NEWS

အလုပ်သမားအခွင့်အရေး ချိုးဖောက်တာတွေမပြုလုပ်ဖို့ Guotai Fuhua အထည်ချုပ်လုပ်သားတွေ တောင်းဆို

CoverLogo
1.3K Views

ရန်ကုန် လှိုင်သာယာမြို့နယ် ငွေပင်လယ်စက်မှုဇုန်မှာဖွင့်လှစ်ထားတဲ့ Guotai Fuhua Garmrnt အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်မှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတာတွေရှိပြီး ပြုပြင်ပေးစေလိုတယ်လို့ အလုပ်သမားတွေကတောင်းဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံသာပိုင်လုပ်ငန်းဖြစ်ပြီး Next၊ energtics စတဲ့အမှတ်တံဆိပ် ဝယ်လွန်သားဂျာကင်၊ ဂျာကင်၊ ရှပ်၊ ဂါဝန်၊ ဘောင်ဘီတွေ ချုပ်လုပ်တာဖြစ်တယ်လို့သိရပါတယ် ။

လုပ်ငန်းခွင်ထဲမှာ လုပ်သား ၁၀၀၀ ကျော်နဲ့ လည်ပတ်နေပေမယ့် အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ ဆိုပါတယ်။

"အလုပ်သမားတစ်ဦးမချုပ်လုပ်နိုင်တဲ့စံချိန်ကိုမတရားတောင်းတယ် တစ်နာရီကို အထည် ၈၀ ထိတောင်းတာ စံချိန်မပြည့်မှာကြောက်လို့ အိမ်သာမသွား ရေမသောက်ဘဲ အထည်ကိုအသည်းအသန်ချုပ်တာတောင် စံချိန်ကမပြည့်ဘူးလေ မပြည့်တော့ ဝမ်တိမ် ( Warning) ထိုးရတယ် ပဲကျရင်လည်းထိုးရတယ် အချိန်ပို အိုတီမခေါ်တော့ဘဲ ပိုက်ဆံဖြတ်တောက်တာတွေလုပ်တယ်"လို့ လုပ်ငန်းခွင်အတွင်း ချိုးဖောက်ခံနေရတဲ့အခြေအနေကို အလုပ်သားတစ်ဦးကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေ ချုပ်လုပ်နိုင်တာထက်ပိုတဲ့စံချိန်တိုးတောင်းထားလို့ အခက်တွေ့ရတဲ့အပြင် ပဲကျတာတွေရှိတယ်ဆိုကာ ဂရိတ်အဆင့်ဆင့်လျှော့ချတာတွေလည်းပြုလုပ်လျှက်ရှိတယ်လို့ အမည်မဖော်လိုတဲ့အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

အဆိုပါလုပ်ငန်းခွင်သို့ စစ်ဆေးရေး (Audit ) လာရောက်စစ်ဆေးပါက အလုပ်သမားတွေကို အမှန်တကယ်မပေးထားတဲ့ အခွင့်အရေးတွေကို သင်ပေးကာ ပြောပြစေတယ်လို့ ဆိုပါတယ်။

ခွင့်ခံစားခွင့်အနေနဲ့ ရှောင်တခင်ခွင့် ယခင်ကရရှိပေမယ့် လက်ရှိအချိန်မှာတော့ မရရှိတော့ဘဲ တစ်ရက်ပျက်ပါက  ဒေးကြေး ၄၈၀၀ ကျပ်နဲ့ ရက်မှန်ကြေး ၅၀၀၀ ကျပ်ဖြတ်တောက်ခံရတယ်လို့ သိရပါတယ်။
တနင်္ဂနွေနေ့များတွင် အလုပ်သမားများ အချိန်ပိုအိုတီ မဆင်းချင်သော်လည်း ဖိအားပေးစေခိုင်းမှုကြောင့် ဆင်းရခြင်း၊ မဆင်းလျှင်လည်း အပြောဆိုခံရခြင်း၊ အငြိုးအတေးထားခံရခြင်းများကြုံတွေ့ရတာကြောင့်အခက်တွေ့နေရတယ်လို့ လည်း အလုပ်သမားတွေကပြောဆိုပါတယ်။

စက်ရုံထဲက အလုပ်သမားတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်ကနေ ၁၇ ရက်နေ့ထိ တစ်ဖွဲ့ ၊ ၂၀ ရက်နေ့ကနေ ၂၅ ရက်နေ့ထိ တစ်ဖွဲ့  နှစ်ဖွဲ့ခွဲပြီး အော်ဒါမရှိလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ အလှည့်ကျ ပိတ်ပေးထားကာ ဒေးကြေး ပေးမယ်လို့ ဆိုပေမယ့် နှစ်ကုန် လုပ်သက်ခွင့်ထဲက ပြန်လည်ဖြတ်တောက်မယ်လို့ ဆိုတဲ့ အပေါ် ကျေနပ်မှုမရှိဘူးလို့ အလုပ်သမားတွေကပြောဆိုပါတယ်။

"ပိတ်ထားတဲ့ ရက်အတွက် ဒေးကြေးပေးမယ်ပြောထားပေမယ့် ခုပေးထားမယ့် ဒေးကြေးကို လုပ်သက်ခွင့်နှစ်ကြေး ထဲက ပြန်ဖြတ်မယ် ဆိုပြီးပြောတယ် နှစ်မပြည့်သေးတဲ့အလုပ်သမားကို လစာထဲကဖြတ်မယ်လို့ပြောတယ် "လို့ အလုပ်သမားကရှင်းပြပါတယ်။

အထည်ချုပ်လုပ်ငန်းတွေမှာ လုပ်သက် တစ်နှစ်ပြည့်အလုပ်သမားတွေရရှိတဲ့ လုပ်သက်ခွင့်ရက်တွေအတွက် ငွေကြေးဖြင့် ပြောင်းလဲပေးချေတာတွေရှိတယ်လို့ သိရပါတယ်။

" အလုပ်ရှင်က အလုပ်သမားတွေနဲ့ ညှိနှိုင်းဆွေးနွေးတာမရှိဘဲ သူ့သဘောနဲ့သူလုပ်နေတာ"လို့ အလုပ်သမားကပြောပါတယ်။

အဆိုပါ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားခေါင်းဆောင်ရှိကြောင်းအလုပ်ရှင်မှအသိပေးထားပေမယ့် အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက် ခံရတာတွေကို ဖြေရှင်းပေးခြင်းမရှိတာ အလုပ်သမားခေါင်းဆောင် မည်သူမည်ဝါမှန်းမမသိရှိရဘူးလို့ လည်း ဆိုပါတယ်။

အထက်ပါ အလုပ်သမားတွေရဲ့ အခြေခံရပိုင်ခွင့်တွေချိုးဖောက်ခံရ မှုတွေကို ရှောင်ကျဉ်ပေးဖို့ နဲ့ အလုပ်သမားတွေရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရရှိအောင် ပြုလုပ်ပေးစေချင်တယ်လို့ အဆိုပါ လုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေတောင်းဆိုလိုက်ပါတယ်။

#MyanmarLabourNews

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026