NEWS

အလုပ်သမားသမဂ္ဂအဖွဲ့၀င်တွေ အလုပ်ထုတ်ခံရတဲ့အပြင် အလုပ်လျှောက်မရတဲ့အထိပြုလုပ်ခံထားရ

CoverLogo
664 Views
 
ရွှေပြည်သာမြို့နယ် တပင်ရွှေထီးလမ်း၊ ဝါးတရာစက်မှူဇုန် ရှိ Yangon Fukuyama Apparel (YFA)အထည်ချုပ်စက်ရုံဟာ နို့တစ်ကြေးမပေးဘဲစက်ရုံပိတ်သိမ်းခဲ့ပြီးနောက် အမည်ပြောင်းလဲဖွင့်လှစ်ကာ အလုပ်သမားသမဂ္ဂအဖွဲ့၀င်တွေကိုပြန်လည်ခန့်အပ်ခဲ့ခြင်းမရှိတဲ့အပြင် အခြားစက်ရုံတွေမှာပါ အလုပ်လျှောက်မရအောင်ပြုလုပ်ခံထားရတယ်လို့ သိရပါတယ်။
 
အဆိုပါ Yangon Fukuyama Apparel ,YFA အထည်ချုပ်စက်ရုံဟာ ရွှေပြည်သာဝါးတစ်ရာစက်မှုဖုန်ကနေ လှိုင်သာယာငွေပင်လယ်စက်မှုဇုန်တွင် LONGZHISHANG SDI MANUFACTURING CO;LTD အမည်ဖြင့် ပြောင်းလဲဖွင့်လှစ်ခဲ့တာဖြစ်ပေမဲ့ ယခင်အလုပ်သမားများအားလုံးကို ပြန်လည်ခန့်အပ်ရာမှာ အလုပ်သမားသမဂ္ဂ ပုံစံ(၇)ရရှိထားတဲ့ သမဂ္ဂကိုလက်မခံဘဲ အလုပ်ပြန်လည်ခန့်အပ်ခဲ့ခြင်းမရှိသလို အခြားစက်မှုဇုန်တွေမှာလည်း အဆိုပါသမဂ္ဂအဖွဲ့၀င်၆၄ဦးအမည်များကို အလုပ်ခန့်အပ်ခြင်းမပြုဖို့ အသိပေးတာတွေပြုလုပ်ထားတယ်လို့ ဆိုပါတယ်။
 
“YFA ကသမဂ္ဂကို ပုံစံ(၇)ချတယ်။ ချပြီးတော့မှ သမဂ္ဂကိုလက်မခံချင်လို့ ပထမဆုံးတုန်းက လှိုင်သာယာကိုလိုက်မလားမေးတယ်။ အလုပ်သမားတွေကလိုက်မယ်ပြောတာကိုပ်ိတ်ပစ်တယ်။ ခုကျလှိုင်သာယာကိုပြောင်းတယ်။ ဒီသမဂ္ဂ၀င်အလုပ်သမားတွေကိုလုံး၀မခန့်ဘူး။ ကျန်တဲ့အခြားအလုပ်သမားတွေအကုန်ခေါ်တယ်။ အဲ့အပြင်ဆိုးတာက ဘာလဲဆိုရင် အလုပ်သမားတွေသမဂ္ဂ၀င် ၆၄ ယောက်ရဲ့အမည်တွေကို အခြားစက်ရုံတွေမှာ လိုက်ကပ်ထားတယ်။ သူတို့နဲ့သိတဲ့စက်မှုဇုန်တွေမှာ အလုပ်လျှောက်လို့မရအောင် အလုပ်သမားတွေအလုပ်လည်းလိုက်လျှောက်ရော အလုပ်မရဘူး။ အဲ့တာနဲ့ပတ်သက်ပြီးတော့လည်း တုံ့ပြန်ဖို့စီစဉ်နေတယ်။”လို့ အလုပ်သမားအရေးလုပ်ဆောင်သူကပြောပါတယ်။
 
အဲ့ဒါကြောင့် YFAသမဂ္ဂကိုခွဲခြားဆက်ဆံခြင်း သမဂ္ဂဖြိုခွဲခြင်း ILO Convention 87 ကိုချိုးဖောက်ခြင်းဖြစ်ပြီး အခြားစက်ရုံများမှာအလုပ်လျှောက်မရ အောင် ပြုလုပ်ထားတဲ့အပေါ် ပြန်လည်တုံ့ပြန်သွားဖို့ဆောင်ရွက်နေတယ်လို့လည်း အလုပ်သမားတွေကိုကူညီဆောင်ရွက်ပေးသူကဆိုပါတယ်။
 
အဆိုပါစက်ရုံဟာ ငွေလပင်လယ်စက်မှုဇုန်တွင် LONGZHISHANG SDI MANUFACTURING CO;LTD အမည်ြ့ဖင့်ပြောင်းလဲဖွင့်လှစ်ထားတာဖြစ်ပြီး YFAစက်ရုံဟာ ၂၀၂၂ခုနှစ် နိုဝင်ဘာလကုန်က အလုပ်သမား ၁၅၀ နီးပါးကို နို့တစ်ကြေးမပေးဘဲ အလုပ်ကရပ်စဲလိုက်တာနဲ့ပတ်သက်ပြိး အငြင်းပွားမှုဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။

Related posts

Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အပါ ၈ ဦး အာမခံလျှောက်ထားမှု ပလပ်ခံရ
Sep 09, 2025
Cover
သီတင်းကျွတ် အကြောင်းပြပြီး စက်ရုံအများစုမှာ ငွေကောက်ခံနေ
Sep 09, 2025
Cover
Max Technology စက်ရုံ ကြိုပို့ယာဉ် အဆင်မပြေဘဲ၊ ယာဉ်စီစဉ်သူက ဆဲဆို
Sep 09, 2025
Cover
TMA Co,. Ltd စက်ရုံ တစ်ကဒ်ကြေး ပွင့်လင်းမှုမရှိ၊ လာစစ်ပေမဲ့ အပြောင်းအလဲမရှိ ဆဲဆိုနေ
Sep 08, 2025
Cover
Ever Lead (Myanmar) အထည်ချုပ် စက်ရုံ တွင် သီတင်းကျွတ်အတွက် ပိုက်ဆံများကောက်ခံ
Sep 07, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးအပါ ၈ ဦးကို အာမခံပေးရန်ကိစ္စ စက်တင်ဘာ ၈ ရက် အမိန့်ချမယ်လို့ဆို
Sep 05, 2025
Cover
Everlao ဦးထုပ်စက်ရုံ စစ်ဆေးမှုအား လိမ်ညာခိုင်းပြီး၊ လျှော်ကြေး‌ရမှ နေရပ်ပြန်လွှတ်မယ်ဟု ခြိမ်းခြောက်
Sep 05, 2025
Cover
Myanmar Best Fortune အထည်ချုပ် ညနက် အချိန်ပိုအပြင် နားရက်မရှိ အလုပ် ဆင်းခိုင်း
Sep 05, 2025