NEWS

အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အပါအဝင် အကျဉ်းထောင် အချုပ်ခန်းရှိ အချုပ်သား များကို ကြိုတင်မဲထည့်ဖို့ ဖိအားပေးနေဟုဆို

CoverLogo
59 Views
 
ခြေချုပ်နှင့်ခံဝန်အက် ဥပဒေပုဒ်မ ၅(၁)(စ)(ဆ)၊အသင်းဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ - ၄၀၊ ၄၁ တို့နဲ့ တရားစွဲဆို ဖမ်းဆီးခံထားရတဲ့အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးအပါအဝင် အကျဉ်းထောင် အချုပ်ခန်းရှိ အချုပ်သားတွေ ကို ရွေးကောက်ပွဲအတွက် ကြိုတင်မဲ ထည့်ဖို့ အာဏာပိုင်တွေ ဘက်က ဖိအားပေးနေတယ်လို့ STUM ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
အကယ်၍ အကြိုမဲထည့် ဖို့ ငြင်းဆန်ပါက ကန့်ကွက်မဲ အဖြစ်သတ်မှတ်ပြီး တိုက်ပိတ်ခြင်း စတဲ့ ထောင်တွင်းပြစ်ဒဏ်များချမှတ်မယ်လို့ ခြိမ်းခြောက်ကြိမ်းမောင်းတယ်လို့ STUM က အသိပေးထုတ်ပြန်ထားပါတယ်။
 
STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး ကို ဇူလိုင်လ ၂၅ရက် ည ၉ နာရီ ခွဲအချိန်မှာသူမနေထိုင်ရာ ရွှေပြည်သာမြို့နယ် နေ အိမ်ကို လာရောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး အဖွဲ့ဝင်တွေကို ထပ်မံဖမ်းဆီးခဲ့ကာ စစ်ကော်မရှင် လက်အောက်ခံတွေက ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ)နဲ့အရေးယူခဲ့ပြီး နောက် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ - ၄၀၊ ၄၁ နဲ့ ထပ်တိုးအမှုဖွင့်တရားစွဲဆိုခဲ့ပါတယ်။
 
လက်ရှိမှာ ရွှေပြည်သာ မြို့နယ် တရားရုံးတွင် ခြေချုပ်နှင့်ခံဝန်အမှုမှ တရားလိုပြသက်သေတွေကို စစ်ဆေးကြားနာခဲ့ပြီး အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၀၊ ၄၁ တရားလို အား ဆက်လက်စစ်ဆေးပြီး နောက် တရားလိုပြသက်သေ များ ကို စစ်ဆေးရန် ချိန်းဆိုလိုက်ကြောင်းသိရပါတယ်။
 
ရွှေပြည်သာမြို့နယ် တရားရုံးမှ အမှု၂မှုအားအောက်တိုဘာ ၂၃ရက် ကို ချိန်းဆိုလိုက်တယ်လို့လည်းသိရပါတယ်။

Related posts

Cover
ပုဂ္ဂလိကလုပ်ငန်းများရှိ လုပ်သားများ အတွက် အပိုထောက်ပံ့ကြေး ၁၀၀၀ ထပ်တိုးပေးကာ နေ့စဉ်လုပ်ခ ၇၈၀၀ ကျပ် အဖြစ် သတ်မှတ် (ရုပ်သံသတင်း)
Oct 15, 2025
Cover
ပုဂ္ဂလိကလုပ်ငန်းများရှိ လုပ်သားများ အတွက် အပိုထောက်ပံ့ကြေး ၁၀၀၀ ထပ်တိုးပေးကာ နေ့စဉ်လုပ်ခ ၇၈၀၀ ကျပ် အဖြစ် သတ်မှတ်
Oct 15, 2025
Cover
ထိုင်းနိုင်ငံ၊ Home Richfull စက်ရုံတွင် မြန်မာလုပ်သားများ အတင်းအကျပ် ခိုင်းစေခံနေရ
Oct 14, 2025
Cover
လာအိုနိုင်ငံ၊ TIAN TAI စက်ရုံမှ မြန်မာအလုပ်သမားများ အခွင့်အရေး ချိုးဖောက်ခံနေရ
Oct 14, 2025
Cover
လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေ ဖြေရှင်းပေးဖို့ လိုလားနေ
Oct 12, 2025
Cover
Handsome အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ ထံမှ တရားမဝင် ငွေကောက်ခံမှုများ ပြုလုပ်နေ (ရုပ်သံသတင်း)
Oct 09, 2025
Cover
Myantex စက်ရုံ အလုပ်သမားခေါင်းဆောင် တချို့ အနိုင်ကျင့် လုပ်ခလစာဖြတ်တောက်နေ (ရုပ်သံသတင်း)
Oct 09, 2025
Cover
Handsome အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ ထံမှ တရားမဝင် ငွေကောက်ခံမှုများ ပြုလုပ်နေ
Oct 09, 2025