NEWS

အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရသည့် စက်ရုံတွင် ဖိအားပေးခိုင်းစေခြင်းမရှိကြောင်းပြောဆိုရန် ဖိအားပေးခံနေရ

CoverLogo
3.6K Views

အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရချိန်မှာ ပြုပြင်ပြောင်းလဲပေးရမည့်အစား  Brand (အထည်အပ်သူများ)မှ မေးလာပါက ဖိအားပေးခိုင်းစေခြင်းမရှိကြောင်း ဖြေကြားရန် စက်ရုံဘက်က ဖိအားပေးတာခံနေရတယ်လို့ ဟွာပိုတိုင်းစ် အထည်ချုပ်စက်ရုံက အလုပ်သမားတွေက ဆိုပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ ပုသိမ်စက်မှုဇုန် အတွင်းရှိ တရုတ်နိုင်ငံသားပိုင်( Huabo Times ) အထည်ချုပ်စက်ရုံတွင်  အလုပ်သမား တွေကို အထည်အော်ဒါအပ်သူ (Brand)တွေဘက်ကနေ စက်ရုံရဲ့ ချိုးဖောက်မှု့တွေ အလုပ်သမားတွေရဲ့ အခက်အခဲတွေ၊ အခွင့်အရေးချိုးဖောက်မှု့တွေကို မေးမြန်းတဲ့အခါမှာ စက်ရုံက All super တွေ မန်နေဂျာတွေက အရာအားလုံး အဆင်ပြေကြောင်း ဖိအားပေးပြောဆိုခိုင်းတာတွေ   ရှိနေတယ်လို့ ယင်းစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားတစ်ဦး ထံမှသိရပါတယ်။

" မနေ့က စက်ရုံမှာ မန်နေဂျာနဲ့ All super တွေအစည်းအဝေးလုပ်တယ်သူတို့ပြန်လာတော့ အလုပ်သမားတွေရဲ့ကိုယ်ပိုင် ဖုန်းနံပတ်တွေတောင်းတယ်. အလုပ်သမားတွေရဲ့ကိုယ်တိုင်ကိုင်တဲ့ ဖုန်းနံပတ်တွေပဲပေးရမယ် ၊ နောက်ပြီး ကိုယ်မိသားစုကိုင်တဲ့ဖုန်းနံပတ်တွေ ပေးလို့မရဘူးလို့ပြောတယ် ၊ ကိုယ်ဖုန်းနံပတ်ကိုဆက်ပြီး စက်ရုံအကြောင်းမေးမြန်းလာပြီးဆိုရင် အလုပ်လုပ်ရတာအဆ​င်ပြေလား..အခက်အခဲဘာရှိလဲ. မေးခွန်းလေးမေးလို့ရမလားလို့ ပြောလာခဲ့ရင်အလုပ်သမားတွေအနေနဲ့ အဆင်ပြေပါတယ် ၊ အလုပ်လုပ်ရတာလဲအဆင်ပြေတယ် ၊ လုပ်ငန်ခွင်မှာ အလုပ်သမားအခွင့်အရေးတွေ ဆဲဆိုမှု့တွေ မေးလာခဲ့ရင်လဲ မရှိပါဘူး ၊ အဆင်ပြေပါတယ် ၊ ဘာမေးမေးအဆင်ပြေတယ်ဆိုပြီး ၊ စက်ရုံ ကောင်းကြောင်းပဲ ပြောရမယ်လို့ ပြောခိုင်းတယ်"လို့ အမည်မဖော်လိုတဲ့စက်ရုံလုပ်သားတစ်ဦးက ဆိုပါတယ်။

"အဲ့လိုမပြောဘဲ သူတို့မေးတဲ့မေးခွန်းတွေမှာ အဆင်မပြေဘူး ပြောလိုက်လို့ အလုပ်သမား ( ၇၀ )ရာခိုင်နှုန်းလောက်ဖြစ်ရင် စက်ရုံပိတ်ရမယ် ၊ အထည်မအပ်တော့ဘူး နင်တို့လဲ အလုပ်ပြုတ်မယ်ဆိုပြီး အလုပ်သမားတွေကိုခြိမ်းခြောက်ပြီးပြောတာပေါ့ အဲ့တာကြောင့် အဆင်မပြေလဲ အဆင်ပြေတယ်ဘဲပြောရမယ်ဆိုပြီး ပြောတယ်" လို့ယင်းက ဆက်ပြောပါတယ်။

"အခုလက်ရှိက စက်ရုံက သူတို့ပြောခိုင်းတာနဲ့ ဆန်ကျင်ဘက်တွေကြီးပဲ ၊ အချိန်ပို ( OT) တွေလဲ နားရက်မရှိဆင်းရတယ် ၊ တနေ့လုံးအတွက် အထည်စံချိန်တွေလဲ တိုးတောင်းတယ် ၊ မရရင် ဆဲတယ် ၊အရင်ကထက်ပိုပြီးတောင်းလာတော့ အထည်စံချိန် မရဘူး အဲ့တော့ အိမ်သာတောင် သွားချိန်မရှိဘဲ ချုပ်ရတာ ၊ တစ်ခါတစ်လေဆို ထမင်းတောင်မစားရဘူး ၊ တစ်ချို့ အထည်စစ်တဲ့ ( QC) တွေဆို ဒီနေ့မရတဲ့ စံချိန်တွေကို မနက်စောစော အလုပ်မစခင်မှာ လာစစ်ပေးရမယ် စစ်လို့မပြီးရင် မပြန်ရဘူးဆိုပြီပြောတာတွေလဲရှိတယ် ၊ အလုပ်သမားတွေ အဆင်ပြေရဲ့လားဆိုတာ မကြည့်ဘူး" လို့ လက်ရှိ လုပ်ငန်းခွင်အတွင်း ကြုံတွေ့ရတဲ့ အခြေအနေကို ပြောပါတယ်။

"အခုခေတ် ကုန်စျေးနှုန်းနဲ့ အခုရတဲ့လစာနဲ့ သူတို့တောင်းတဲ့ အထည်စံချိန်နဲ့ ဘယ်လိုမှအဆင်ပြေနိုင်ဖို့မရှိဘူး ၊ အထည်အပ်သူ ( Brand) တွေအနေနဲ့  ဆက်သွယ်လာလို့ အလုပ်သမားတွေဘက်က အဆင်ပြေတယ်လို့ ဖြေကြားခဲ့ရင်လဲ စက်ရုံက ဖိအားပေး ဖြေခိုင်းလို့ ဖြေရတာဆိုတာကို သိစေချင်တယ်၊ အလုပ်သမားတွေ တကယ်ခံစားနေရတာတွေကိုလည်း သိစေချင်တယ်လို့ ” ၎င်း အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတစ်ဦးက ပြောကြားခဲ့ပါတယ်။

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး အထည်အပ်သူ ( Brand) တွေဘက်ကနေ ဆက်သွယ်စုံစမ်းမေးမြန်နိုင်ဖို့အတွက် အလုပ်သမားတွေရဲ့ ဖုန်းနံပါတ်တွေကို Line စာရေးမတွေက လိုက်လံ ကောက်ယူနေပြီး အဆင်ပြေတယ်လို့ပြောဆို ခိုင်းမှု့များလဲ ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိကာလမှာ လုပ်ငန်းခွင်အတွင်း လုပ်သားအခွင့်အရေးချိုးဖောက်ခံရတာ ခြိမ်းခြောက်ခံရတာနဲ့ အော်ဟစ်ဆဲဆိုခံရတာ စတာတွေအပေါ် ကျေနပ်မှု တစ်စုံတစ်ရာမရှိပါက တိုင်ကြားဖို့ လည်း အခက်တွေ့နေတယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ကလည်း အခုလက်ရှိ ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုလည်း သက်ဆိုင်ရာ ( Brand)  တွေကို သိစေချင်ပြီး နှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့ လုပ်ငန်းခွင် ဖြစ်စေရန် အကူအညီပေးနိုင်ဖို့ မျှော်လင့်နေတယ်လို့ အလုပ်သမားတွေထံမှ အခုလိုဘဲ သိရှိရပါတယ်။

အဆိုပါ စက်ရုံမှာ ONLY ၊   VERO MODA နဲ့ ZARA brand  တို့ချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။


 


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026