NEWS

အလုပ်သမားရေးရာကဏ္ဍရှိ သမဂ္ဂအဖွဲ့ဝင် အကျဥ်းကျနေသူ ၁၃၀ ကျော်ရှိ

CoverLogo
1.1K Views

စကစလွတ်ငြိမ်းမှာ ၁ ဦးသာလွတ်မြောက်

နို၀င်ဘာ၁၇ရက်နေ့က  စစ်ကောင်စီရဲ့  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွေမှာ အကျဉ်းသား ၆၀၀၀ နီးပါးလွှတ်ပေးခဲ့တယ်ဆိုပေမဲ့  အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်မှအကျဉ်းကျနေသူ ၁၃၀ အနက်တစ်ဦးတည်းသာလွတ်မြောက်ခဲ့တယ်လို့  စုံစမ်းသိရှိရပါတယ်။

"အဖွဲ့ချုပ်မှာ ပုဂ္ဂလိက ကဏ္ဍ မှာဆို သေဆုံး ၂ ဦး ထောင်ကျ ၆ ဦး ဝရမ်းထုတ် ကျွန်မအပါ ၂၀ ရှိတယ် အဖွဲ့ချုပ်ရဲ့ CDM သမဂ္ဂကဏ္ဍမှာ သေဆုံး ၈ ဦး ထောင်ကျ ၁၃ ဦး မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစုအနေနဲ့ သေဆုံး ၄၅ ထောင်ကျ ၁၃၀ ဦးရှိတယ်"လို့ FGWM ဥက္ကဋ္ဌ ဒေါ်မိုးစန္ဒာမြင့်ကပြောဆိုပါတယ်။

"အမြဲတမ်း အခါကြီး ရက်ကြီး ရက်တွေဆို အဖွဲ့ချုပ်ရဲ့အမာခံ ရဲဘော်တွေကို မျှော်မိတာအမှန်ပဲ ဒီနေ့လည်း မနေ့ကသတင်းကြားထဲက ကိုမျှော်နေမိတာ အမာခံ ရဲဘော်တွေ ပါမလာဘူး CDM မီးရထားသမဂ္ဂအဖွဲ့ဝင်တစ်ဦးတော့လွတ်တယ် လွတ်လာတဲ့ရဲဘော်တွေအတွက် စိတ်ချမ်းသာရသလို့ မလွတ်သေးတဲ့ရဲဘော်တွေအတွက်လည်း စိတ်မကောင်းဖြစ်ရတယ် အပစ်မရှိဘဲ မတရား ပုဒ်မတွေထပ်ပြီးမတရားခံရတဲ့ ရဲဘော်တွေအားလုံးကိုအမြန်ဆုံး လွတ်မြောက်စေချင်တယ်" လို့  ယင်းကဆိုပါတယ်။

စစ်ကောင်စီရဲ့ ပြစ်ဒဏ်လွတ်ငြိမ်း ၆၀၀၀ နီးပါးမှာ  နိုင်ငံရေးအကျဉ်းသား၅၃ဦးသာလျင်ပါ၀င်တယ်လို့  AAPP ရဲ့စာရင်းပြုစုချက်အရသိရပြီး  လွတ်မြောက်လာသူများထဲမှာ အလုပ်သမားရေးကူညီဆောင်ရွက် နေကြတဲ့ အဖွဲ့ချုပ်များ၊ သမဂ္ဂများမှ အလုပ်သမားတပ်ပေါင်းစုစာရင်းအရ သေဆုံးသူ ၄၅ ဦးရှိပြီး အကျဉ်းကျနေသူ ၁၃၀အထိရှိခဲ့ပေမဲ့  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်မှာတော့  အလုပ်သမားရေးဆောင်ရွက် သူတစ်ဦးတည်းသာပါ၀င်ခဲ့တာပါ။

"မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် CTUM အဖွဲ့၀င်တွေရော အလုပ်သမားအလွှာကတော်လှန်ရေးရဲဘော်တွေ အခြားအလွှာက တော်လှန်ရေးရဲဘော်တွေအားလုံး အကျဉ်းကျခံနေရတဲ့ တော်လှန်ရေးရဲဘော်တွေရောအားလုံး အမြန်ဆုံးလွတ်မြောက်မှုအမြန်ဆုံးရပါစေလို့လည်း ဆိုပါတယ်။ ဒါ့အပြင်  တစ်တိုင်းပြည်လုံးအရေးကိုလွတ်မြောက်ရေးအတွက်  ကြိုးစားတိုက်ပွဲ၀င်နေကြတာမို့ အကျဉ်းကျနေတဲ့ရဲဘော်တွေလည်း အကျဉ်းကျခံဒုက္ခခံနေကြရသလို အပြင်မှာရှိတဲ့သူတွေလည်း တော်လှန်ရေးရဲဘော်တွေလည်း တာ၀န်ကျေပွန်အောင် ထမ်းဆောင်နေကြတာကြောင့် အားမလျှော့ဘဲ လက်မလျှော့ကြဘဲ  အားတင်းထားကြပါလို့ CTUM လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးကပြော ဆိုထားပါတယ်။

#MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026