NEWS

အလုပ်သမားတွေရဲ့ လုပ်သက်ကို မရှင်းမလင်းပြုလုပ်ထားလို့ ဖြေရှင်းပေးဖို့တောင်းဆို

CoverLogo
1K Views

လှိုင်သာယာ မြို့ နယ် စက်မှုဇုန် ၂ ဖန်ချက်ဝန် ဦးရွှေအိုးလမ်း မှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် Popular Garment စက်ရုံဟာ စက်ရုံဖွင့်လှစ်လည်ပတ်တာ နှစ် ၂၀ ထက်မနည်း ရှိပြီဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် အဆိုပါ စက်ရုံ တစ်မိုးအောက်ထဲမှာ Beaume International Garment နာမည်ဖြင့်လုပ်ငန်းထပ်မံဖွင့် လှစ်လုပ်ကိုင်ရာ ယခင် စက်ရုံမှ အလုပ်သမားတွေရဲ့ လုပ်သက်ကို မရှင်းမလင်းပြုလုပ်ထားလို့ ဖြေရှင်းပေးဖို့ အလုပ်သမား တွေကတောင်းဆိုထားပါတယ်။

လက်ရှိမှာတော့ ယခင်စက်ရုံဖြစ်တဲ့ Popular Garment  နာမည်အောက်မှာ အလုပ်သမား စုစုပေါင်း ၇၀ ကျော်သာ ကျန်တော့ပြီး ပြီးခဲ့တဲ့ လထဲမှာ အလုပ်သမား ၄၀၀ ကျော်လုပ်ကိုင်ခဲ့တာလို့ ဆိုပါတယ်။ အခုလို တမိုးအောက်ထဲမှာ စက်ရုံ ၂ ရုံဖွင့်လှစ်နေတဲ့ အတွက် ရုံခွဲပေးဖို့ နဲ့ လုပ်သက်တွေ ရှင်းလင်းပေးဖို့ တောင်းဆိုတဲ့ အလုပ်သမား ၃၂ ဦးအလုပ်ထုတ်ခံခဲ့ရပါတယ်။ အမျိုးသမီး လုပ်သား ၂၀ ကျော်ပါတဲ့ အဲ့ဒီ ၃၂ ဦးထဲမှာ လုပ်သက် နှစ် ၂၀ ဝန်းကျင်အလုပ်သမားတွေ အများစုဖြစ်နေတာလို့ ဆိုပါတယ်။

အခုကတော့ လုပ်သက်ရင့်အလုပ်သမားတွေထဲက လုပ်သား ၇၀ ကျော်သာကျန်တော့တာလို့ အလုပ်သမားကပြောပါတယ်။

စက်ရုံအနေနဲ့ကတော့ ဝန်ထမ်းအသစ်ခေါ်ယူရာမှာ Beaume International Garment အနေနဲ့သာ အလုပ်အကိုင်ခေါ်ယူနေတာလို့ အလုပ်သမားကပြောပါတယ်။

"သူဌေးအပြောင်းအလဲလုပ်တယ်လို့ လဲကြားတယ် တိုက်ရိုက်ဖြေရှင်းတော့ သူဌေးမပြောင်းဘူးလို့ ပြောတယ် မေလ ၂၀ ရက်နေ့မှာ ပေါ်ပျူလာ ဝန်ထမ်းတွေရဲ့ ၂၀၂၁ နောက်ပိုင်းလုပ်သက်တွေကို ဝယ်ပြီး Beaume ဝန်ထမ်းတွေအဖြစ်ဆက်ပြီးအလုပ်ခန့်ထားတယ်လို့ပြောတယ်။ ဒါဆိုရင် အရင်က လုပ်ခဲ့တဲ့ လုပ်သက် နှစ် ၂၀ က ဘယ်ရောက်သွားတာလဲ ရှင်းရှင်းလင်းလင်း ပြောစေချင်တယ်"လို့ အလုပ်သမားကပြောပါတယ်။

အခုလို လုပ်သက်တွေဆက်လိုက်ရာမှာ ပျောက်ဆုံးသွားတဲ့ လုပ်သက်တွေအကြောင်းမေးမြန်းရာမှာ ဖြေရှင်းပေးခြင်းမရှိဘဲ စက်ရုံတစ်ခုတည်းမှာ ပိုင်ရှင် ၂ ဦး စက်ရုံအမည် ၂ ခု WCC နှစ်ဖွဲ့ဖြင့်လုပ်ငန်းလုပ်ဆောင်နေမှုမှာ ထင်ရှားနေပြီး အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်နှင့် အလုပ်ရုံဖွင့်လှစ်လုပ် ကိုင်ခွင့်လျှောက်ထားသူအမည်တွင် ပြင်ဆင်ပြောင်းလဲထားမှု မရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄၊ မေ ၂၀ ရက်မှာလည်း ပေါ်ပျူလာ အလုပ်သမား ၇၀ ကျော်ကို အော်ဒါမရလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်မှ ယာယီရပ်နားခဲ့ပြီး ဒေးကြေး ၄၈၀၀ ထောက်ပံ့ကြေး ၁၀၀၀ ကျပ် သာခွင့်ပြုပေးခဲ့တယ်လို့ အလုပ်သမားကပြောပါတယ်။

"လုပ်ငန်းခွင့်ပြန်ဝင်တဲ့နေ့မှာလည်း အလုပ်သမားတွေကို လုပ်ငန်းခွင်ထဲဝင်ခွင့်မပေးဘဲ စက်ရုံက လုံခြုံရေးဝန်ထမ်းတွေနဲ့ ပိတ်ဆို့ပြီး အလုပ်သမားတွေက ဆူပူအကြမ်းဖက်တဲ့ပုံစံမျိုးလုပ်ပြီး အပြင်မှာပဲထားတယ် ပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ စစ်တပ်ခေါ်တယ်၊ အလုပ်သမားတွေက စစ်တပ်ရယ် ရွာလူကြီး တွေ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ရင်ဆိုင်ဖြေရှင်းရတာ ၄ ကြိမ်ထက်မနည်းတော့ဘူး အခုလို အလုပ်ရှင်ဘက်က ခေတ်ကာလအခြေနေပေါ် အခွင့်အရေးယူပြီး ပေါ်ပျူလာ စက်ရုံအလုပ်သမားတွေရဲ့ လုပ်သက်တွေကို ဖျောက်ချင်တာလို့ ယူဆရတယ် ဒီကိစ္စကို ရှင်းလင်းအောင် ဆောင်ရွက်ပေးစေချင်ပါတယ်။ အလုပ်သမားက တဖြည်းဖြည်းနဲ့ လုံးပါးပါးလာပြီ ၇၀ ကျော်ပဲကျန်တော့တယ်"လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။

အဆိုပါ စက်ရုံမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန်လမှာ ( လွန်ခဲ့တဲ့ ၁ နှစ်ကျော်) အလုပ်သမား ၈၈၅ ဦးက ဒေးကြေး ၅၆၀၀ တိုးပေးဖို့ ဆန္ဒဖော်ထုတ်ခဲ့ပါသေးတယ်။

အဆိုပါ စက်ရုံမှာ NORTHLAND၊ Multiblu စတဲ့အမှတ်တံဆိပ်တွေချုပ်လုပ်နေတာလို့ သိရပါတယ်။

 

 


Related posts

Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026