NEWS

အလုပ်သမားအဖွဲ့ချုပ်အဖွဲ့ဝင် ၃ ဦးအား စစ်ကောင်စီ ထောင် ၃ နှစ် စီချ

CoverLogo
1.2K Views

အလုပ်သမားသမားအဖွဲ့ချုပ် အဖွဲ့၀င် ၃ ဦးကို  စစ်ကောင်စီက ထောင် ၃ နှစ်စီချခဲ့တယ်လို့ နီးစပ်သူတွေ ဆီက ပြောပါ တယ်။ အလုပ်သမားအဖွဲ့ဝင်တွေဟာ ၈ လကြာဖမ်းဆီခံထာားပြီးနောက် အခုလို အလုပ်ကြမ်းနဲ့ ထောင် ၃ နှစ်စီ ချခံရတာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၄ ရက်မှာ စစ်ကောင်စီလက်အောက်ခံ တရားရုံးက CTUM - ဌာနမှူး  ဒေါ်ခိုင်သဥ္ဇာအေး (ခ) ဘုတ်ဘုတ် (ခ) ဖောင်ရိုး ၊  ဒေါ်အိဖြူဖြူမြင့် (Myanmar Guotai Huasheng Glory Fashion အထည်ချုပ်စက်ရုံ အခြေခံ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင် ၊ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် - IWFM) နဲ့ ယာဉ်မောင်း ရဲဘော် တစ်ဦးဖြစ်တဲ့ ကိုဉာဏ်စိန်တို့ကို ထောင်ချခဲ့တာလို့ သိရပါတယ်။

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ မြင်သာက (၃၁) ကားဂိတ်အနီးမှာ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၀ ရက် ညနေ ၄ နာရီက ပြုလုပ်တဲ့ စစ်အာဏာရှင်အုပ်စုဆန့်ကျင်ရေး လူငယ်သပိတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေါ်ခိုင်သဥ္ဇာအေးပါ ၃ဦးကို ရိုက်နှက်ဖမ်းဆီးခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့  စက်တင်ဘာလ (၁၃) ရက် ညနေ(၄) နာရီကလည်း ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်နီလမ်း(ယခင်ပန်းပင်ကြီးလမ်း)မှာ မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့်သစ်လုပ်ငန်း အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်- BWFM က ဦးနေမင်းထွန်းခေါ် မေကဗျာ နဲ့  ဦးအေးချမ်းအောင် ၊ မြန်မာနိုင်ငံ ကုန်ထုတ် နှင့် စက်မှုလက်မှုအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်- IWFM က ဒေါ်ဇူးဇူးရာခိုင်နဲ့ ဒေါ်ယမင်းကေသွယ်ခိုင်နဲ့ ယာဉ်မောင်း ဦးသန်းဇော် တို့ ဖမ်းဆီးခဲ့ထားရပါတယ်။

စစ်ကောင်စီ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၂ ခုနှစ်  ဧပြီလ ၂၁ ရက် အထိ ဖမ်းဆီးခံအလုပ်သမားသမားသမဂ္ဂအဖွဲ့ဝင်က  စုစုပေါင်း (၁၁၈) ဦးရှိပြီး သတ်ဖြတ်ခံရတဲ့ အဖွဲ့ဝင်ကတော့ ၃၀ ရှိတယ်လို့ CTUM အဖွဲ့ရဲ့ စာရင်းတွေ အရ သိရပါတယ်။

ဖမ်းဆီးခံထားရသူအများစုကတော့ အမျိုးသားတွေ ဖြစ်ကြပြီး အမျိုးသမီးကတော့ ၁၀ ဦး ရှိတယ်လို့ လည်း သိရပါတယ်။ 
#MyanmarLabourNews


Related posts

Cover
စက်ရုံပိတ်မည် အကြောင်းပြ လူလျှော့ခြင်းအား ပွင့်လင်းမြင်သာစွာဆောင်ရွက်စေလိုဟုဆို
Sep 12, 2025
Cover
New Plus စက်ရုံတွင်း ခွဲခြားဆက်ဆံမှုနှင့် ဘက်လိုက်မှုများ
Sep 12, 2025
Cover
ပွဲစား ပစ်ထားခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၅၆ ဦး အဖမ်းခံရ
Sep 12, 2025
Cover
ပုသိမ် Dong Long အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက် ကျုးလွန်ခိုင်းစေ
Sep 11, 2025
Cover
ဖြတ်တောက်ထားတဲ့ လုပ်အားခတွေပြန်လည်တွက်ချက်ပေးဖို့ အလုပ်သမားတွေပြော
Sep 11, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အပါ ၈ ဦး အာမခံလျှောက်ထားမှု ပလပ်ခံရ
Sep 09, 2025
Cover
သီတင်းကျွတ် အကြောင်းပြပြီး စက်ရုံအများစုမှာ ငွေကောက်ခံနေ
Sep 09, 2025
Cover
Max Technology စက်ရုံ ကြိုပို့ယာဉ် အဆင်မပြေဘဲ၊ ယာဉ်စီစဉ်သူက ဆဲဆို
Sep 09, 2025