NEWS

အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ အကြိမ်ကြိမ်ပြုလုပ်နေတယ်လို့ MYARNAK ရော်ဘာ စက်ရုံအလုပ်သမားတွေပြော

CoverLogo
1.4K Views

ရန်ကုန်တိုင်း သန်လျင်မြို့နယ် သီလဝါ အထူးစီးပွားရေးဇုန် Aမှာ ဖွင့်လှစ်ထားတဲ့ MYARNAK ရော်ဘာစက်ရုံမှာ ဂျပန်နိုင်ငံသားပိုင် လုပ်ငန်းဖြစ်ပြီး အလုပ်သမား ၃၀၀ နီးပါးနဲ့ လုပ်ငန်းလည်ပတ်နေ ရာ လက်ရှိမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကို အကြိမ်ကြိမ်ပြုလုပ်နေတာဖြစ်ပြီး ဖြေရှင်းပေးတာမရှိဘူးလို့ အလုပ်သမားတွေကပြောပါတယ်။

အဆိုပါ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထာတာမရှိဘူးလို့ သိရပါတယ်။လုပ်ငန်းခွင်ထဲမှာ အလုပ်သမားခံစားခွင့်တွေဖြစ်တဲ့ ရှောင်တခင်ခွင့် လုပ်သက်ခွင့်နဲ့ လူမှုဖူလုံရေးဆေးခွင့် တွေ မရရှိဘူးလို့ ဆိုပါတယ်။

"ခွင့်တွေ မရရှိဘူးဆိုတာက အလုပ်ခွင်ထဲမှာ ရှောင်တခင်ခွင့်တွေ လုပ်သက်ခွင့်တွေ လူမှုဖူလုံရေးဆေးခွင့်တွေ နဲ့ အလုပ်ပျက်ရင် တနင်္ဂနွေ ပိတ်ရက်ခ ဒါမှမဟုတ် စနေ အိုတီ ၄ နာရီကို ဖြတ်ပါတယ် ။ ရှောင်တခင်ခွင့်ဆိုတာလုံးဝမရဘူး အရေးပေါ် ကိစ္စရှိလို့ အခွင့်မပေးဘူး သူတို့ဘက်က ပေးချင်မှပေးတယ်"လို့ အမည်မဖော်လိုတဲ့အလုပ်သမားက ပြောပါတယ်။

ဒါ့အပြင် စက်ရုံထဲမှာ သန့်ရှင်းရေးဝန်ထမ်းလုံလောက်အောင် ခန့်ထားတာမရှိဘဲ ဝန်ထမ်းများကို အလှည့်ကျ သန့်ရှင်းရေး ရေသယ် အမှိုက်ပစ် စတာတွေပါ ခိုင်းစေနေတာတွေရှိပြီး ကျန်းမာရေးအတွက် ဆေးပေးခန်းနဲ့ ဆေးဝါးတွေ စီစဉ်ပေးထားတာမရှိဘူးလို့ လည်း အလုပ်သမားတွေကပြောပါတယ်။

ဝန်ထမ်းများ၏ ဆန္ဒမပါဘဲ  senior supervisor ဆိုသူမှ  ဝန်ထမ်းများကို ဖိအားပေးကာ နံနက် (၆း၃၀  မှ့ ညနေ ၆း၃၀) ဟု အလုပ်ချိန် သတ်မှတ်ကာ အလုပ်သမားများအတွက် အဆင်မပြေသော overtime များကို အလုပ်သမားများဖြင့် သဘောတူညီမှု မရှိပဲ အလုပ်ရှင်အဆင်ပြေစေရန် တစ်ခုထဲသာကြည့်၍ ဖိအားပေးဆင်းခိုင်းလျှက် ရှိတယ်လို့ လည်း အလုပ်သမားတွေကပြောပါတယ်။

အလုပ်ခွင်ထဲမှာ အကြောင်းတစုံတရာကြောင့် overtime မဆင်းဘဲ  ပြန်ချင်သူများကိုလည်း  အလုပ်ရှင်ဘက်မှ မပြန်ခိုင်းလျှင် လုံးဝမပြန်ရဟုသော စည်းကမ်းများထုတ်ကာ အလုပ်သမားကို ဖိအားပေးကာ အတင်းဆင်းခိုင်းနေတယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့  ခွင့်မဲ့မဟုတ်သော မိမိ၏အကျိုးခံစားခွင့်  ခွင့်ရက်ဖြင့် အလုပ်ပျက်လျှင် ပိတ်ရက်ခ ဖြတ်တောက်ခြင်းမပြုရန် သန့်ရှင်းရေးဝန်ထမ်းများကို လုံလောက်စွာခန့်၍ ဝန်ထမ်းများကို သန့်ရှင်းရေးမလုပ်ခိုင်းစေရန် ဝန်ထမ်းများကျန်းမာရေးအတွက် ဆေးခန်းနှင့်ဆေးထားရှိပေးရန် ဝန်ထမ်းအဆင်ပြေသောover time အချိန်ကိုပြန်လည်သတ်မှတ်ပေးရန် အကြောင်းကိစ္စရှိပါက over time အချိန်တွင်ပြန်ခွင့်ပြုရန် နှင့် ဝန်ထမ်းများ အရေးပေါ်ကိစ္စရှိလျှင် ရှောင်တခင်ခွင့်ကို လိုအပ်သည့်အချိန်တွင် အသုံးပြုခွင့် ပေးရန် စတာတွေကို ဖြေရှင်းဆောင်ရွက်ပေးစေလိုတယ်လို့ ဆိုပါတယ်။

#MyanmarLabourNews
 


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026