NEWS

အနိမ့်ဆုံးလုပ်ခလစာကျပ် ၁ သောင်း အပါအဝင် အလုပ်သမားအခွင့်အလမ်းဆိုင်ရာအချက်၃ချက်​တောင်းဆို

CoverLogo
125 Views
 
သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) က အလုပ်သမားတွေအတွက် အနိမ့်ဆုံးလုပ်ခလစာကျပ် ၁ သောင်း အပါအဝင် အလုပ်သမားအခွင့် ​အ​ရေးဆိုင်ရာအချက် ၃ချက် ကို (၁၃၄)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ ဖြစ်တဲ့ ယခုလမေ ၁ရက်နေ့မှာ ကြေညာချက်ထုတ် တောင်းဆိုထားတာဖြစ်ပါတယ်။
အဲဒီတောင်းဆိုချက်ထဲမှာ အနိမ့်ဆုံးလုပ်ခလစာ (Minimum Wage) ကျပ် ၁၀၀၀၀ အထိ တိုးမြှင့်ရရှိဖို့ ၊ ကောင်းမွန်ပြီး ဂုဏ်ရှိတဲ့လုပ်ငန်းခွင်အခြေအနေ(Decent Work)မြန်မာ့အလုပ်သမားတွေရဲ့လုပ်ငန်းခွင်တွေမှာဖြစ်ပေါ်လာဖို့နဲ့ ခေတ်ကာလကုန်ဈေးနှုန်းတွေနဲ့လျော်ညီတဲ့စားသောက်နေထိုင်စရိတ်(Living Wage)ရရှိရေး ဆိုတဲ့ အချက်၃ချက်ကို ​တောင်းဆိုတယ်လို့ ကြေညာချက်ထုတ်ပြန်ထားတာပါ။
“ Living Wage ဆိုတာ ဗမာလိုဆို ရှားပါးစရိတ်လိုမျိုးပါ။ အနည်းဆုံးလုပ်ခလစာ(Minimum Wage) က အစိုးရ က သတ်မှတ်မှ လိုက်ပြောင်းတာမျိုးဆိုတော့ ဒါကို မပြောင်းဘဲ ပေကပ်နေကြလို့ Living Wage ကို ပေးဖို့တောင်း တာပါ” လို့ STUM အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
နိုင်ငံတကာမှာ အနည်းဆုံးလုပ်ခလစာ မတိုးမြှင်မီ ကုန်ဈေးနှုန်းတွေ မြင့်တက်သွားရင်လည်း အလုပ်သမားတွေ အတွက် Living Wage ကို နှုန်းတစ်ခု သတ်မှတ်ပြီး ပေးတာတွေရှိတယ်လို့လည်း ပြောပါတယ်။ Living Wage တောင်းဆိုတာက အခုချိန်မှတောင်းဆိုတာမျိုး မဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ်တွေကတည်းက ထောင်းဆို ထားတာလို့ ပြောပါတယ်။
လက်ရှိမှာနိုင်ငံအတွင်း အခြေအနေတွေကြောင့် လုပ်ငန်းခွင်အတွင်းမှာဖိနှိပ်မှုအခြေအနေတွေ များလာပြီး အလုပ်သမားထုအနေနဲ့ စားဝတ်နေရေးနဲ့အထွေထွေအကြပ်အတည်းတွေကိုပြင်းထန်စွာရင်ဆိုင်နေကြရတဲ့အတွက် ခေတ်ကာလနဲ့ လျော်ညီတဲ့လုပ်ခခံစားခွင့်များရကြဖို့ လိုအပ်နေကြောင်းလည်း ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
 

Related posts

Cover
(၁၃၄)ကြိမ်မြောက် မေဒေးနေ့ စကားဝိုင်းဆွေးနွေးပွဲ
May 05, 2024
Cover
မေဒေးစိတ်ဓာတ် မေဒေးခံယူချက်နဲ့ တိုက်ပွဲခံယူဖို့လိုအပ်ပါတယ်
May 01, 2024
Cover
"လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဒီမိုကရေစီအခွင့်အရေး အဲ့တာတွေကတော့ အဓိက ဆုံးရှုံးတာပေါ့"
May 01, 2024
Cover
မေဒေးနေ့မှာ အဓိကတောင်းဆိုချင်တာက အ​နည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်ဖို့ရယ် အလုပ်သမားအခွင့်အရေးအပြည့်အဝရရှိဖို့အတွက် တောင်းဆိုချင်ပါတယ်
May 01, 2024
Cover
အလုပ်သမားတွေဆိုတာ မေဒေးနဲ့ မဆိုင်သလိုဖြစ်နေတယ်
May 01, 2024
Cover
သင့်တော်တဲ့လုပ်အားခကိုပဲတောင်းဆိုချင်တာပါ
May 01, 2023
Cover
အသက်အရွယ်က လုပ်ငန်းခွင်ကိုထိခိုက်နိုင်လား။
May 01, 2023
Cover
ဒီနေ့အချိန်အထိမြန်မာ့အလုပ်သမားတွေကတော့တောင်းဆိုချက်တွေမျှော်မှန်းချက်တွေမရရှိသေးဘူး။
May 03, 2022