NEWS

အလုပ်သမားရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အပါ ၁၀ ဦးကို ထပ်တိုး စွဲဆိုထားသည့်အမှုအတွက် စက်တင်ဘာ၂၉ တွင် တရားလိုကို စစ်ဆေးမည်

CoverLogo
254 Views
 
၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက် ဥပဒေပုဒ်မ ၅(၁)(စ)(ဆ)နဲ့ တရားစွဲဆိုခံထားရတဲ့ အလုပ် သမားအရေးဦးဆောင်လှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးအပါ ၁၀ ဦးကို အသင်းဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ - ၄၀၊ ၄၁ နဲ့ ထပ်တိုးအမှုဖွင့်တရားစွဲဆိုလိုက်ပြီးနောက် လာမယ့် စက်တင်ဘာ၂၉ ရက်မှာ တရားလို ကို စစ်ဆေးရန် ချိန်းဆိုလိုက်တယ်လို့ STUM ရုံးရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
စက်တင်ဘာ၂၂ရက်မှာ ရွှေပြည်သာ မြို့နယ်တရားရုံးမှာ ခြေချုပ်နှင့် ခံဝန် အမှုမှ တရားလိုပြ သက်သေများအား ဆက်လက် စစ်ဆေးကြားနာခဲ့ပြီး ထပ်တိုးအမှုဖြစ်တဲ့ အသင်းအဖွဲ့မှတ်ပုံတင် အမှုအား ရုံးတော်မှ မှုခင်းစီမံခန့်ခွဲမှု (CMP) ပြုလုပ်ပြီး နောက်ရုံးချိန်းမှာ တရားလိုကို စစ်ဆေးရန် ချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။
 
ရွှေပြည်သာမြို့နယ် တရားရုံးမှ အမှု ၂ မှု အတွက် ရုံးချိန်း ကို စက်တင်ဘာ ၂၉ သို့ ချိန်းဆိုလိုက်တယ်လို့ဆိုပါတယ်။
STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး ကို ဇူလိုင်လ ၂၅ရက် ည ၉ နာရီ ခွဲအချိန်မှာသူမနေထိုင်ရာ ရွှေပြည်သာမြို့နယ် နေ အိမ်ကို လာရောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး ရန်ကုန်မြို့ အောင်သပြေစစ်ကြောရေးကို ‌‌ ‌ရွှေ့ပြောင်းစစ်‌ဆေး‌ပြီးနောက် ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ)နဲ့ ရုံးထုတ်စစ်ဆေးခံနေရတာဖြစ်ပါတယ်။
 
ဒါ့အပြင် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေပုဒ်မ - ၄၀၊ ၄၁ ဖြင့် ဝမ်ရှင့်သာ ခရီးသွားလာရေးပစ္စည်းကုမ္ပဏီလီမိတက် (WANXINDA TRAVEL GOODS Co.Ltd) မှ မန်နေဂျာ ဦးသီဟနိုင် က တရားလိုပြုလုပ်ပြီး ဖြင့် စက်တင်ဘာ ၁၅ ရက် က ရွှေပြည်သာမြို့နယ်တရားရုံးတော်မှာ ရုံးတင် ထပ်တိုး တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
 
မတရားဖမ်းဆီးခံထားရတဲ့အလုပ်သမားအရေးဦးဆောင်လှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး၊ ၎င်းရဲ့ သမီးဖြစ်သူအပါအဝင် အဖွဲ့ဝင်တွေကို အမြန်ဆုံးပြန် လည်လွှတ်ပေးဖို့ ပြည်တွင်းကအလုပ် သမားသမဂ္ဂအဖွဲ့တွေနဲ့ နိုင်ငံတကာ အ လုပ်သမားအဖွဲ့အစည်းတွေကလည်း တောင်းဆိုထားပါတယ်။

Related posts

Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026