NEWS

အလုပ်သမားရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အပါ ၁၀ ဦးကို ထပ်တိုး စွဲဆိုထားသည့်အမှုအတွက် စက်တင်ဘာ၂၉ တွင် တရားလိုကို စစ်ဆေးမည်

CoverLogo
113 Views
 
၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက် ဥပဒေပုဒ်မ ၅(၁)(စ)(ဆ)နဲ့ တရားစွဲဆိုခံထားရတဲ့ အလုပ် သမားအရေးဦးဆောင်လှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးအပါ ၁၀ ဦးကို အသင်းဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ - ၄၀၊ ၄၁ နဲ့ ထပ်တိုးအမှုဖွင့်တရားစွဲဆိုလိုက်ပြီးနောက် လာမယ့် စက်တင်ဘာ၂၉ ရက်မှာ တရားလို ကို စစ်ဆေးရန် ချိန်းဆိုလိုက်တယ်လို့ STUM ရုံးရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
စက်တင်ဘာ၂၂ရက်မှာ ရွှေပြည်သာ မြို့နယ်တရားရုံးမှာ ခြေချုပ်နှင့် ခံဝန် အမှုမှ တရားလိုပြ သက်သေများအား ဆက်လက် စစ်ဆေးကြားနာခဲ့ပြီး ထပ်တိုးအမှုဖြစ်တဲ့ အသင်းအဖွဲ့မှတ်ပုံတင် အမှုအား ရုံးတော်မှ မှုခင်းစီမံခန့်ခွဲမှု (CMP) ပြုလုပ်ပြီး နောက်ရုံးချိန်းမှာ တရားလိုကို စစ်ဆေးရန် ချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။
 
ရွှေပြည်သာမြို့နယ် တရားရုံးမှ အမှု ၂ မှု အတွက် ရုံးချိန်း ကို စက်တင်ဘာ ၂၉ သို့ ချိန်းဆိုလိုက်တယ်လို့ဆိုပါတယ်။
STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး ကို ဇူလိုင်လ ၂၅ရက် ည ၉ နာရီ ခွဲအချိန်မှာသူမနေထိုင်ရာ ရွှေပြည်သာမြို့နယ် နေ အိမ်ကို လာရောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး ရန်ကုန်မြို့ အောင်သပြေစစ်ကြောရေးကို ‌‌ ‌ရွှေ့ပြောင်းစစ်‌ဆေး‌ပြီးနောက် ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ)နဲ့ ရုံးထုတ်စစ်ဆေးခံနေရတာဖြစ်ပါတယ်။
 
ဒါ့အပြင် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေပုဒ်မ - ၄၀၊ ၄၁ ဖြင့် ဝမ်ရှင့်သာ ခရီးသွားလာရေးပစ္စည်းကုမ္ပဏီလီမိတက် (WANXINDA TRAVEL GOODS Co.Ltd) မှ မန်နေဂျာ ဦးသီဟနိုင် က တရားလိုပြုလုပ်ပြီး ဖြင့် စက်တင်ဘာ ၁၅ ရက် က ရွှေပြည်သာမြို့နယ်တရားရုံးတော်မှာ ရုံးတင် ထပ်တိုး တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
 
မတရားဖမ်းဆီးခံထားရတဲ့အလုပ်သမားအရေးဦးဆောင်လှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး၊ ၎င်းရဲ့ သမီးဖြစ်သူအပါအဝင် အဖွဲ့ဝင်တွေကို အမြန်ဆုံးပြန် လည်လွှတ်ပေးဖို့ ပြည်တွင်းကအလုပ် သမားသမဂ္ဂအဖွဲ့တွေနဲ့ နိုင်ငံတကာ အ လုပ်သမားအဖွဲ့အစည်းတွေကလည်း တောင်းဆိုထားပါတယ်။

Related posts

Cover
အပိုထောက်ပံ့ကြေး ၁၀၀၀ ကျပ် မရသည့် လုပ်သားများ တိုင်ကြားနိုင်ဟု စစ်ကော်မရှင်၊ အလုပ်သမားဝန်ကြီးဌာန ကြေညာ
Oct 21, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး၊ ကိုသက်နှင်းအောင် နှင့် မသက်ထားဆွေ တို့ အင်းစိန်ထောင် မှပြန်လည်လွတ်မြောက်
Oct 20, 2025
Cover
Sun Star အထည်ချုပ်စက်ရုံ တစ်လ အချိန်ပိုနာရီ ၂၀၀ ကျော်ပြီး လုပ်ခ အပြည့်မရ
Oct 20, 2025
Cover
၇,၈၀၀ ကျပ် လုပ်ခ အပြောင်းအလဲမှာ  အလုပ်သမားတွေ ခံစားခွင့်ရ မရ
Oct 20, 2025
Cover
အချိန်ပို အတင်းအကျပ် ဖိအားပေးဆင်းခိုင်းတာနဲ့ ခွဲခြားဆက်ဆံမှုတွေဖြေရှင်းပေးစေလို
Oct 19, 2025
Cover
Xing Yuan (မြန်မာ) အထည်ချုပ်စက်ရုံတွင် အထည်စံချိန်မပြည့်လို့ဆိုပြီး ဖယ်ရီစီစဉ်မပေးဘဲ ပြန်လွှတ်
Oct 19, 2025
Cover
တောက်ပံကြေး တိုးပေးလည်း Skytex (မြန်မာ) အထည်ချုပ်စက်ရုံ လုပ်သားများ နစ်နာရ
Oct 19, 2025
Cover
Myanto စက်ရုံမှာ သိန်း ၂ ထောင် ပျောက်ဆုံးတယ်ဟုဆိုကာ စစ်တပ်ခေါ် စစ်ဆေးပြီး အလုပ်သမားအချို့ကို တရားစွဲဆို
Oct 17, 2025