ့အပြင်ကိုသက်နှင်းအောင်ဟာလူမှု့ကွန်ယက်မှာသူရဲ့ဆန္ဒကိုထုတ်ဖော်ပြောကြားတာကလွဲရင်စစ်ကောင်စီဖက်ကစွပ်စွဲနေသလိုEAOအဖွဲ့ဝင်တဦးမဟုတ်တဲ့အပြင်မည်သည့်အကြမ်းဖက်လုပ်ရက်ကိုမှကျူးလွန်ထားတာမျိုးမရှိဘူးလို့လဲMICSကအခိုင်အမာပြောကြားပါတယ်။