NEWS

အလုပ်သမားတွေကို နေ့စားအဖြစ်သာထားပြီးခိုင်းစေလို့နစ်နာမှုရှိနေ

CoverLogo
600 Views

တရုတ်နိုင်ငံသားပိုင် ကျင့်ဝေအထည်ချုပ်စက်ရုံမှာ အလုပ်သမား (၄၀၀) ကျော်ကို အမြဲတမ်းဝန်ထမ်းအနေနဲ့ ခန့်အပ်တာမရှိဘဲ နေ့စားဝန်ထမ်းအဖြစ်သာထားပြီး အခွင့်အရေး ချိုးဖောက်တာတွေ လုပ်ဆောင်နေလို့ နစ်နာမှုရှိ နေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။ 

 

ဒီစက်ရုံကို လှိုင်သာယာစက်မှုဇုန်၊ ဦးအောင်သူလမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ 

 

အလုပ်သမားတွေကို နေ့စားဝန်ထမ်းအဖြစ်သာ ထားရှိနေတာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်ထဲ မှာ သမဂ္ဂလည်း ဖွဲ့စည်းထားတာမရှိဘဲ ချိုးဖောက်မှုတွေကို လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ 

 

“စက်ရုံမှာ အလုပ်သမားက (၄၀၀) ကျော် ရှိပါတယ်။ အလုပ်သမားတွေကို လခစားဝန်ထမ်း မခန့်ဘဲနဲ့ နေ့စားပဲ ထား ပါတယ်။ အလုပ်ခေါ်တုန်းကလည်း လေဘာကတ်လည်း မတောင်းဘဲ အလုပ်ခန့်တာပါ။ လစာကလည်း ဒေးကြေး ကို (၄၈၀၀) ကျပ်ပဲ ပေးပါတယ်။ လစာတွေထုတ်ရင် အလုပ်ရှင်ဘက်က ပေးချင်သလို ပေးပါတယ်။ စက်သမားဆို ရင် ငါးသိန်းပေးပြီး တစ်ခြားဌာနတွေဆိုရင် လေးသိန်းကျော်ပဲ ပေးပါတယ်။ လစာကို ဘယ်လောက်ရလဲ မပြောဘဲ နဲ့ နေ့စားပုတ်ပြတ်သဘောမျိုးနဲ့ ရှင်းပေးပါတယ်” လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။ 

 

လုပ်ငန်းခွင်ထဲမှာ အသက်မပြည့်သေးတဲ့ အလုပ်သမား (၁၀၀) ကျော်ကိုလည်း ဆရာဝန်ရဲ့ ကျန်းမာရေး ကောင်းမွန် ကြောင်း ထောက်ခံတဲ့စာမပါဘဲ ခိုင်းစေနေသလို လူကြီးလုပ်သားတွေတန်းတူ လုပ်ကိုင်ခိုင်းနေတာလည်း ဖြစ်ပါ တယ်။ 

 

အလုပ်သမားတွေ အသုံးပြုရတဲ့ အိမ်သာတွေကလည်း သန့်ရှင်းမှုမရှိဘဲ ညစ်ပတ်နေတာကြောင့် ကျန်းမာ ရေး အရ ထိခိုက်တာတွေလည်း ရှိနေပါတယ်။ 

 

“စက်ရုံမှာ အော်စူပါ၊ စူပါတွေက အလုပ်သမားတွေကို အုပ်ချုပ်ရတာမဟုတ်ဘဲ တရုတ်တွေ ကိုယ်တိုင် အုပ်ချုပ်နေ ပါတယ်။ အလုပ်သမားတွေ အလုပ်ခိုင်းရင်လည်း ဌာနအလိုက် ကျွမ်းကျင်တာကို လုပ်ကိုင်ရတာမဟုတ်ဘဲနဲ့ တရုတ် က သူခိုင်းချင်တဲ့နေရာမှာ ခိုင်းပါတယ်။ မလုပ်တတ်လို့ ပြန်မေးရင်လည်း တရုတ်က အော်တာတို့၊ ဆဲတာတို့လည်း လုပ်ပါတယ်။ အထည်စံချိန် တောင်းရင်လည်း စူပါတွေက အော်ဟစ်ဆဲဆိုပြီး တောင်းပါတယ်”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။ 

 

လက်ရှိမှာ အလုပ်သမားတွေက လုပ်ငန်းခွင်တွင်းမှာ ချိုးဖောက်ခံရတာတွေ ကူညီဖြေရှင်းပေးဖို့ မြန်မာနိုင်ငံ ကုန် ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ကို ဆက်သွယ် အကူအညီ တောင်းခံထားတာပဲ ဖြစ်ပါတယ်။ 

 

အလုပ်သမားတွေအနေနဲ့ အသက်မပြည့်သေးတဲ့ အလုပ်သမားတွေကို လူကြီးတွေလုပ်သားတွေ တန်းတူမခိုင်းဖို့၊ တရုတ်တွေက တိုက်ရိုက်အုပ်ချုပ်တာ၊ အော်ဟစ်ဆဲဆိုတာ မလုပ်ဖို့၊ အောစူပါ၊ စူပါတွေက အထည် စံချိန်တောင်းခံရာမှာ မဆဲဖို့နဲ့ အလုပ်သမားတွေကို နေ့စားဝန်ထမ်းကနေ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်ပေးဖို့ လိုလားနေတာပဲ ဖြစ်ပါတယ်။


Related posts

Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026
Cover
Casico Garment ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ၇ လကျော်ကြာ မပေးဘဲ တောင်းဆိုသည့် အလုပ်သမားများအား ဒေးကြေးမပေး
May 18, 2026
Cover
ယူနန် ပြည်နယ် VS SA အထည်ချုပ်စက်ရုံ အချိန်ပိုကြေးမပေးဘဲ လုပ်ကိုင်ခိုင်း
May 18, 2026