NEWS

အလုပ်သမားတွေရဲ့တရက်​ဝင်​ငွေဟာ ခရမ်းချဉ်သီး ငပိချက်ဟင်း တစ်ခွက်နှုန်းထားထက်နည်းပါးနေ

CoverLogo
534 Views

ပြင်ဆင်သတ်မှတ်ခြင်းမရှိတဲ့ မြန်မာနိုင်ငံကအလုပ်သမားထုရဲ့ တစ်နေ့လုပ်ခလစာနှုန်းထားဟာ ခရမ်းချဉ်သီး ငပိချက်ဟင်းတစ်ခွက်ကုန်ကျစရိတ်ထက် နည်းပါးလာတာတွေ့ရပါတယ်။ 

ကုန်ဈေးနှုန်းကအဆမတန်ပင်မြင့်တက်နေတာကြောင့်  ခရမ်းချဉ်သီးဟင်းတစ်ခွက်ရဲ့နှုန်းထားဟာ ၆၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်ကြားရှိနေပြီး မြန်မာနိုင်ငံရဲ့တစ်နေ့လုပ်ခဟာ ၄၈၀၀ ကျပ်သာရှိနေသေးလို့  အဆိုပါခရမ်းချဉ်သီးငပိချက်ဟင်းချက်စားနိုင်ဖို့ပင် အလှမ်း​ဝေးလာတယ်လို့ သိရပါတယ်။ 

ခရမ်းချဉ်သီး ငပိချက်ဟင်းတစ်ခွက်ဖြစ်လာဖို့ ခရမ်းချဉ်သီး ၂၀သား ၂၄၀၀ ကျပ်၊ ငရုတ်သီးစိမ်းတစ်ခါခပ် ၅၀၀ ကျပ်၊ နံနံပင်တစ်ခါခပ် ၅၀၀ကျပ်၊  ငပိစိမ်းစား ၁၀၀၀ ကျပ်၊ ဆီတစ်ဆယ်သား ၁၀၀၀ ကျပ်နဲ့တို့စရာသခွားသီးသို့မဟုတ် ချဉ်ဖတ်ဖြင့်စားသုံးပါက  ခရမ်းချဉ်သီးငပိချက်ဟင်းတစ်ခွက်ရဲ့  ကုန်ကျစရိတ်နှုန်းထားဟာ ၆၀၀၀ နဲ့ ၇၀၀၀ ကြားရှိနေတာပါ။ 

"တစ်နေ့လုပ်ခလစာက ၄၈၀၀ က​နေ တိုးပြီးမသတ်မှတ်လာဘူး။ ထောက်ပံ့ကြေးတစ်ထောင်တစ်ထောင်တော့ တိုးပါတယ်။ တစ်ထောင်တိုးတာနဲ့ကုန်ဈေးနှုန်းကနှစ်ဆမြင့်လာတယ်ဆိုတော့ ပိုတောင်ခက်ခဲလာတယ်။ခရမ်း ချဉ်သီးတစ်ခါချက်ကို တို့စရာဘာညာအပါဆို ၇ထောင်၈ထောင်လောက်အထိရှိနိုင်တယ်။ အသားငါးဈေးတင်တက်တာမဟုတ်ဘူး။ အသီးအရွက်ကပိုဆိုးနေတယ်လို့ အလုပ်သမားတစ်ဦးကဆိုပါတယ်။ 

မြန်မာနိုင်ငံရဲ့အနည်းဆုံးအခကြေးငွေတစ်နေ့လုပ်ခ ၄၈၀၀ ကျပ်ကို  ၂၀၁၈ ခုနှစ် ကနေစတင်ပြဌာန်းထားတာ ခုချိန်ထိပြောင်းလဲပြင်ဆင်မှုမရှိသေးဘဲ မူလအတိုင်း ၄၈၀၀ ကျပ်သာပေးကာ ထောက်ပံ့ကြေးဟုဆိုကာ ကျပ်တစ်ထောင်သာနှစ်ကြိမ်တိုးခဲ့လို့ ကျပ် ၆၈၀၀ သာဖြစ်ပါတယ်။ 

"လစာကသုံးသိန်းခွဲလောက်ရတယ်။ လုပ်တာကနှစ်နှစ်လောက်ရှိပြီ။ အိုတီရှိမှရတာပါ။  အိုတီမရှိရင်တော့ ၂၈ လောက်ပဲရတယ်။  လောက်တယ်လည်းမဟုတ်ပါဘူး။ ကုန်ဈေးနှုန်းတွေကတစ်ဖြေးဖြေးတက်နေတာ။ အမြဲတမ်းတက်နေတာ။ လစာတိုးတာကတစ်နေ့တစ်ထောင် တစ်လလုံးမှသုံးသောင်းလောက်ပဲတိုးတယ်။ အဲ့တာနဲ့အဆင်မပြေဘူး"လို့ အလုပ်သမားတစ်ဦးကဆိုပါတယ်။  

မြန်မာနိုင်ငံရဲ့အနိမ့်ဆုံးလုပ်ခလစာဟာ ၂နှစ်တစ်ကြိမ်ပြင်ဆင်သတ်မှတ်ရမှာဖြစ်ပေမဲ့ ၂၀၁၈ က​နေ ၂၀၂၄ ရောက်သည့် တိုင်အောင် ၆ နှစ်ကြာ ပြောင်းလဲလာတာမရှိဘဲနဲ့ ၂၀၂၃ အောက်တိုဘာမှ ထောက်ပံ့ကြေးအနေနဲ့ ကျပ်တစ်ထောင်ဆိုပြီးနိုင်ငံတော်က တိုးပေးထားပြီး အနည်းဆုံးအခကြေးငွေ ၄၈၀၀ ကျပ်ကိုတော့ ပြင်ဆင်ခြင်းမရှိတာကြောင့် လက်ရှိမြင့်တက်နေတဲ့ကုန်ဈေးနှုန်းတွေအရ အခက်အခဲကြုံနေကြရတာဖြစ်ပါတယ်။ 

Application - https://bit.ly/3oNDLga
Website Link - https://www.myanmarlabournews.com
Telegram Link - https://t.me/myanmarlabournews 

#MyanmarLabourNews


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026