NEWS

အလုပ်သမားဝန်ကြီး လာရောက်ပြီးနောက် အလုပ်သမား ၁၀၀ ကျော် အလုပ်ထုတ်ခံမည့် အရေး ရင်ဆိုင်နေရ

CoverLogo
338 Views
 
 Huasheng Golden Fashion အထည်ချုပ် စက်ရုံမှာ စစ်ကော်မရှင် အလုပ်သမားဝန်ကြီး လာရောက်ပြီး နောက် အလုပ်သမား ၁၀၀ ကျော် အလုပ်ထုတ်ခံခဲ့ရတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ် ။
 
(နိုဝင်ဘာ) ၁၅ ရက် ၁၁လ ပိုင်းမှာ အလုပ်သမားဝန်ကြီးဆိုသူ စက်ရုံကိုလာရောက်ပြီး နောက်ပိုင်းတွင် လုပ်ငန်းခွင်ထဲက အသက်ပြည့်တဲ့ အလုပ်သမားတွေနဲ့ ကိုယ်ပိုင် မှတ်ပုံတင် မဟုတ်တဲ့ အလုပ်သမား စုစုပေါင်း ၁၀၀ကျော်ကို လစာထုတ်ရက်မှာပဲ အလုပ်ထုတ်မယ်ဆိုပြီး ပြောဆိုခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်ထုတ်မဲ့ သတင်းကို အွန်လိုင်းမှု ပြန့်လာတော့မှ အသက်မ ပြည့်တဲ့ အလုပ်သမားနဲ့ ကိုယ်ပိုင် မှတ်ပုံတင်မရှိတဲ့ အလုပ်သမားတွေကို အလုပ်မထုတ်ဘဲ နောက်ထက် ၃လထပ် စောင့်မယ်ဆိုပြိး ပြောလာတယ်။ မှတ်ပုံတင်အတုသမားတွေကို အစစ်ပြန်လုပ်၊ သတ်မှတ် ရက်မှာ အစစ်မပေးနိုင်ရင် ထုတ်မယ်၊ အသက်မပြည့်တဲ့ အလုပ်သမားတွေကိုတော့ ရာထူးချ မယ်ဆိုပြီး စက်ရုံဘက်က ပြောတယ်။ “ လို့ ပြောပါတယ်။
 
နိုဝင်ဘာလအတွင်း အထည်ချုပ်စက်ရုံတွေမှာ မှတ်ပုံတင်နဲ့ အသက်မပြည့်မှုတွေကို အကြောင်းပြပြီး စက်ရုံနှစ်ရုံမှာ အလုပ်သမာ ၂၀၀ ကျော် ထုတ်ပယ်ခံရမဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတာပါ။ လက်ရှိ အလုပ်သမားဝန်ကြီးဆိုသူကလည်း က အလုပ်သမားအများဆုံးရှိတဲ့ လှိုင်သာယာ(အနောက်ပိုင်း) ပြည်သူ့လွတ်တော် နေရာ အတွက် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
 
အလုပ်သမားဝန်ကြီးဆိုသူ Myanmar Huasheng Golden Fashion အထည်ချုပ် စက်ရုံကို လာရောက် စစ်ဆေးခဲ့ပေမဲ့ အထည်စံချိန် အတင်းအကျပ် တောင်းခံရတာ၊ ရိုင်းစိုင်းစွာ ဆဲဆို ခိုင်းစေတာ၊ ဥပဒေပါ ခွင့်ရက်နဲ့ ခွင့်ခံစားခွင့်တွေ မရဘဲ လုပ်ခလစာ ဖြတ်တောက်ခံရတာတွေက ဆက်ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ ရှောင်တခင် ခွင့်၊ ဆေးခွင့် မရဘူး။ ခွင့်ယူ အလုပ်တစ်ရက်ပျက်တာနဲ့ ဒေးကြေးကျပ် ၁၁၀၀၀ ၊ ရက်မှန်ကြေး ၅၀၀၀၀ ကို ရှေ့ဘော နောက်ဘောဆိုပြီး ၃၀၀၀၀ကျော် အဖြတ်ခံရတယ်။ စက်ရုံမှာက အလုပ်သမား ဝန်ကြီးဌာနက လူတွေပဲ လာလာ၊ ဝန်ကြီးပဲ လာလာ အလုပ်သမားတွေအတွက် ဘာမှအထောက်အကူ မရပါဘူး” လို့ စက်ရုံအလုပ်သမားတွေက ပြောဆိုပါတယ်။
 
Myanmar Huasheng Golden Fashion Co.,Ltd စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ၊ မြစိမ်းရောင်စက်မှုဇုန်မှာ ဖွင့်လှစ်ထားပြီး အလုပ်သမား ၁၀၀၀ ကျော် လုပ်ကိုင်နေပါတယ်။ စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး PAPAYA တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026