NEWS

အလုပ်သမားအရေအတွက်ထက် အထည်စံချိန် နှစ်ဆ ကျော်တောင်းခံတဲ့အပြင် ရိုင်းစိုင်းစွာ ပြောဆိုမှုများနှင့် ဖိနှိပ်မှုကြောင့် အလုပ်သမားတွေအခက်တွေ့

CoverLogo
418 Views
 
တရုတ်နိုင်ငံသားပိုင် Myanmar Guotai Huasheng Glory Fashion Garment မှာ ချုပ်လုပ်တဲ့ အလုပ်သမားအရေ အတွက်ထက် အထည်စံချိန်ကို နှစ်ဆကျော်တောင်းခံနေပြီး လိုင်းစူပါတွေက ရိုင်းစိုင်းစွာ ပြောဆိုတာနဲ့ ဖိနှိပ်တာ တွေ လုပ်ဆောင်နေတာ ကြောင့် လုပ်ငန်းခွင်မှာ အခက်အခဲ ဖြစ်နေရတယ် လို့ စက်ရုံအလုပ်သမားတွေက MLN ကိုပြောပါတယ်။
ဒီစက်ရုံကို လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂)၊ ဦးထွန်းညိုလမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး အလုပ်သမားအင်အား (၅၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။
လုပ်ငန်းခွင်မှာ သမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ LCWalKlKl၊ CLASSIC၊ Sinsay စတဲ့ အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတာ ဖြစ်ပါတယ်။
“စက်လိုင်းတစ်လိုင်းမှာ အရင်ကလူ (၃၀) ကျော် ရှိတုန်းကလည်း တစ်နာရီ လိုင်းပေါက်အထည် (၂၀) ကျော်ပဲ ပေးရပါတယ်။ အခုကျ တစ်လိုင်းကိုလူ (၂၀) ကျော်ပဲ ရှိတာကို တစ်နာရီ အထည် (၄၀)ကနေ (၅၀) အထိ တောင်းပါ တယ်။ အထည်စံချိန်မပြည့်တဲ့အလုပ်သမားတွေက အောလင်း၊ အောနိုက်တွေ ဆင်းပေးရပါတယ်။ အဲဒီလို မဆင်း ပေးနိုင်တဲ့ အလုပ်သမားတွေဆို သူတို့နေရာကို တစ်ခြားသူတွေ ဆင်းခိုင်းပါတယ်။ မိုးလင်းလို့ သူတို့အလုပ်လာရင် ပဲကျတဲ့အထည်တွေကို အဲဒီပွိုင့်ချုပ်တဲ့သူတွေကိုပဲ ပြင်ခိုင်းပါတယ်။ ပြီးရင် ပဲကျတာနင်တို့ အချိန်ပိုအိုတီမဆင်းလို့ ဖြစ်တာ။ နင်တို့အပြစ်မလို့ ပဲထည်ကျရင်ပြင်ရမယ်။ ဘာ‌ေ-ာက်စကားမှ မပြောရဘူးလို့ အောစူပါတွေ၊ စူပါတွေက ရိုင်းရိုင်းစိုင်းစိုင်း ပြောပါတယ်။ အာဏာသိမ်းပြီးချိန်မှာ အလုပ်ထုတ်ခံရပြီး အခုမှ ပြန်ခန့်တဲ့သူတွေကို အပြစ်မရှိအ ပြစ်ရှာပြောပါတယ်။ နောက် လိုင်း (၈)၊ လိုင်း (၁၅)၊ လိုင်း (၁၄) က စူပါတွေက အထည်တောင်းရင် ရိုင်းရိုင်းစိုင်းစိုင်း ပြောပါတယ်။ လိုင်း (၁၆)က စူပါတွေလဲ အလုပ်သမားတွေကို မနက်မိုးလင်းထဲက အထည်တောင်းရင်လည်း ဆဲဆို အော်ဟစ်ပြီး အထည်တောင်းပါတယ်။၊ စက်လိုင်းထဲက အလုပ်သမားတစ်ဦးကို အထည်စံချိန်မပြည့်လို့ဆိုပြီး လူကြားထဲ အော်ဟစ်ဆဲဆို‌နေတာကြောင့် ရှက်လို့ငိုယိုပြီး အလုပ်ထွက်သွားရတဲ့အထိ ဖြစ်နေပါတယ်”လို့ စက်ရုံ အလုပ်သမားတစ်ဦးက ပြောပါတယ်။
အလုပ်သမားတွေကို နေရာချထားရာမှာလည်း A Grade ရတဲ့သူကို ပွိုင့်သေးချုပ်ခိုင်းပြီး B သမားကို ပွိုင့်ကြီးချုပ် ခိုင်းတာကြောင့် အထည်မရသလို ဆုကြေးမရတာကြောင့် အလုပ်သမားတွေက ပြောဆိုရာမှာ စူပါက "ငါထားချင်သလိုထားမယ်"လို့ ပြောဆိုတာကြောင့် အလုပ်သမားတွေ အခက်အခဲ ဖြစ်နေရပါတယ်။
လုပ်ခလစာကို ဒေးကြေးနဲ့ ထောက်ပံ့ကြေးပေါင်းပြီး (၁၁၃၀၀) ကျပ်၊ ကျွမ်းကျင်ကြေး A+ ကို (၈၀၀၀၀) ကျပ်၊ A ကို (၆၀၀၀၀) ကျပ်၊ B ကို (၄၅၀၀၀) ကျပ်၊ C ကို (၃၀၀၀၀) ကျပ် D ကို (၁၅၀၀၀) ကျပ်၊ ရက်မှန်ကြေး (၄၀၀၀၀) ကျပ် ပေးထားပေမယ့် ခွင့်ခံစားခွင့်တွေ မပေးတာကြောင့် အလုပ်တစ်ရက်ပျက်ပါက အလုပ်သမားတွေကို(၅၀၀၀၀) ကျပ်ထိ ဖြတ်တောက်ခံနေပါတယ်။
“အလုပ်သမားတွေ နေထိုင်မကောင်းလို့ ရက်ပျက်ချင်လို့ ခွင့်တိုင်ရင်လည်း စူပါတွေက ခွင့်မပေးတာကြောင့် လစာမဲ့ခွင့်အဖြစ် သတ်မှတ်ခံရပါတယ်။ အဲဒါကြောင့် အလုပ်သမားတွေလည်း နစ်နာမှုရှိနေပါတယ်။ စက်ရုံက အလုပ်သမားတစ်ဦး အမေနေမကောင်းလို့ ဆေးခန်းပြဖို့ ခွင့်ယူတာကိုလဲ လမပြည့်လို့ဆိုပြီး ခွင့်မပေးပါဘူး၊ စက်ရုံမှာအလုပ်သမားတွေ ပိုက်ဆံအိတ်ထဲ သကြားလုံးလေးထည့်ထားတာမြင်တာနဲ့ မန်နေဂျာက ဝမ်တိန် လက်မှတ်ထိုးခိုင်းပါတယ်။ မန်နေဂျာနဲ့ရုံးခန်းကစာရေးမ အောစူပါတွေကျ ရုံးခန်းထဲအချိန်ပြည့် မုန့်၊ ကော်ဖီ သောက်နေကြပြီး မန်နေဂျာက ငါနဲ့မတုနဲ့ ငါကမန်နေဂျာ စက်ရုံပိုင်ရှင်လို့ပြောပါတယ်။ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေကို ဝမ်တိမ်အမျိုးမျိုးပေးပြီ အောစူပါ၊ စူပါတွေအော်ဟစ်ဆဲဆိုလို့ အလုပ်သမားတွေက ရုံးခန်းထဲတိုင်ရင် မန်နေဂျာက ဘာဝမ်တိန်မှမပေးပဲ နောက်မဖြစ်စေရဘူးလို့ပဲ သူပြောပေးမယ်ဆိုပြီး ကွယ်ရာမှာအောစူပါ၊ စူပါတွေကို မြှောက်ပေးနေပါတယ်”လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ စက်ရုံမှာ အလုပ်သမားတွေအနေနဲ့ အခွင့်အရေး ချိုးဖောက်ခံရတာတွေကို ကူညီဖြေရှင်းပေးဖို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ကို ဆက်သွယ်တိုင်ကြား အကူအညီ တောင်းခံထားတာ ဖြစ်ပါတယ်။
စက်ရုံအလုပ်သမားတွေအနေနဲ့ လိုင်း (၁၄) က အလုပ်သမားတွေကို အထည်တောင်းခံရာမှာ ရိုင်းစိုင်းစွာ မပြောဖို့၊ အလုပ်သမားတွေ ချုပ်နိုင်တဲ့ အထည်စံချိန်ကိုသာ တောင်းခံဖို့၊ မန်နေဂျာက အကြောင်းပြချက်မခိုင်လုံဘဲ အလုပ် သမားတွေကို ဝမ်တိန်မထိုးခိုင်းဖို့၊ အလုပ်သမားတွေ ခံစားခွင့်ရှိတဲ့ ခွင့်ရက်တွေ တောင်းခံပါက အလုပ်သမားတွေ ကိုပေးဖို့နဲ့ အထည်စံချိန်မပြည့်တဲ့ အလုပ်သမားတွေကို အောလင်း၊အောနိုက်တွေ မဆင်းခိုင်းဖို့ လိုလားနေတာ ဖြစ်ပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026