NEWS

အလုပ်သမားအခွင့်အရေးသိရှိသူနည်းပါး၊ ချိုးဖောက်မှုများဖြေရှင်းပေးရန် လိုလားနေ

CoverLogo
520 Views
အလုပ်သမား ၂၀၀၀ နီးပါးနဲ့ လည်ပတ်နေတဲ့ လုပ်ငန်းခွင်တခုမှာ ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့်စတဲ့ခံစားခွင့်တွေ၊ လုပ်ငန်းခွင်ဆိုင်ရာညှိနှိုင်းရေးကော်မတီ WCC ရဲ့ လုပ်ဆောင်ချက်တွေ စတာတွေကို အလုပ်သမားတွေ သိရှိခြင်းမရှိတာကြောင့် အကျိုးခံစားခွင့်တွေဆုံးရှုံးနေရသလို အခြားသော အခြေခံအခွင့်အရေးတွေချိုးဖောက်ခံရတာတွေရှိနေတယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ကိုအလုပ်သမားတွေက တိုင်ကြားစာပေးပို့ထားပါတယ်။
 
ဒါ့အပြင်လုပ်ငန်းခွင်မှာ အလုပ်တက် လက်ဗွေနှိပ်ရတာရှိပြီး လက်ဗွေမထင်ပါက ငွေကြေးဖြတ်တောက်တာ၊ ရှောင်တခင်ခွင့်မပေးတာ၊ လုပ်သက်ခွင့်ကို ငွေကြေးနဲ့တွက်ချက်ပေးတာ ၊ လုပ်သက်ခွင့်အပေါင်ယူတာ ၊ လုပ်ငန်းခွင်မှာ ထားရှိတဲ့ ဆေးခန်းမှာ ဆေးဝါးမရှိတာနဲ့ အများသုံး သန့်စင်ခန်းတွေ သန့်ရှင်းမှုမရှိတာတွေ ကြုံတွေ့နေရတာကြောင့် ဖြေရှင်းပေးရန်လိုလားနေကြောင်း SHINS SUNG (6) အလုပ်သမားတွေကပြောပါတယ်။
 
အဆိုပါ လုပ်ငန်းက ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ဒေါ်ဖွားရှင်လမ်း မှာဖွင့်လှစ်ထားပြီး ကိုရီးယားနိုင်ငံသားပိုင်လုပ်ငန်းဖြစ်ကာ အလုပ်သမား ၁၇၀၀ ဝန်းကျင်နဲ့ TOPTEN, POLHAM အမှတ်တံဆိပ် ဘောင်းဘီရှည်ချုပ်လုပ်ကာ လုပ်ငန်းလည်ပတ်နေတာလို့ ဆိုပါတယ်။
 
လုပ်ငန်းခွင်မှာ အလုပ်သမားသမဂ္ဂမရှိဘဲ ၊ လုပ်ငန်းခွင်ဆိုင်ရာညှိနှိုင်းရေးကော်မတီ WCC ဖွဲ့စည်းထားတယ်လို့ ပြောပါတယ်။
 
"အဓိက တိုင်ကြားလိုတာကတော့ အလုပ်သမားတွေမနက်အလုပ်ဝင်ရင် လက်ဗွေနှိပ်ရတယ်၊ ပြီးရင်လိုင်းစာရေးမတွေက attended အလုပ်တက်စာရင်း ကောက်ပါတယ်၊ လူတွေ အများကြီးဆိုတော့ လက်ဗွေမထင်တာတွေ အလုပ်နောက်ကျသူတွေကို လစာဖြတ်ပါတယ်။ လက်ဗွေမထင်ရင် အလုပ်တက်နောက် ကျတယ်ဆိုပြီး ရက်မှန်ကြေးထဲက ၃၀ ရာခိုင်နှုန်းဖြတ်ပါတယ်။ တကယ်နောက်မကျဘဲ လက်ဗွေမထင်တဲ့သူတွေကိုလည်း System ဆိုပြီး မတရားဖြတ်တောက်ပါတယ် လုပ်အားခနစ်နာမှုအတွက် ဖြေရှင်းပေးစေချင်တယ်"လို့ အလုပ်သမားကပြောပါတယ်။
 
အလုပ်တက်နောက်ကျပါက ဒေးကြေးထဲက ဖြတ်တောက်သလို ရက်မှန်ကြေး၊ အချိန်ပိုလုပ်အားခတွေကပါ ဖြတ်တောက်တာကြောင့် နစ်နာမှုရှိနေတယ်လို့ အလုပ်သမားကပြောပါတယ်။
 
"အလုပ်သမားအခွင့်အရေးဆိုဘာမှ မသိကြဘူး၊ ရှောင်တခင်ခွင့်ယူလို့ရမှန်းတောင်အလုပ်သမားတွေက မသိဘူး။ လူမှုဖူလုံရေးဆေးခွင့်တော့ တင်ရင်ပေးတယ်။ လုပ်သက်ခွင့်နဲ့ပတ်သက်ရင် လုပ်သက်ခွင့် (၁၀) ရက်ကို အပေါင်ဆိုပြီးစက်ရုံဘက်က ယူထားတယ်၊ နောက်ပိုင်း တစ်လတစ်ခါ လုပ်ခလစာရှင်းလျှင် (၁) ရက်စာထည့်တွက်ချက်ပေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်သက်ခွင့် (၁၀) ရက်အပေါင်ယူထားတာ အပြင် နောက်နှစ်တွက်ပေးတာက လည်း (၈) ရက်စာပဲရတယ် မန်နေဂျာ၊ HR ကလည်း ဒါစက်ရုံ လုပ်ထုံးလုပ်နည်းဆိုပြီး အလုပ်သမား အခွင့်အရေးကို ခေါင်းပုံဖြတ်နေတယ်။ ဒါကြောင့်အလုပ်ထွက်တဲ့အလုပ်သမားတွေရှိတယ်။"လို့ အလုပ်သမားကပြောပါတယ်။
 
"လုပ်သက်ခွင့် ၁၀ ရက်ကို တောင်းတဲ့သူဆိုပေးတယ်၊ မတောင်းတဲ့သူဆို မပေးဘူး ၊ အလုပ်သမားတော်တော်များများကလည်း မသိလို့ မရတာတွေရှိတယ်၊ သိပေမယ့် ဟောက်စားလုပ်လို့ရတဲ့သူဆိုလည်း အကြောင်းပြချက်ပေးပြီးမပေးတာရှိတယ်။"လို့ လုပ်သက်ခွင့်နဲ့ပတ်သက်လို့ အလုပ်သမားကထောက်ပြပြောဆိုပါတယ်။
 
လုပ်ငန်းခွင်မှာ ထိခိုက်မှုကြောင့် လက်ချောင်းပြတ်သွားတဲ့ အလုပ်သမားတွေရှိခဲ့ပြီး လုပ်သက် ၆ လမပြည့်ဆိုတဲ့အကြောင်းပြချက်နဲ့ ဆေးကုသမှုမပေးဘဲ နစ်နာကြေးပေးကာ အလုပ်ထုတ်ခဲ့တာတွေရှိတာကြောင့် အခွင့်အရေး နစ်နာရတဲ့အလုပ်သမားတွေရှိတယ်လို့ ပြောပါတယ်။
 
အထက်ပါ ဥပဒေ ချိုးဖောက်မှုတွေအပြင် အထည်စံချိန်ကို အလုပ်သမားချုပ်လုပ်နိုင်တာထက်ပိုမိုသတ်မှတ်ထားပြီး အလုပ်သမားဦးရေ ပြည့်မီမှု မရှိပါကလည်း စံချိန်အတင်းတောင်းခံတယ်လို့ ဆိုပါတယ်။
 
"လုပ်ခလစာကို ဝင်ငွေခွန်ဆိုပြီး ဖြတ်တောက်ပါတယ်၊ သေချာရှင်းပြတာမျိုး မရှိပါဘူး။ ဘသူမှလည်း သွားမမေးရဲကြဘူး။လုပ်ငန်းခွင်ညှိနှိုင်းရေးအဖွဲ့ကလည်း စက်ရုံဘက်ကဖွဲ့ပေးထားတဲ့ စူပါတွေဆိုတော့ တချို့အလုပ်သမားတွေက WCC ဆိုတာတောင်မသိကြဘူး"လို့ အလုပ်သမားကပြောပါတယ်။
 
အခုလို လုပ်ငန်းခွင်ဆိုင်ရာ အလုပ်သမားအခွင့်အရေးနစ်နာမှုတွေအပေါ် ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
အလုပ်သမားများတောင်ဆိုချက်တွေကတော့
၁။ လက်ဗွေနှိပ်လက်ဗွေမထင်လျှင် အလုပ်နောက်ကျဖြင့် လုပ်ခလစာထဲမှ မဖြတ်တောက်ရန်။ ဖြတ်တောက်ခဲ့သည်များကို ဘက်ဒိတ်ဖြင့် ပြန်လည်တွက်ချက်ပေးရန်။
၂။ လုပ်သက်ခွင့်များကို နှစ်အလိုက် တွက်ချက်ပေးရန်။ နှစ်ပေါင်မယူရန်။ နှစ်အလိုက်တစ်ရက် ထည့်ပေးသော်လည်း တစ်နှစ်ကို ၈ ရက်ပဲ ရသည်အတွက် ကျန်သည့်လုပ်သက်ခွင့်များကို ဘက်ဒိတ်ဖြင့်ပြန်လည်တွက်ချက်ပေးရန်။
၃။ အလုပ်သမားခွင့်ရက်များနှင့် ယူပါက လုပ်ခလစာထဲမှ မဖြတ်တောက်ရန်။
၄။ အလုပ်နောက်ကျပါက နာရီအလိုက် ဒေးကြေးတစ်ခုထဲမှသာဖြတ်တောက်ရန်။
၅။ ဆေးပေးခန်းတွင် ထိခိုက်ရှနာနှင့် ပုံမှန်ဆေးဝါးများထားရှိပေးရန်။ အလုပ်သမား ၁၇၀၀ ကျော်ရှိသည့် အတွက် သူနာပြုအကူထက် ဆရာဝန်ထားပေးရန်။
၆။ အိမ်သာများပျက်ဆီးနေသည်များကို ပြန်လည်ပြုပြင်ပေးရန်ဖြစ်တယ်လို့ ဆိုပါတယ်။
 

Related posts

Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026