NEWS

အလုပ်သမားအခွင့်အရေးချိုးဖောက်လို့ တိုင်ကြားတဲ့အလုပ်သမားတွေကိုဖမ်းဆီး ခြိမ်းခြောက်

CoverLogo
552 Views

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်၊ အမှတ်(၂၃)၊ ဗိုလ်တိုက်ချွန်းလမ်း နှင့် စက်မှုဒေသလမ်းထောင့်၊ ခြံအမှတ် (၁၂၅-B) မှာ  အလုပ်သမား၄၀ ဦးဖြင့်လည်ပတ်နေသော  မြန်မာရှိုင်းလုံ စက်ရုံက အလုပ်သမားတွေဟာ  အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရလို့တိုင်ကြားခဲ့တာကြောင့် အလုပ်သမားတွေကို  စစ်တပ်ကဖမ်းဆီးတာခံခဲ့ရတယ် လို့ သိရပါတယ်။ 

 

အဆိုပါမြန်မာရှိုင်းလုံ  မိုးကာချုပ်စက်ရုံစတင်ဖွင့်ကတည်းက ယနေ့အချိန်ထိ အလုပ်သမားများအား EC စာချုပ် ချုပ်ဆိုပေးရန် ပျက်ကွက်ခြင်း၊ ဖူလုံရေးငွေ ထည့်၀င်ကြေးများကောက်ခံရန် ပျက်ကွက်ခြင်း၊ အလုပ်ပိတ်ရက်တွေမှာလည်း အချိန်ပို အတင်းအကြပ်ဆင်းခိုင်းပြီး  OT ကြေး မပေးခြင်း၊ OT မဆင်းလျှင်လည်း ရာထူးလျှော့ချခံရတာတွေစတဲ့ ချိုးဖောက်မှုတွေဟာ အလုပ်သမားဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေခြင်းများပြုလုပ်လျက်ရှိတယ်ဆိုပြီး  အလုပ်သမားတွေက သက်ဆိုင်ရာ အလုပ်သမားဦးစီးဌာန ကိုတိုင်ကြားခဲ့တာဖြစ်ပါတယ်။  

 

အဲဒီလိုချိုးဖောက်မှူ တိုင်ကြားတဲ့အလုပ်သမားကိုမတ်လ ၂၄ရက်ည  ၁၀:၃၀ နာရီအချိန်ခန့်တွင် ဝါးတရာ ကျေးရွာအုပ်ချုပ်ရေးမှူး အပါ လှော်ကားစခန်းမှ ရဲများနှင့်မြို့နယ် စီမံအုပ်ချုပ်မှု  အဖွဲ့ဝင်များပါဝင်သောအဖွဲ့က  ဖမ်းဆီးခေါ်ဆောင်သွားတယ်"လို့ အဲဒီအလုပ်သမားကိုကူညီဆောင်ရွက်ပေးသူကဆိုပါတယ်။ 

 

"ရပ်ကွက်ရုံးကို ဖမ်းခေါ်ခြင်းခံရတဲ့ အလုပ်သမား(၈)ဦးကို ရပ်ကွက်ရုံးမှ ပြန်လွှတ်လိုက်ပါပြီ။ စက်ရုံတွင် အလုပ်ဝင်စဉ်က ပေးခဲ့ရတဲ့ CV ဖောင်က ဓါတ်ပုံတွေကိုင်ပြီး  လာရောက်ခေါ်ဆောင်သွားတာလို့  အဖမ်းခံရတဲ့ အလုပ်သမားတွေက ဆက်သွယ်ပြောလာတယ်။ မနက်ဖန် စက်ရုံတွင်းပြ ဿနာတွေဖြေရှင်းပေးမယ်။ ပြင်ပအဖွဲ့အစည်းကို မတိုင်ကြားဖို့ စစ်ယူနီဖောင်းဝတ်နဲ့လူက ပြောတယ်။ပြောစကားနားမထောင်ဘဲ ဆက်တိုင်ရင်ဒီအပတ် စစ်မှူထမ်းခေါ်မဲ့စာရင်း ဒီအလုပ်သမား (၈) ဦးစာရင်း ထည့်ထားဖို့ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုမှာခဲ့တယ်" လို့ ဆိုပါတယ်။ 

 

အလုပ်သမားတွေကို ဝင်ရောက်ဖမ်းဆီးချိန်မှာ ဖမ်းဆီးခံရတဲ့၎င်း အလုပ်သမားအား ခိုးမှူမှာပါဝင်နေတယ်ဆိုတဲ့ စွတ်စွဲချက်ဖြင့် ရပ်ကွက်ရုံးမှာ စစ်ဆေးမေးမြန်းဖို့ဖမ်းဆီးခေါ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

 

ဖမ်းဆီး စစ်မေး ခံရစဥ် အလုပ်သမားတွေကို စက်ရုံတွင်းပြဿနာတွေကိုဖြေရှင်းပေးမည်ဖြစ်ပြီး ပြင်ပအဖွဲ့အစည်းတွေဆီမှာ အလုပ်သမားသမားအခွင့်အရေးချိုးဖောက်မှုတွေကို ထုတ်ဖော်ပြောဆိုခြင်းမပြုဖို့နဲ့  ပြောဆိုတိုင်ကြားပါက  စစ်မူထမ်းရမှာမို့အလုပ်သမား ၈ဦးရဲ့ စာရင်းကိုထည့်သွင်းခဲ့တယ်လို့သိရပါတယ်။ 

 

အဆိုပါစက်ရုံလုပ်ငန်းရှင်ကို  အလုပ်သမားအခွင့်အရေးချိုးဖောက်မှူဖြင့် သက်ဆိုင်ရာ ရုံးတွေမှာ  တိုင်ကြား ဖြေရှင်းနေစဉ်ကာလအတွင်း အလုပ်သမားပြသနာတွေကို  သက်ဆိုင်တဲ့ဥပဒေအရ မဖြေရှင်းဘဲ လုပ်ငန်းရှင်က  မလျော်ဩဇာသုံးကာ ခြိမ်းခြောက်အမှူဆင်ဖမ်းဆီးခြင်းအား ပြင်းထန်စွာကန့်ကွက်တယ်လို့လည်း STUM အဖွဲ့ ကဆိုပါတယ်။ 

 

အဆိုပါစက်ရုံ ချိုးဖောက်မှူများကို ဖော်ထုတ်တိုင်ကြားခဲ့တဲ့ အလုပ်သမားတွေရဲ့  လုံခြုံရေးနဲ့ဆက်စပ်ကိစ္စများကို စိုးရိမ်ပူပန်နေကြရတာကြောင့် တစ်ခုခုဖြစ်ပါက လုပ်ငန်းရှင်ဘက်ကသာ တာဝန်ယူရမယ်လို့လည်း ဆိုထားပါတယ်။ 

 

လုပ်ငန်းခွင်အတွင်းဥပဒေ ချိုးဖောက်မှူကို ဥပဒေအတိုင်းမဖြေရှင်းဘဲ  ယခုကဲ့သို့ မလျော်ဩဇာသုံးကာ ခြိမ်းခြောက်မှူပြုခြင်းကို ပြင်းထန်စွာကန့်ကွက်ပြီး အလုပ်သမားဝန်ကြီးဌာနအနေနဲ့လည်း အဲဒီအလုပ်သမားတွေကို မည်ကဲ့သို့သော ကုစားမှူနဲ့အလုပ်သမားအားအကာအကွယ်ပေး ခြင်းများ ပြုလုပ်၊ မလုပ် ဆက်လက်စောင့်ကြည့်မယ်လို့ဆိုပါတယ်။ 


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026