NEWS

အလုပ်သမား​ရေးရာအငြင်းပွားမှုများကို အလုပ်သမားဦးစီးရုံး​တွေက နစ်နာသူကိုတရားစွဲခိုင်းတဲ့နည်းလမ်းနဲ့ ​ခေါင်း​ရှောင်

CoverLogo
943 Views

အလုပ်ထုတ်ခံရမှုတွေအပေါ်  ကူညီဖြေရှင်းပေးဖို့ အလုပ်သမားတွေက အလုပ်သမားရုံးတွေကို တိုင်ကြားပေမဲ့ သက်ဆိုင်ရာအလုပ်သမားရုံးတာ၀န်ရှိသူတွေက အလုပ်သမားဘက်ကတရားဆွဲခိုင်းခြင်းဖြင့်သာ ခေါင်းရှောင်နေတယ်လို့ သိရပါတယ်။ 

“တိုင်တာကတော့  အီးစီစာချုပ်ကိုဖောက်ဖျက်တယ်အလုပ်ရှင်က။  အလုပ်သမားကအီးစီစာချုပ်ကိုဖောက်ဖျက်ရင်ကျ  အလုပ်ရှင်ကအလုပ်သမားကိုအလုပ်ထုတ်တယ်။  အလုပ်ရှင်ကအီးစီစာချုပ်ကိုဖောက်ဖျက်တယ်ဆိုရင် အလည ဦးစီးကပုဒ်မ ၃၉အရသူတရားစွဲရမှာ။  ဖြစ်စေချင်တာက ခုလုပ်ငန်းရှင်ကအီးစီစာချူပ်ကိုဖောက်ဖျက်တာဖြစ်တဲ့အတွက်  အလညဦးစီကနေတရားစွဲစေချင်တာ။ ဒါပေမဲ့ ဦးစီးကအဲ့ဒီလမ်းကြောင်းကိုမသွားဘဲနဲ့ နစ်နာတယ်လို့ထင်ရင် သက်ဆိုင်ရာတရားစွဲဆိုပြီး စာထုတ်တယ။ အဲ့တော့အလုပ်သမားဘက်ကနေတရားမစွဲနိုင်လို့မစွဲဘူးဆိုရင် အဲ့ဒီမှာတင်ရပ်သွားပြီ။ အလုပ်ထုတ်နစ်နာကြေးလည်းမရဘူး။ လုပ်ငန်းခွင်ထဲလည်းပြန်မရောက်ဘူး။  အလုပ်ရှင်ကိုလည်းတရားစွဲဖို့ ၀န်ကြီးဌာနဘက်ကပျက်ကွက်တယ်။ အဲ့ဒီမှာဘဲ အလုပ်သမားရဲ့တရားမျှတမှုက ရပ်သွားပြီ။  တို့အနေနဲ့အလုပ်သမားရဲ့တရားမျှတမှုကို ပြီးဆုံးအောင်ရစေချင်တဲ့အတဲ့အခါ ကျတော့ တရားစွဲဆိုတဲ့အခါကျ အလုပ်သမားတွေဘက်ကနေ STUM ကနေကူညီပြီးတရားစွဲပေးတာ case ကခြောက်ခုရှိတယ်။ အလည ဦးစီးတွေကခေါင်းရှောင်တဲ့သဘောမျိုးလို့ပြောချင်ပါတယ်”လို့ အဲ့ဒီအလုပ်သမားတွေကိုကူညီဆောင်ရွက်ပေးနေသူက  ဆိုပါတယ်။ 

ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှု့ဇုန်၊ ZYZ Apparel Co;Ltd အထည်ချုပ်စက်ရုံက အလုပ်သမားတစ်ဦးဟာ ​၂၀၂၄ ဖေ​ဖော်ဝါရီ ၁ ရက်နေ့တွင် နောက်ကျ Gate Pass ယူခြင်းကြောင့် အလုပ်မှထုတ်ပယ်ခံခဲ့ရတာကြောင့်  မြို့နယ်အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန တွင် ရုံးချိန်း ၃ ကြိမ်အထိဖြေရှင်းရာ ပြေလည်မှုမရရှိတဲ့အတွက် မြို့နယ်အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ဥပဒေနဲ့အညီဆက်လက်ဆောင်ရွက်ဖို့သာစာထုတ်ခဲ့တာကြောင့် ရွှေပြည်သာမြို့နယ် တရားရုံးတွင် အလုပ်သမားကအလုပ်ရှင်ကိုတရားစွဲလိုက်ရတယ်လို့ သိရပါတယ်။ 

“အလညကတော့ သူကမပြေလည်ဘူးဆိုရင်တရားစွဲပေါ့။ ဆိုလိုချင်တာက  ၂ခုရှိတယ်။  အလုပ်သမားကိုအလုပ်ဖြုတ်လိုက်တယ်။ ဖြုတ်လိုက်လို့ အီးစီစာချုပ်ရှိတဲ့အတွက် (အ၊လ၊ည )ကိုတိုင်တယ်။ မရှိဘူးဆိုရင် (အ၊လ၊စ) ကိုတိုင်မယ်။ ဒီမှာကတောင်းဆိုတာက လုပ်ငန်းခွင်ပြန်၀င်ဖိုလိုမှု။ တစ်ကယ်လို့ လုပ်ငန်းခွင်ကိုပြန်၀င်ဖို့ အလုပ်ရှင်က သဘောမတူလို့သာ ငွေကြေးနဲ့လဲလှယ်ရတာ။ သူကသူ့ကိုလုပ်ငန်းခွင်ပြန်၀င်ဖို့တော့လက်မခံဘူး။ အလုပ်ထုတ်နစ်နာကြေးပေးမယ် ဒီလိုသွားတာ။  တစ်ချိန်လုံးလုပ်ငန်းခွင်ထဲပြန်၀င်ဖို့တောင်းဆိုတာကို တစ်ဖက်ကပေးဘူး” လို့ ၎င်းကဆိုပါတယ်။ 

အလုပ်သမားတွေအလုပ်ထုတ်ခံရလို့တိုင်ကြားရာမှာ အီးစီစာချုပ်ချုပ်ဆိုထားတဲ့အတွက် အလညကိုတိုင်ကြားရတာဖြစ်ပြီး အလုပ်ရှင်ကအီးစီစာချုပ်ကိုချိုးဖောက်မှုအပေါ် ညှိနှိုင်းဖြေရှင်းမှုမပြေလည်ပါက  အလုပ်ရှင်ကို ပုဒ်မ၃၉အရ တရားဆွဲဆိုရမှာဖြစ်ပေမဲ့ တာ၀န်ရှိသူတွေက အလုပ်ရှင်တွေအပေါ် တရားစွဲဆိုမှုတွေမပြုလုပ်တော့ဘဲ အလုပ်သမားကတရားစွဲဆိုဖို့ကိုသာ စာထုတ်တာတွေဆက်တိုက်ပြုလုပ်လာတာကြောင့် လတ်တလောကာလတွေမှာပင် အလုပ်သမားကအလုပ်ရှင်ကိုတရားစွဲဆိုမှု ၆ခုအထိရှိလာတယ်လို့သိရပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စက်ရုံအလုပ်ရုံကအလုပ်သမားတွေဟာ အချိန်ပိုကြေးမရဘဲ အချိန်ပိုတွေဆင်းပေးရတာတွေ၊ လူမှုဖူလုံရေးခံစားခွင့်မရတာတွေ၊ ပိတ်ရက်မရတာတွေနဲ့ လုပ်ငန်းခွင်အတွင်း ဆဲဆိုကြိမ်းမောင်းခံရတာတွေ စတဲ့အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေ ပိုများလာသလို အလုပ်ထုတ်ခံရမှုတွေလည်း ဆက်တိုက်များပြားလာတာဖြစ်ပါတယ်။ 

အဲဒီလိုအလုပ်သမားတွေရဲ့ နစ်နာမှုတွေအတွက် မြို့နယ်အလုပ်သမားရေးရာ ညွှန်ကြားမှုဦးစီးဌာနတွေကို တိုင်ကြားပေမယ့် ပြီးဆုံးသည်တိုင်မဖြေရှင်းဘဲ  အလုပ်သမားတွေဘက်က နစ်နာနေရပါက အလုပ်သမားတွေအနေနဲ့ အလုပ်ရှင်ကိုတရားစွဲဆိုပါရန်သာ စာထုတ်ပေးကာခေါင်းရှောင်တာတွေကို စစ်အာဏာသိမ်းပြီးနောက် ဆက်တိုက်ပြုလုပ်လာတာဖြစ်တယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေထံက သိရပါတယ်။

 


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026