NEWS

အလုပ်သမားအခွင့်အရေးချိုးဖောက်မှု့ဆိုင်ရာ တိုင်ကြားစာကဏ္ဍဖွင့်လှစ်ထားကြောင်းအသိပေးအကြောင်းကြားခြင်း

CoverLogo
1.7K Views

Myanmar Labour News အနေနဲ့ မြန်မာနိုင်ငံက အလုပ်သမားထုရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေနှင့် အခက်အခဲများ၊ အလုပ်သမားတို့၏အသံများ၊ ဥပဒေရေးရာ သိမှတ်ဖွယ်ရာများကို အချိန်နှင့်တစ်ပြေးညီ တင်ဆက်ပေးနေပါတယ်။

အလုပ်သမားအခွင့်အရေးချိုးဖောက်မှု့ဆိုင်ရာကဏ္ဍ၊ အလုပ်ရှင် အလုပ်သမားရေးရာကဏ္ဍ၊ အလုပ်သမားများဥပဒေပါအချက်အလက်များအတိုင်းရပိုင်ခွင့်၊ လုပ်သားသမဂ္ဂများရဲ့ကဏ္ဍများ၊ လုပ်သားထုများရဲ့အသံများကို အစဉ်တစိုက်ထုတ်ဖော်တင်ပေးနေတာလည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီး ကြားကာလမှာ အလုပ်သမားအစုအဖွဲ့တွေ ဖြစ်တဲ့ လုပ်သားသမဂ္ဂများ၊ သမဂ္ဂခေါင်းဆောင်များကိုစစ်အုပ်စုကဖမ်းဆီးခြင်း အလုပ်သမားအခွင့်အရေး မပေးလိုတဲ့ လုပ်ငန်းရှင်တွေက သမဂ္ဂများကိုဖြိုခွဲခြင်း တို့ကိုအစဥ်တစိုက်လုပ်ဆောင်လာခဲ့ကြပါတယ်။

အဲ့ဒီ့လိုလုပ်ဆောင်လာတဲ့အတွက် အလုပ်သမားများနစ်နာမှု့များစွာကြုံတွေ့ခဲ့ရပြီး၊ နစ်နာမှု့များအတွက် မှစဥ်ဆက်မပြတ်လေ့လာစောင့်ကြည့်သတင်းထုတ်ပြန်ခြင်းများကို ပြုလုပ်ပေး နေသလို ဆက်လက် ဖော်ထုတ်တင်ပြပေးသွားမှလည်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာတေ့ စက်ရုံ၊ အလုပ်ရုံတွေ၊ ကုမ္ပဏီတွေ စတဲ့ လုပ်ငန်း ကဏ္ဍအသီးသီးမှာ တည်ဆဲ အလုပ်သမားဥပဒေပါလုပ်သားအခွင့်အရေးချိုးဖောက်မှု့တွေကိုပြောင်ပြောင်တင်းတင်းကျူးလွန်လာကြသလိုစစ်အုပ်စုနဲ့အလုပ်ရှင်အချို့ပေါင်းပြီး လုပ်သားများအပေါ်ဖိနှိပ်မှု့တွေလဲစဥ်ဆက်မပြတ်ကျူးလွန်လာနေတာကိုတွေ့နေရပါတယ်။

ဒါကြောင့်မို့လို့လုပ်သားထုကြီးအနေနဲ့စစ်အုပ်စုနဲ့လက်ပါးစေလုပ်ငန်းရှင်တွေရဲ့ဥပဒေမဲ့လုပ်သားအခွင့်အရေးချိုးဖောက်တာတွေ၊ လုပ်ငန်းခွင်ဖိနှိပ်တာတွေကိုရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောကြားဖို့လိုအပ်ပါတယ်။

အဲ့ဒီ့လိုရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောကြားမှသာ လုပ်သားထုကြီးခံစားနေရတဲ့နစ်နာမှု့တွေ၊ ဖိနှိပ်ခံရမှု့တွေကိုအမျိုးသားညီညွတ်ရေးအစိုးရအပါအဝင်ပြည်သူလူထုက သိရှိပြီးကျူးလွန်သူတွေကို ဉပဒေကြောင်းအရ အပြစ်ပေးအရေးယူနိုင်မှာပါ။

ဒါကြောင့် ယခုလို လုပ်သားပြည်သူများအတွက် အလုပ်သမားအခွင့်အရေးချိုးဖောက်မှု့ဆိုင်ရာတိုင်ကြားစာကဏ္ဍဖွင့်လှစ်လိုက်ရခြင်းဖြစ်ပါတယ်။

လာရောက်တိုင်ကြားတဲ့ လုပ်သားပြည်တွေရဲ့ပုဂ္ဂလိကလုံခြုံရေးအချက်အလက်များကို Myanmar Labour News မှကာကွယ်ထိန်းသိမ်းသွားမယ့်အပြင်
တိုင်ကြာလိုသူလုပ်သားများဖက်မှ-

-စက်ရုံအမည် 
-စက်ရုံလိပ်စာ
-ကုန်အမှတ်တံဆိပ်
-ပိုင်ရှင်
-ချိုးဖောက်မှုများ
-သမဂ္ဂ ရှိ/မရှိ
-ဝန်ထမ်းဦးရေ
-ကျား မ
-လက်ရှိလုပ်ခလစာ
-ခွင့် ခံစားခွင့်
-OT
-ဖူလုံရေး
-အလုပ်ထုတ်ခံရမှု အကြောင်းအရာတို့ကိုတိကျခိုင်မာစွာရေးသားပေးပို့နိုင်ပါတယ်။

ပေးစာကဏ္ဍမှပေးပို့လာတဲ့အလုပ်သမားများရဲ့နစ်နာမှု့များကို Myanmar Labour News မှစီစစ်ပြီး ပေးစာကဏ္ဍမှာဖော်ပြပေးသွားခြင်း၊ သတင်းထုတ်ပြန်ဖော်ပြပေးခြင်းများကိုပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။


 


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026