NEWS

အလုပ်သမားတွေဆိုတာ မေဒေးနဲ့ မဆိုင်သလိုဖြစ်နေတယ်

CoverLogo
694 Views

အလုပ်သမားတွေဆိုတာမေဒေးနဲ့မဆိုင်သလိုဖြစ်နေတယ်

စက်ရုံအလုပ်သမား (အလုပ်သမားသမဂ္ဂအဖွဲ့ဝင်ဟောင်းတစ်ဦး)

အမျိုးသမီးအသံ

 

လက်ရှိမှာပြည်တွင်းကအလုပ်သမားတွေအတွက်ကတော့ပြဌာန်းထားတဲ့ဥပဒေဆိုတာစာရွက်ပေါ်မှာပဲရှိတဲ့သဘောလိုဖြစ်သွားတယ်။အာဏာမသိမ်းခင်ကသမဂ္ဂလှုပ်ရှားမှုတွေအားကောင်းလို့အခွင့်အရေးချိုးဖောက်ခံရတာတွေ၊နစ်နာမှုတွေကိုတိုင်ကြားမှုတွေလုပ်နိုင်ခဲ့ပေမယ့်အခုတော့မတရားလုပ်တာသိလည်းငြိမ်ခံနေရတယ်။အာဏာမသိမ်းခင်မေဒေး‌ဆိုအလုပ်သမားအဖွဲ့ချုပ်တွေကဦးဆောင်ပြီးတောင်းဆိုချက်တွေထုတ်ပြန်တယ်။ဝန်ကြီးတွေကလည်းဒီလိုအခမ်းအနားတွေတက်တယ်။အလုပ်သမားထုကလည်းတကယ်ကိုစက်ရုံအစုံကလာတယ်။‌ မေဒေးသမိုင်းကြောင်းပညာတွေရတယ် ။ အောင်မြင်ခဲ့တာတွေ လိုအပ်ချက်‌တွေ သိရတယ်။ပျော်ပွဲရွှင်ပွဲတွေလုပ်တယ်။‌တကယ်ကိုပျော်ခဲ့ရတာ။အခုကျစက်ရုံမှာသမဂ္ဂလည်းမရှိတော့ဘူး။

မေဒေးနေ့ဆိုတာလည်း သတင်းစာမှာဖော်ပြတာပဲတွေ့ရတယ်။ အလုပ်သမားတွေဆိုတာမေဒေးနဲ့ မဆိုင်သလိုဖြစ်နေတယ်။ ကိုဗစ်ကာလကတည်းက အလုပ်ရှင်တွေကလစာတွေ လျှော့တယ်။ သူတို့လည်းစီးပွားရေး မကောင်းတော့ အလုပ်ရှင်၊ အလုပ်သမားအပြန်အလှန်ပေါ့။ ဘာလို့ဆို လုပ်ငန်းမလည်ပတ်နိုင်တော့လို့ ရပ်လိုက်ရတာတွေတောင် ရှိနေတော့ လစာတွေ ခံစားခွင့်တွေ လျော့တာ။ လက်ခံတယ်။ ဒါပေမယ့်အာဏာသိမ်းပြီးနောက်ပိုင်းကျတော့ အလုပ်ရှင်တွေက ပုံစံပြောင်းလာတယ်။ သူတို့ပြောတာကို လက်ခံလိုက်ဖြစ်လာတယ်။ ဒီကာလမှာ ညှိနှိုင်းရေးလုပ်ငန်းစဉ်က ရပ်နားသွားတယ်။ တစ်ဖက်သတ်ဆုံးဖြတ်ချက်တွေပဲဖြစ်လာတယ်။

လုပ်ခလစာကတော့ လက်ရှိကုန်ဈေးနှုန်းနဲ့ အနခနဲ့က တကယ်ကိုအဝေးကြီးပဲ။ ပြောမယ်ဆို အလုပ်သမားဝန်ကြီးဌာနက နှာစေးနေတော့ အလုပ်ရှင်တွေ သဘောတွေ့တာပေါ။ ပြောရရင် ဒီကာလမှာ အလုပ်လုပ်နေရတဲ့သူတွေက မသေရုံတမယ်လေးကို စားပြီးရပ်တည်နေရတာ။ တက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ ဒီအတိုင်းဆက်သွားမယ်ဆို ရေရှည်မလွယ်ပါဘူး။ လက်ရှိမှာက ဦးဆောင်မယ့်သူက မရှိသ‌လောက် ဖြစ်နေတယ်။ တခုခုဆို အလုပ်ရှင်က စစ်တပ်ခေါ်ဖမ်းခိုင်းမယ် ဖြစ်နေတယ်။ ကျွန်မအမြင်ကတော့ အလုပ်သမားအခွင့်အရေးဆိုတာ အာဏာရှင်အုပ်ချုပ်သရွေ့ စာအုပ်ထဲမှာပဲရှိမှာပါ။


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
ကုန်ကြမ်းမဟုတ်သော နှလုံးသားများ  (မေဒေး အထူးဆောင်းပါး)
May 01, 2026
Cover
(၁၃၄)ကြိမ်မြောက် မေဒေးနေ့ စကားဝိုင်းဆွေးနွေးပွဲ
May 05, 2024
Cover
အနိမ့်ဆုံးလုပ်ခလစာကျပ် ၁ သောင်း အပါအဝင် အလုပ်သမားအခွင့်အလမ်းဆိုင်ရာအချက်၃ချက်​တောင်းဆို
May 03, 2024
Cover
မေဒေးစိတ်ဓာတ် မေဒေးခံယူချက်နဲ့ တိုက်ပွဲခံယူဖို့လိုအပ်ပါတယ်
May 01, 2024
Cover
"လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဒီမိုကရေစီအခွင့်အရေး အဲ့တာတွေကတော့ အဓိက ဆုံးရှုံးတာပေါ့"
May 01, 2024
Cover
မေဒေးနေ့မှာ အဓိကတောင်းဆိုချင်တာက အ​နည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်ဖို့ရယ် အလုပ်သမားအခွင့်အရေးအပြည့်အဝရရှိဖို့အတွက် တောင်းဆိုချင်ပါတယ်
May 01, 2024
Cover
သင့်တော်တဲ့လုပ်အားခကိုပဲတောင်းဆိုချင်တာပါ
May 01, 2023