NEWS

အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို

CoverLogo
457 Views

တရက်အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် အပါအဝင် အလုပ်သမားအခွင့်အရေးတောင်းဆိုချက်တွေ ကို ၁၃၆ ကြိမ်မြောက် မေဒေးနေ့မှာ  မြန်မာနိုင်ငံ အထွေထွေအလုပ်သမားများအဖွဲ့ချုပ်က အလုပ်ရှင်တွေထံ တောင်းဆိုလိုက်ပါတယ်။ 

"အချိန်ပိုကြေးမပါ တရက်အလုပ်ချိန် ၈ နာရီအတွက် လုပ်ခ ကျပ် ၂၀၀၀၀ ပေးရန်၊ လုပ်ငန်းခွင်မှာ ဘေးကင်းလုံခြုံသော အစီအမံများပေးရန်၊ အတင်းအဓမ္မခိုင်းစေခြင်းမပြုရန်၊ နိုင်ငံခြားသားတိုက်ရိုက်ခိုင်းစေခြင်းမပြုရန်၊ ကိုယ်ထိလက်ရောက်ရိုက်နှက်ခိုင်းစေခြင်းမပြုရန်၊ အမျိုးသမီးလုပ်သားတွေအတွက် လစဉ်သုံးပစ္စည်းများထောက်ပံ့ရန်၊ လုပ်ငန်းခွင်မှာ အိမ်ထောင်ဘက်အဖြစ် သွေးဆောင်ခေါ်ယူခြင်းတွေ မလုပ်ရန်၊ အတုအယောင်သမဂ္ဂတွေဖွဲ့ပြီး အလုပ်သမားတွေကို ဖိနှိပ်တာတွေမလုပ်ရန် "စတဲ့အချက်တွေကို တောင်းဆိုထားပါတယ်။ 

ဆက်လက်ပြီး နိုင်ငံတကာကုန်အမှတ်တံဆိပ်တွေအနေနဲ့ စက်ရုံအလုပ်ရုံ လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေအပေါ် ထိထိရောက်ရာက် တာဝန်ယူရန်၊ အခြေခံလုပ်ခ အနည်းဆုံးကျပ် ၂၀၀၀၀ တိုးမြှင့်ပေးဖို့အတွက် ပူးပေါင်းပါဝင််ရန်တောင်းဆိုထားပါတယ်။

ဒါ့အပြင် စက်မှုဇုန်အလုပ်သမားတွေရင်ဆိုင်နေရတဲ့ အဓမ္မစစ်မှုထမ်းစာရင်းသွင်းခြင်း ပေါ်တာဆွဲခြင်းနဲ့ နေရပ်ပြန် ရွှေ့ပြောင်းလုပ်သားတွေကို အဓမ္မစစ်မှုထမ်းခိုင်းခြင်း ရပ်တန့်ရေး၊ ပြည်တွင်း ပြည်ပ အလုပ်သမားတွေ လွတ်လပ်သော သမဂ္ဂများဖွဲ့စည်းနိုင်ရေး၊ CDM ဝန်ထမ်းများအားအကူအညီပေးရေး နဲ့ ပြည်သူ့ဝန်ထမ်းသမဂ္ဂတွေအားကောာင်းရေး တွေအတွက် ဝန်းရံပံ့ပိုးပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအင်အားစုတွေထံ တိုက်တွန်းတောင်းဆိုထားပါတယ်။ 

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026