NEWS

အလုပ်သမားသဘောဆန္ဒမပါဘဲ အချိန်အပိုအတင်းအကျပ်ခိုင်းစေလို့ တရားစွဲခံရတဲ့ စက်ရုံပိုင်ရှင်နဲ့ မန်နေဂျာကို တရားရုံးက ငွေဒဏ်ချ အချိန်ပိုဆက်လက်ခေါ်ယူခွင့်မရှိဟုဆို

CoverLogo
579 Views

ရန်ကုန်တိုင်းဒေသကြီး ၊ အင်းစိန်ခရိုင် ၊ ရွှေပြည်သာစက်မှုဇုန် (၃) မြတောင်ဝန်ကြီးဦးမှိုလမ်း ၊ အမှတ် (- ) မှာရှိတဲ့ Mr.LEIPEI JUN ( တရုတ်နိုင်ငံသား ) ပိုင် Golden Colour Fashion Myanmar အထည်ချုပ်စက်ရုံဟာ အလုပ်သမားတွေ သဘောဆန္ဒမပါဘဲ အချိန်ပိုခိုင်းလို့ တိုင်ကြားထားတဲ့အမှုမှာ အလုပ်ရှင်နဲ့ အပေါင်းအပါကို တရားရုံးက ငွေဒဏ်ချမှတ်လိုက်ပြီး ဆက်လက်ပြီးလည်း အချိန်ပိုခေါ်ယူခွင့်မရှိဘူးလို့ သိရပါတယ်။ 

အဆိုပါစက်ရုံက အလုပ်သမားတွေကိုအချိန်ပိုဆက်တိုက်ခေါ်တာကြောင့် အင်းစိန်မြို့နယ် တရားရုံးက ငွေဒဏ်ချမှတ်လိုက်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက ဩဂုတ်လ ၂၃ ရက်နေ့ကထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံသားပိုင် Golden Colour Fashion Myanmar အထည်ချုပ်စက်ရုံဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၈ ရက်၊  ၁၁ ရက်နဲ့ ဇူလိုင်လ ၁၂ ရက်တွေမှာ  ည ၈ နာရီခွဲအထိအလုပ်လုပ်ခဲ့ရတာ​ကြောင့် အလုပ်သမားတွေကို ခွင့်ပြုထားတဲ့ အချိန်ပိုနာရီ ( ၁၉ နာရီခွဲ) ထက် ကျော်လွန်ပြီး ၂ နာရီ ပိုမိုလုပ်ကိုင်ရတဲ့အပြင် သာမန်အလုပ်ချိန်ပြီးဆုံးလို့  အချိန်ပိုလုပ်ကိုင်ရာမှာလည်း အလုပ်သမားတွေကို မိနစ်( ၃၀ ) အနားမပေးဘဲ  တဆက်တည်းဆက်တိုက် ခိုင်းစေခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

"လွှတ်တော်တွေရှိတဲ့အချိန်တုန်းက အလုပ်သမားဥပဒေတွေပြင်စရာရှိတာမပြင်ခဲ့တဲ့အကျိုးဆက်တွေပေါ့။ အလုပ်ရှင်ကတော့ဘာမှဖြစ်မှာမဟုတ်ဘူးပေါ့ ဒါပေမဲ့ဒီပုဒ်မကဘာဖြစ်လဲဆိုတော့ ခုသူ့ကိုသိန်း၂၀ ချတယ်။ သူကနေမှ ထပ်ချိုးဖောက်တယ် ထပ်လုပ်တယ် အဲလိုဆက်ဆက်ပြီးမှသွားတာ။ ဘာမှအရေးမယူတာနဲ့စာရင် အရေးယူခံရတေ့ာ နည်းနည်းတော့တန့်သွားတာပေါ့။ နောက်ပီးအဲ့စက်ရုံကို လုံးဝအိုတီခေါ်ခွင့်မပေးတော့ဘူး အ၊လ၊ရ က။ နောက်ထပ်အိုတီခေါ်တာနဲ့ အဲ့စက်ရုံကို ပြစ်မှုပြစ်ဒဏ်အရေးယူတာထပ်လုပ်မှာ" လို့ ပြည်တွင်းအလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူကဆက်လက်ပြောပါတယ်။

Golden Colour Fashion (Myanmar) အထည်ချုပ်စက်ရုံက  လက်ရှိချုပ်လုပ်နေသော ကုန်အမှတ်တံဆိပ်(Brand)မှာ Kappa / Defacto အတွက် ပြီးခဲ့တဲ့ဇွန်လက အလုပ်သမားတွေရဲ့ ဆန္ဒမပါဘဲ အချိန်ပို(OT) ဆက်တိုက်ခေါ်ယူကာ အတင်းအကျပ်အလုပ်ဆင်းခိုင်းတာကြောင့် အလုပ်သမားတွေက တိုင်ကြားခဲ့ရာစစ်ဆေးရေး အရာရှိတွေက လိုက်နာဖို့ညွှန်းကြားခဲ့ပေမယ့် စက်ရုံဘက်က လိုက်နာမှု ပျက်ကွက်ခဲ့လို့ အင်းစိန်ခရိုင်ရုံးက ဦးစီးအရာရှိက သြဂုတ်လ ၁၈ ရက်မှာ နိုင်ငံတော်ကိုယ်စားပြု တရားလိုပြုလုပ်ပြီး တရားစွဲဆိုခံခဲ့ရကာ ယခုလိုအရေးယူခံရတာဖြစ်ပါတယ်။ 

အင်းစိန်မြို့နယ် တရားရုံးက ဩဂုတ်  ၂၁ ရက်မှာ တရားရုံးကို ရုံးချိန်းချိန်းဆိုခဲ့လို့ အမှုကိုစစ်ဆေးခဲ့ရာမှာ တရားခံဘက်က  အပြစ်ရှိတယ်လို့ ဝန်ခံခဲ့ပြီး  မြို့နယ်တရားသူကြီးက ၁၉၅၁ ခုနှစ် ၊ အလုပ်ရုံများ အက်ဥပဒေပုဒ်မ ၈၅ အရ စက်ရုံပိုင်ရှင်နဲ့ မန်နေဂျာတို့ကို တစ်ဦး ငွေဒဏ်ကျပ်သိန်းနှစ်ဆယ်စီနဲ့  နှစ်ဦးပေါင်း ငွေကျပ်သိန်းလေးဆယ် ပေးဆောင်ရမယ်လို့ အမိန့်ချမှတ်ခဲ့ပြီး ငွေဒဏ်မဆောင်နိုင်ပါက ထောင်ဒဏ် ၁၅ ရက်စီ ကျခံစေလို့ အမိန့်ချမှတ်ခဲ့ပါတယ်။

အခုလို အမိန့်ချမှတ်ခဲ့တဲ့အပေါ်  Mr.LEIPEI JUN (လုပ်ငန်းရှင်) နဲ့ မန်နေဂျာတို့က ငွေဒဏ်ကျပ် သိန်းလေးဆယ်ကို အင်းစိန်မြို့နယ်တရားရုံးကို ပေးဆောင်ခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဒါ့အပြင်အဆိုပါစက်ရုံက  အလုပ်သမား (၁၀၀၀) ကျော်ခန့်အလုပ်လုပ်ကိုင်နေပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကလည်း  လုပ်ခလစာ ပေးချေရာမှာ လုပ်ငန်းရှင်မှ အလုပ်သမားတွေရဲ့ ကျွမ်းကျင်ကြေးတွေကို တစ်ဝက်နီးပါးဖြတ်တောက်လို့  ကျွမ်းကျင်ကြေးအပြည့်ပြန်လည်ပေးချေဖို့ ဆန္ဒပြတောင်းဆိုခဲ့ရပါသေးတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026