NEWS

အလုပ်သမားသဘောဆန္ဒမပါဘဲ အချိန်ပို အတင်းကျပ်ခေါ်ယူ

CoverLogo
1.1K Views
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ၊ အမှတ်၁၃ ရပ်ကွက်ရှိ DONGLONG (Pathein) အထည်ချုပ်စက်ရုံမှာ အလုပ်သမားသဘောဆန္ဒမပါဘဲ အချိန်ပို အတင်းကျပ်ခေါ်ယူနေပြီး အလုပ်သမားတွေအနေနဲ့ ဥပဒေပါခွင့် ခံစားခွင့်တွေမရရှိဘူးလို့ အလုပ်သမားတွေထံက သိရပါတယ်။
 
" တနလာ်နေ့၊ အဂါနေ့၊ ကြာသာပတေးနေ့နဲ့ သောကြာနေ့တွေကို ည၉နာရီထိ အချိန်ပိုခေါ်တယ် အိုတီဖောင်မှာ လက်မှတ်မထိုးရင် အပြောဆိုခံရတယ် ညနေ၆နာရီကနေ ၆နာရီခွဲထိ မိနစ်၃၀အနားပေးတယ် ၆နာရီခွဲကနေ ၉နာရီထိ အိုတီ ၂နာရီခွဲမှာ တစ်နာရီကို ၁၄၅၀ရတယ် ၊မုန့်ဖိုးတစ်ထောင်ပေးတယ် စုစုပေါင်း ၄၆၂၅ကျပ်ရတယ် ကိုယ့်အစီစဥ်နဲ့ကိုယ်ပြန်ရတယ် တက်ဆီခကပျမ်းမျှ ၆ထောင်လောက်ကျတယ် ဖယ်ရီတွေကလည်း ၆နာရီထိပဲခေါ်ပေးတယ်ခုလို ရေတွေကြီးပြီး နိုင်ငံရေးမကောင်းတဲ့ချိန် မှာ မဆင်းရင် ဆဲဆိုခံရတယ် ၊ ည၉နာရီထိ အိုတီဆင်းပြီး ညနေပြန်ချိန် လုယက်ခံရတာတွေ အသတ်ခံရတာတွေလဲ ဒီနှစ်ထဲမှာရှိခဲ့တယ် စက်ရုံဘက်က ဒီကိစ္စတွေကိုအပြင်မပေါက်ကြားအောင်း ဖုံးထားတယ်"လို့ အမည်မဖော်လိုတဲအလုပ်သမားပြောပါတယ်။
 
အများပြည်သူရုံးပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေ နေ့ကိုလည်း တပတ်ခြားအချိန်ပိုခေါ်ယူပတာပြုလုပ်သလို အပတ်စဉ်အချိန်ပိုခေါ်တာတွေလည်း ရှိလို့ နားရက်မရသလို အချိန်ပိုဆင်းရင်ငြင်းဆန်ပါက ရက်မှန်ကြေးတွေဖြတ်တောက်ခံရလို့ နစ်နာမှုတွေရှိနေတယ်လို့ ပြောပါတယ်။
 
"နေမကောင်းလို့ ခွင့်ယူရင်ခွင့်မရဘူး အပြောအဆိုခံရတယ်။ အလုပ်သမားတွေကလည်း သူတို့ရဲ့ဥပဒေပါခွင့်တွေကို မသိလို့မယူတဲ့သူရှိသလို သိလို့ယူရင်လဲအပြောအဆိုခံရတယ်။ နေမကောင်းလို့ ခွင့်တိုင်မရတော့ အလုပ်ကိုလာတယ် အလုပ်ကျတော့မသက်သာလို့ ဂိတ်ပတ်တောင်းရင်တောင်မရဘူး ၊ မိုးလင်းကမိုးချုပ် Leader/Super တွေအဆဲခံရတယ် တချို့ Super/Leader တွေဆို နာမည်တောင်မခေါ်ဘူး ဖာ- မ ၊ ဖေ- မ လို့တောင်ခေါ်တယ် ၊ အလုပ်သမားတချို့ဆိုရင် Leader/Superတွေရဲ့ ခေါင်း​​ ခေါက်တာတို့ပေါင်တွေ ကျောကုန်းတွေရိုက်တာတို့ခံရတယ်၊ အထည် ပဲကျရင်လည်း လစာထဲကဖြတ်တယ်၊ Super တွေက လိုင်းသားတွေကို အထည်တွေနဲ့ပေါက်တာလဲတွေ့တယ် ၊ သူတို့တောင်းတဲ့အထည်စံချိန်မပြည့်ရင် ဖုန်းသိမ်းတယ် ၊နားချိန်တောင်ပြန်မပေးဘူး အထည်ချုပ်ခိုင်းတယ်၊ အမျိုးသမီးလုံခြုံရေးတွေကလည်း အမြဲအော်ဟစ်နေတယ်" လို့အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးကပြောပါတယ်။
 
အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး လူဦးရေ နှစ်ထောင်ကျော်နဲ့ Muji ၊ Golf၊ SEM/Rတံဆိပ်ကိုချုပ်လုပ်နေတာဖြစ်ပြီး ရုံခွဲအနေနဲ့ KUMUDRA(Pathein)အထည်ချုပ်စက်ရုံကို ကပ်ရပ်မှာ ထပ်မံဖွင့်လှစ်ထားတယ်လို့သိရပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026