NEWS

အလုပ်သမားတွေကို ခြိမ်းခြောက်ဖို့ စစ်တပ်ကို တစ်လနှစ်ကြိမ်ဖိတ်ခေါ်ကာ စက်ရုံတွင်း လှည့်လည်ခိုင်းတယ်လို့ ဆို

CoverLogo
3K Views

“စက်ရုံမှာလဲဘာအ‌‌ကြောင်းမှမရှိပဲနဲ့ စက်ရုံမန်နေဂျာမှ စကစများကိုတစ်လကိုနှစ်ကြိမ်စက်ရုံဝန်းထဲမှာလှည့်ခိုင်းပါတယ် အလုပ်သမားတွေမှာလည်း စကစများကို‌ကြောက်ရွံ့ပြီး စက်ရုံမှချမှတ်တဲ့တစ်ဖက်သတ်စည်းကမ်းများကိုလိုက်နာနေရတယ်”လို့ Shuangxi Myanmar  အထည်ချုပ်လုပ်သားတစ်ဦးကပြောပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် ၂ မက္ခရာမင်းသားကြီးလမ်းမှာ ဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင်စက်ရုံမှာ အလုပ်သမား ၆၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ပြီး JAKO   အမှတ်တံဆိပ်ကို ချုပ်လုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ လုပ်ငန်းခွင်အတွင်း သမဂ္ဂလည်း မရှိသလို သမဂ္ဂရှိစဉ်က လုပ်ငန်းခွင်ဆိုင်ရာအခက်အခဲတွေ ဖြစ်ပေါ်ရင် ဖြေရှင်းပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“သမဂ္ဂတွေလည်းစကစနဲပဲခြိမ်းခြောက်ခံရလို့အလုပ်သမားတွေကို မကာကွယ်ပေးနိုင်တာလာမသိပါဘူး၊ တစ်နေ့တစ်နေ့ ကြောက်နေရတယ်” လို့ ယင်းစက်ရုံမှာလုပ်ကိုင်နေတဲ့ အလုပ်သမ တစ်ဦးကပြောပါတယ်။

အလုပ်ရှင်သည်အလုပ်သမားများစစ်အာဏာမသိမ်းခင်ကရရှိထားသောဥပဒေပါအခွင်ရေးများရှောင်တ ခင်ခွင့်များကိုမ‌ပေးတော့ကြောင်းအလုပ်သမားများကို၊အောစူပါ၊စူပါများက‌‌ပြောတယ်လို့ ဆိုပါတယ်။

“ကျန်းမာရေးမကောင်းလို့လူမှုဖူလုံရေးဆေးခွင့်ယူရင်လဲယူပြန်ပြီ ဆိုပြီး အပြောခံရတယ် စစ်အာဏာမသိမ်းမှီကအလုပ်ရှင်နှင့်ညှိနှိုင်းထားသောဂိတ်ပတ်၂ နာရီရ‌နေပြီး၊ အခုချိန်မှာဂိတ်ပတ်ကိုလုံး၀ မပေးပါဘူး” လို့ အမည်မဖော်လိုတဲ့ ယင်းအလုပ်သမားက ဆက်ပြောပါတယ်။

စက်ရုံတွင်စံချိန်ကိုမတရား‌တောင်းခံပြီး၊အောစူပါ၊စူပါများမှစံချိန်‌တောင်းခံရာတွင်အော်ဟစ်‌ဆဲဆိုကာ တောင်း‌နေပြီး၊စံချိန်မရရင်လည်းအ‌ပြောဆိုခံရ၊ ကြမ်းတမ်းစွာဆဲဆိုခံရ‌နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

တောင်းဆိုထားတဲ့ အထည်စံချိန်မပြည့်ပါက ဝမ်တိမ်ထိုးရမယ်လို့ ပြောဆိုကာ စံချိန်ပြည့်မီသည်အထိ အချိန်ပို( အိုတီ) အတင်းဆင်းခိုင်းတယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်ဆိုင်ရာ အကြပ်အတည်းတွေ ဖြစ်ပေါ်နေပြီး ပြန်လည်ပြောဆိုတဲ့ အလုပ်သမားများကို စစ်တပ်နှင့် ခြိမ်းခြောက်တာတွေ ပြုလုပ်တဲ့အတွက် ဘာမှပြန်ပြောခွင့်မရှိဘဲ ငြိမ်နေရတယ်လို့  အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်အတွင်း ဥပဒေပါ  ခံစားခွင့်တွေ ဖြစ်တဲ့ ခွင့် စတာတွေ ခံစားခွင့်ပြုဖို့  စည်းကမ်းချက်တွေ တဖက်သက်ချမှတ်တာတွေ မလုပ်ဖို့ လိုလားနေတယ်လို့ ဆိုပါတယ်။

 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026