NEWS

အလုပ်သမားအရေးကူညီဆောင်ရွက်ပေးသူ ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီဖမ်းဆီး၊ ၃ ရက်ကြာအထိ အဆက်အသွယ်မရသေး

CoverLogo
334 Views
 
ပြည်တွင်း အလုပ်သမားအရေးကို အဓိက ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများများအဖွဲ့ချုပ် မြန်မာ STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး ကို စစ်ကောင်စီက ဖမ်းဆီးထိမ်းသိမ်းထားတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက် ည ၉ နာရီ ၃၀မိနစ် ခန့်က ရွှေပြည်သာ နဝရတ် လမ်းရှိ ဒေါ်မျိုးမျိုးအေး နေအိမ် ကို ရပ်ကွက်အုပ်ချုပ်ရေးမှုးနဲ့အတူ အရပ်ဝတ်တွေ နဲ့ လူဆယ်ဦးလောက် က လာရောက် စစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
 
လက်ရှိ အချိန်ထိ ဒေါ်မျိုးမျိုးအေး ကို မည်သည့်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ ကို အတိအကျ မသိရသေးတဲ့ အတွက် မိသားစုဝင်တွေက အလွန်စိုးရိမ်နေတယ်လို့ ဆိုပါတယ်။
 
""အမေ့ကို ဘာကိစ္စနဲ့ ဘယ်နေရာ ကို ဖမ်းခေါ် သွားမှန်း ဇူလိုင်၂၇ရက် နေ့ သုံးရက်ကြာတဲ့ အထိ ဘာမှမသိရသေးပါဘူး အမေ့အခြေနေက ဆေးပုံမှန်သောက်ဖို့ လိုတဲ့အခြေနေရှိတဲ့ အတွက် အမေ့သတင်းရဖို့ အပူတပြင်းစုံစမ်း နေပါတယ်""လို့ သမီးဖြစ်သူက သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားထားပါတယ်။
 
အလုပ်သမားအရေးကူညီဆောင်ရွက်ပေးသူ၊STUM ရဲ့ဒါရိုက်တာဒေါ်မျိုးမျိုးအေး ကို ၂၀၂၁ခုနှစ် ဧပြီ ၁၅ ရက် က လည်း စစ်ကောင်စီက ၅၀၅(က)နဲ့ ဖမ်းဆီးထောင်ချခဲ့ ကာ ထောင်ထဲ မှာ ၆လ နဲ့၆ရက် ကြာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတယ်လို့သိရပါတယ်။
 

Related posts

Cover
Sudey စက်ရုံ အလုပ်သမားများ လစာဖြတ်တောက်ခံရ (ရုပ်သံ သတင်း)
Oct 08, 2025
Cover
ရွှေပေါက်ကံစက်မှုဇုန်မှ HYUN TEX အထည်ချုပ်ရုံသစ်တွင် ညအချိန်ပို အတင်းအကျပ် ခိုင်းစေ (ရုပ်သံသတင်း)
Oct 07, 2025
Cover
ရွှေပေါက်ကံစက်မှုဇုန်မှ HYUN TEX အထည်ချုပ်ရုံသစ်တွင် ညအချိန်ပို အတင်းအကျပ် ခိုင်းစေ
Oct 07, 2025
Cover
အရုပ်စက်ရုံတွင် ဝန်ထမ်းများ လစာဖြတ်တောက်ခံရမှုနှင့် ခြိမ်းခြောက်မှုများ ကြုံတွေ့နေရ (ရုပ်သံသတင်း)
Oct 06, 2025
Cover
HERMITE အရုပ်စက်ရုံတွင် ဝန်ထမ်းများ လစာဖြတ်တောက်ခံရမှု နှင့် ခြိမ်းခြောက်မှုများ ကြုံတွေ့နေရ
Oct 06, 2025
Cover
Wan Xin" စက်ရုံပိတ်သိမ်းပါက ဥပဒေအတိုင်း လျှော်ကြေးပေးဖို့ အလုပ်သမားတွေတောင်းဆို
Oct 06, 2025
Cover
Wan Xin" စက်ရုံပိတ်သိမ်းပါက ဥပဒေအတိုင်း လျှော်ကြေးပေးဖို့ အလုပ်သမားတွေတောင်းဆို ( ရုပ်သံသတင်း)
Oct 06, 2025
Cover
HERMITE အရုပ်စက်ရုံတွင် ဝန်ထမ်းများ လစာဖြတ်တောက်ခံရမှုနှင့် ခြိမ်းခြောက်မှုများ ကြုံတွေ့နေရ
Oct 05, 2025