NEWS

အလုပ်သမားသမဂ္ဂအဖွဲ့၀င်တွေ အလုပ်ထုတ်ခံရတဲ့အပြင် အလုပ်လျှောက်မရတဲ့အထိပြုလုပ်ခံထားရ

CoverLogo
750 Views
 
ရွှေပြည်သာမြို့နယ် တပင်ရွှေထီးလမ်း၊ ဝါးတရာစက်မှူဇုန် ရှိ Yangon Fukuyama Apparel (YFA)အထည်ချုပ်စက်ရုံဟာ နို့တစ်ကြေးမပေးဘဲစက်ရုံပိတ်သိမ်းခဲ့ပြီးနောက် အမည်ပြောင်းလဲဖွင့်လှစ်ကာ အလုပ်သမားသမဂ္ဂအဖွဲ့၀င်တွေကိုပြန်လည်ခန့်အပ်ခဲ့ခြင်းမရှိတဲ့အပြင် အခြားစက်ရုံတွေမှာပါ အလုပ်လျှောက်မရအောင်ပြုလုပ်ခံထားရတယ်လို့ သိရပါတယ်။
 
အဆိုပါ Yangon Fukuyama Apparel ,YFA အထည်ချုပ်စက်ရုံဟာ ရွှေပြည်သာဝါးတစ်ရာစက်မှုဖုန်ကနေ လှိုင်သာယာငွေပင်လယ်စက်မှုဇုန်တွင် LONGZHISHANG SDI MANUFACTURING CO;LTD အမည်ဖြင့် ပြောင်းလဲဖွင့်လှစ်ခဲ့တာဖြစ်ပေမဲ့ ယခင်အလုပ်သမားများအားလုံးကို ပြန်လည်ခန့်အပ်ရာမှာ အလုပ်သမားသမဂ္ဂ ပုံစံ(၇)ရရှိထားတဲ့ သမဂ္ဂကိုလက်မခံဘဲ အလုပ်ပြန်လည်ခန့်အပ်ခဲ့ခြင်းမရှိသလို အခြားစက်မှုဇုန်တွေမှာလည်း အဆိုပါသမဂ္ဂအဖွဲ့၀င်၆၄ဦးအမည်များကို အလုပ်ခန့်အပ်ခြင်းမပြုဖို့ အသိပေးတာတွေပြုလုပ်ထားတယ်လို့ ဆိုပါတယ်။
 
“YFA ကသမဂ္ဂကို ပုံစံ(၇)ချတယ်။ ချပြီးတော့မှ သမဂ္ဂကိုလက်မခံချင်လို့ ပထမဆုံးတုန်းက လှိုင်သာယာကိုလိုက်မလားမေးတယ်။ အလုပ်သမားတွေကလိုက်မယ်ပြောတာကိုပ်ိတ်ပစ်တယ်။ ခုကျလှိုင်သာယာကိုပြောင်းတယ်။ ဒီသမဂ္ဂ၀င်အလုပ်သမားတွေကိုလုံး၀မခန့်ဘူး။ ကျန်တဲ့အခြားအလုပ်သမားတွေအကုန်ခေါ်တယ်။ အဲ့အပြင်ဆိုးတာက ဘာလဲဆိုရင် အလုပ်သမားတွေသမဂ္ဂ၀င် ၆၄ ယောက်ရဲ့အမည်တွေကို အခြားစက်ရုံတွေမှာ လိုက်ကပ်ထားတယ်။ သူတို့နဲ့သိတဲ့စက်မှုဇုန်တွေမှာ အလုပ်လျှောက်လို့မရအောင် အလုပ်သမားတွေအလုပ်လည်းလိုက်လျှောက်ရော အလုပ်မရဘူး။ အဲ့တာနဲ့ပတ်သက်ပြီးတော့လည်း တုံ့ပြန်ဖို့စီစဉ်နေတယ်။”လို့ အလုပ်သမားအရေးလုပ်ဆောင်သူကပြောပါတယ်။
 
အဲ့ဒါကြောင့် YFAသမဂ္ဂကိုခွဲခြားဆက်ဆံခြင်း သမဂ္ဂဖြိုခွဲခြင်း ILO Convention 87 ကိုချိုးဖောက်ခြင်းဖြစ်ပြီး အခြားစက်ရုံများမှာအလုပ်လျှောက်မရ အောင် ပြုလုပ်ထားတဲ့အပေါ် ပြန်လည်တုံ့ပြန်သွားဖို့ဆောင်ရွက်နေတယ်လို့လည်း အလုပ်သမားတွေကိုကူညီဆောင်ရွက်ပေးသူကဆိုပါတယ်။
 
အဆိုပါစက်ရုံဟာ ငွေလပင်လယ်စက်မှုဇုန်တွင် LONGZHISHANG SDI MANUFACTURING CO;LTD အမည်ြ့ဖင့်ပြောင်းလဲဖွင့်လှစ်ထားတာဖြစ်ပြီး YFAစက်ရုံဟာ ၂၀၂၂ခုနှစ် နိုဝင်ဘာလကုန်က အလုပ်သမား ၁၅၀ နီးပါးကို နို့တစ်ကြေးမပေးဘဲ အလုပ်ကရပ်စဲလိုက်တာနဲ့ပတ်သက်ပြိး အငြင်းပွားမှုဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026